Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီတပ်ထိုးစစ်ဆင်နေ၍ တိုက်ပွဲဆက်ဖြစ်နေဟု ကိုးကန့်တပ်ဖွဲ့ ထုတ်ပြန်

အောက်တိုဘာလ ၉ရက်တွင် MNDAAနှင့် စစ်ကောင်စီတပ်တို့ နေရာအများအပြာတွင်တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပြီး တစ်ချိန်တည်၌ အကြမ်းဖက်စစ်ကောင်စီတပ်က မုံးကိုးအခြေစိုက် MNDAA တပ်ဖွဲ့အား လက်နက်ကြီးဖြင့် အဆက် မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ မြေပြင်ထိုးစစ်ဆင်ခြင်းများ ဆက်လုပ်နေ၍ ရှမ်းပြည်နယ် မြောက်ပိုင်း၌ တိုက်ပွဲများ ဆက်ဖြစ်နေကြောင်း ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA)က ယနေ့ သတင်းထုတ်ပြန် သည်။

အောက်တိုဘာ ၇ရက်နှင့် ၉ရက်များက မူဆယ်ခရိုင် မုံးကိုးဒေသ၊ လားရှိုးနှင့် သိန္နီကြား ဒေသများ၌ တိုက်ပွဲများ ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်မှုရှိသည်ဟု ဆိုသည်။

အောက်တိုဘာလ ၉ရက်တွင် MNDAAနှင့် စစ်ကောင်စီတပ်တို့ နေရာအများအပြာတွင်တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပြီး တစ်ချိန်တည်၌ အကြမ်းဖက်စစ်ကောင်စီတပ်က မုံးကိုးအခြေစိုက် MNDAA တပ်ဖွဲ့အား လက်နက်ကြီးဖြင့် အဆက် မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

အောက်တိုဘာ ၇ရက်တွင် စစ်ကောင်စီတပ်မှ အင်အား ၄၀ ခန့်နှင့် မုန်းဟုန်မှရှင်းကိုင် ကြားဒေသတွင် မိနစ်၂၀ခန့်တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ တပ်သား၄ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။ညနေပိုင်းတွင် ပန်ဆိုင်းနှင့်မုံးကိုးကြားရှိမ့်ဟူး သံစက်ရုံတွင်လည်း ၁နာရီကြာတိုက်ပွဲဖြစ်ခဲ့သည်ဟု ဖော်ပြ သည်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၉ရက် နံနက်ပိုင်းတွင် မုံးကိုးမှပန်ဆေးဖက်သို့စစ်ကြောင်းချီတက်လာသော အကြမ်းဖက်စစ်ကောင်စီနှင့် MNDAA တပ်တို့ ၁၅မိနစ်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ထို့ပြင် လားရှိုးနှင့် သိန်းနီကြား ၁၄မိုင်တွင်လည်း တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ကားတစ်စီး ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

အောက်တိုဘာ ၉ရက် တစ်ရက်လုံး ပန်ဆေးဒေသ လက်ဝါး ကပ်တိုင်တောင်ရှိMNDAA တပ်ဖွဲ့၏ကာကင်းစခန်းအား စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် တစ်နေ့လုံး တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

MNDAAနှင့် စစ်ကောင်စီတပ်တို့သည် ဇူလိုင်လဆန်းမှစ၍ မုံးကိုးဒေသ၌ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကတော့ အစ္စရေးရော၊ ဟားမားစ်ပါ အပြန်အလှန် တင်းတင်းမာမာ တောင်းဆိုနေတာတွေနဲ့ ပတ်သက်လို့ လျှော့သင့်သလောက် လျှော့ပေါ့ပေးပြီး အပစ်အခတ် ရပ်စဲရေးကိစ္စ အထမြောက်အောင် အစဉ်တစိုက် ဖိအားပေးနေတယ်လို့လည်း သိရပါတယ်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။