Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်မြို့အနီးတိုက်ပွဲဖြစ်

အင်အား ၈၀ ခန့်ပါသော စစ်ကောင်စီတပ်၊ပျူ​စောထီးနှင့် SNA တပ်ဖွဲ့ဝင်များပါဝင်​သော စစ်ကြောင်းသည် ယမန်နေ့( ဇန်နဝါရီလ ၂၃ရက်)နံနက်တွင် ဗန်းမောက်မြို့နယ်တောင်ပိုင်း၊ လုံးကင်ရွာသို့ ဝင်ရောက်လာခြင်းဖြစ်သည်။

(ဗန်း​မောင်မြို့နယ်မှ စစ်သင်တန်းတက်​ရောက်​နေ​သောPDF များ ၊ ဗန်း​မောက်မြို့အဝင် ဆိုင်းဘုတ်နှင့် မြို့ကို Google Earth တွင်​တွေ့ရမှု ။ဓါတ်ပုံ-BR ၊ CJ)
(ဗန်း​မောင်မြို့နယ်မှ စစ်သင်တန်းတက်​ရောက်​နေ​သောPDF များ ၊ ဗန်း​မောက်မြို့အဝင် ဆိုင်းဘုတ်နှင့် မြို့ကို Google Earth တွင်​တွေ့ရမှု ။ဓါတ်ပုံ-BR ၊ CJ)

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီတပ်၊ ရှမ်းနီတပ် (SNA)နှင့် ပျူစောထီးများပါဝင်သည့် စစ်ကြောင်းကိုဒေသကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့​ကြောင်း​ဒေသခံများက​ပြောသည်။

အင်အား ၈၀ ခန့်ပါသော စစ်ကောင်စီတပ်၊ပျူ​စောထီးနှင့် SNA တပ်ဖွဲ့ဝင်များပါဝင်​သော စစ်ကြောင်းသည် ယမန်နေ့( ဇန်နဝါရီလ ၂၃ရက်)နံနက်တွင် ဗန်းမောက်မြို့နယ်တောင်ပိုင်း၊ လုံးကင်ရွာသို့ ဝင်ရောက်လာခြင်းဖြစ်သည်။

(ဗန်း​မောင်မြို့နယ်မှ စစ်သင်တန်းတက်​ရောက်​နေ​သောPDF များ ၊ ဗန်း​မောက်မြို့အဝင် ဆိုင်းဘုတ်နှင့် မြို့ကို Google Earth တွင်​တွေ့ရမှု ။ဓါတ်ပုံ-BR ၊ CJ)
(ဗန်း​မောင်မြို့နယ်မှ စစ်သင်တန်းတက်​ရောက်​နေ​သောPDF များ ၊ ဗန်း​မောက်မြို့အဝင် ဆိုင်းဘုတ်နှင့် မြို့ကို Google Earth တွင်​တွေ့ရမှု ။ဓါတ်ပုံ-BR ၊ CJ)

“ထိတွေ့တိုက်ပွဲဖြစ်တယ်။ ကလေးတွေတော့ ထိခိုက်မှုမရှိဘူး။ စစ်​ေးစစ်ကြောင်းကတော့ ပုဆိုးတွေနဲ့ထမ်းထုတ်သွားတာတွေ့ရတယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

စစ်ကောင်စီတပ်စစ်ကြောင်းသည် ဗန်းမောက်မြို့ပေါ်မှစစ်ကြောင်းဖြစ်သည်။ မြေပြင်တွင် စစ်​ကြောင်းတိုက်ခိုက်ခံနေရစဉ် ဗန်းမောက်မြို့ရှိ စစ်​ကောင်စီတပ်ဗျူဟာကုန်းမှနေ၍ လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့ကြောင်း ​ဒေသခံအချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

(ဗန်း​မောင်မြို့နယ်မှ စစ်သင်တန်းတက်​ရောက်​နေ​သောPDF များ ၊ ဗန်း​မောက်မြို့အဝင် ဆိုင်းဘုတ်နှင့် မြို့ကို Google Earth တွင်​တွေ့ရမှု ။ဓါတ်ပုံ-BR ၊ CJ)
(ဗန်း​မောင်မြို့နယ်မှ စစ်သင်တန်းတက်​ရောက်​နေ​သောPDF များ ၊ ဗန်း​မောက်မြို့အဝင် ဆိုင်းဘုတ်နှင့် မြို့ကို Google Earth တွင်​တွေ့ရမှု ။ဓါတ်ပုံ-BR ၊ CJ)

“မိုင်းကို ထိထိမိမိဆွဲနိုင်တယ်လို့ သိရတယ်။ စစ်ကြောင်း ပြန်ခေါက်သွားတယ်။ အခြေအနေကတော့စောင့်ကြည့်နေရဆဲပဲ” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

အဆိုပါစစ်ကြောင်းသည် ဗန်းမောက်မြို့ပေါ်သို့ အင်အား၃၀ခန့်သာပြန်ဝင်လာပြီး ကျန်တပ်ဖွဲ့ဝင်များသည် လုံးကင်ရွာအနီး ကင်းပုန်းဝတ်နေခြင်းဖြစ်နိုင်ကြောင်း တော်လှန်ရေးအင်အားစုများကသုံးသပ်သည်။

စစ်ကောင်စီတပ်စစ်ကြောင်းမှ တပ်ဖွဲ့ဝင်အများစုပျောက်ဆုံးနေ၍ ဒေသခံများသည် ရွာသို့မပြန်ရဲကြ​သေးဘဲ တိမ်းရှောင်နေကြရကြောင်း ​ဒေသခံအချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။