Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးတွင် စစ်တပ် တကျော့ပြန် စစ်ကြောင်းထိုးနေ၍ လမ်းပိုင်း နှစ် ခု ယာယီပိတ်ထား

ခင်ဦးမြို့နယ် အ​နောက်ခြမ်းရှိ​ကျေးရွာများကို ဇန်နဝါရီ ၃ရက်နေ့မှ ၁၂ရက်နေ့အတွင်းကလည်း စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ပြည်သူ ၄ ဦးကို သတ်ဖြတ်သွားခဲ့သည်။

(စစ်တပ် စစ်​ကြောင်းလာ၍ ထွက်ပြေးတိမ်းရှောင်​နေကြ​သော ပြည်သူအချို့အား တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(စစ်တပ် စစ်​ကြောင်းလာ၍ ထွက်ပြေးတိမ်းရှောင်​နေကြ​သော ပြည်သူအချို့အား တွေ့ရစဥ်။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ် တကျော့ပြန် စစ်ကြောင်းထိုးနေပြီး လမ်းပိုင်းနှစ်ခု ယာယီပိတ်ထားကြောင်း Khin U Special force Organization-KSO အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ယနေ့ (ဇန်နဝါရီလ ၃၁ ရက်) နံနက်ပိုင်းက ရေဦးမြို့နယ်၊ ကြာပန်းညိုကျေးရွာမှတဆင့် ခင်ဦးနယ်ဘက် ခြေလျင်စစ်ကြောင်း ထိုးလာသော အင်အား ၁၅၀ ခန့်ပါ စစ်ကောင်စီတပ်သည် ခင်ဦးနယ် အနောက်မြောက်ခြမ်း မြင်းကျကျေးရွာသို့ ဝင်ရောက်နေကြောင်း အထက်ပါ တာဝန်ရှိသူက ပြောသည်။

ထို့ကြောင့် မုံလှ-မြင်းဒေါင်း ကွန်ကရစ် လမ်းပိုင်း နှင့် ရေဦး-ခင်ဦး လမ်းပိုင်း တို့ကို ​တော်လှန်​ရေးအဖွဲ့များက ယာယီပိတ်ထားမည်ဖြစ်ကြောင်း KSO အဖွဲ့က အသိပေးသည်။

“အဲဒီစစ်ကြောင်းမှာ ရွှေဘိုလေ့ကျင့်ရေး၈က စစ်သားအင်အား ၁၀၀လောက်နဲ့ ဘုန်းကုန်းပျူရွာက စစ်သား ၅၀ လောက်ပါတယ်။”ဟု ဒေသခံ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုစစ်ကြောင်းကြောင့် ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ ၇ ရွာထက်မနည်း ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ရှောင်များကို ကူညီနေသူများက ပြောသည်။

ခင်ဦးမြို့နယ် အ​နောက်ခြမ်းရှိ​ကျေးရွာများကို ဇန်နဝါရီ ၃ရက်နေ့မှ ၁၂ရက်နေ့အတွင်းကလည်း စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ပြည်သူ ၄ ဦးကို သတ်ဖြတ်သွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။