Connect with us

Hi, what are you looking for?

သတင်း

ဆင်ဘိုမြို့အနီး ခလရ(၁၄၁)စခန်းသိမ်းတိုက်ပွဲ ပြင်းထန်ပြီး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

တိုက်ပွဲဖြစ်ပွားရာနေရာဘက် မြစ်ကြီးနား လေတပ်မှ တိုက်လေယာဉ်ဖြင့် တိုက်ခိုက်လာကြောင်း KIA သတင်းပြန်ကြားရေးက ဖော်ပြသည်။

(ရှေ့တန်းတနေရာတွင် တွေ့ရသော KIAတပ်သားများ။ ဓာတ်ပုံ - KIA)
(ရှေ့တန်းတနေရာတွင် တွေ့ရသော KIAတပ်သားများ။ ဓာတ်ပုံ - KIA)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့အနီးရှိ စစ်ကောင်စီ၏ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်ရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်များက ဖေဖော်ဝါရီ ၂၄ရက်တွင် ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ဟု KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

KIA တပ်ရင်း(၅)နယ်မြေရှိ အဆိုပါ စစ်ကောင်စီတပ်ရင်းကို ဖေဖော်ဝါရီ ၂၄ရက် နံနက်၇နာရီမှ စတင်ပြီး KIAနှင့် KPDF ပူးပေါင်းတပ်က ပြန်လည်ထိုးစစ်ဆင်ခဲ့ရာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားရာနေရာဘက် မြစ်ကြီးနား လေတပ်မှ တိုက်လေယာဉ်ဖြင့် တိုက်ခိုက်လာကြောင်း KIA သတင်းပြန်ကြားရေးက ဖော်ပြသည်။

ယမန်နေ့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေ၍ ဆင်ဘိုမြို့နေ ပြည်သူများ လုံခြုံရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

“ခလရ(၁၄၁)ကို တိုက်ခိုက်နေတာဟုတ်တယ်။ မသိမ်းနိုင်သေးဘူး”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဖေဖော်ဝါရီ ၂၄ရက်ညပိုင်းတွင် ပြောပြသည်။

အခြားစစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ဆင်ဘိုတွင် တိုက်ပွဲဆက်ရှိနေသည်ဟု ယနေ့ ဖေဖော်ဝါရီ ၂၅ရက် နံနက်တွင် ပြောသည်။

ဆင်ဘိုမြို့ကို KIA ပူးပေါင်းတပ်က ဖေဖော်ဝါရီ ၁၀ရက်တွင် ထိုးစစ်ဆင်ခဲ့ရာ မြို့ကို ထိုစဉ်ကတည်းက သိမ်းပိုက်ထိန်းချုပ်ထားခဲ့သည်။

မြို့အနီးရှိ ခလရ(၁၄၁)တပ်ရင်းကိုလည်း ထိုစဉ်က ပထမအကြိမ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သော်လည်း နောက်ပိုင်း၌ တိုက်ပွဲခေတ္တပြန်ငြိမ်သွားပြီး ယမန်နေ့တွင် ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ကာ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။