Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်ထိုးစစ်ဆင်နေ၍ တိုက်ပွဲဆက်ဖြစ်နေဟု ကိုးကန့်တပ်ဖွဲ့ ထုတ်ပြန်

အောက်တိုဘာလ ၉ရက်တွင် MNDAAနှင့် စစ်ကောင်စီတပ်တို့ နေရာအများအပြာတွင်တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပြီး တစ်ချိန်တည်၌ အကြမ်းဖက်စစ်ကောင်စီတပ်က မုံးကိုးအခြေစိုက် MNDAA တပ်ဖွဲ့အား လက်နက်ကြီးဖြင့် အဆက် မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ မြေပြင်ထိုးစစ်ဆင်ခြင်းများ ဆက်လုပ်နေ၍ ရှမ်းပြည်နယ် မြောက်ပိုင်း၌ တိုက်ပွဲများ ဆက်ဖြစ်နေကြောင်း ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA)က ယနေ့ သတင်းထုတ်ပြန် သည်။

အောက်တိုဘာ ၇ရက်နှင့် ၉ရက်များက မူဆယ်ခရိုင် မုံးကိုးဒေသ၊ လားရှိုးနှင့် သိန္နီကြား ဒေသများ၌ တိုက်ပွဲများ ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်မှုရှိသည်ဟု ဆိုသည်။

အောက်တိုဘာလ ၉ရက်တွင် MNDAAနှင့် စစ်ကောင်စီတပ်တို့ နေရာအများအပြာတွင်တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပြီး တစ်ချိန်တည်၌ အကြမ်းဖက်စစ်ကောင်စီတပ်က မုံးကိုးအခြေစိုက် MNDAA တပ်ဖွဲ့အား လက်နက်ကြီးဖြင့် အဆက် မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

အောက်တိုဘာ ၇ရက်တွင် စစ်ကောင်စီတပ်မှ အင်အား ၄၀ ခန့်နှင့် မုန်းဟုန်မှရှင်းကိုင် ကြားဒေသတွင် မိနစ်၂၀ခန့်တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ တပ်သား၄ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။ညနေပိုင်းတွင် ပန်ဆိုင်းနှင့်မုံးကိုးကြားရှိမ့်ဟူး သံစက်ရုံတွင်လည်း ၁နာရီကြာတိုက်ပွဲဖြစ်ခဲ့သည်ဟု ဖော်ပြ သည်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၉ရက် နံနက်ပိုင်းတွင် မုံးကိုးမှပန်ဆေးဖက်သို့စစ်ကြောင်းချီတက်လာသော အကြမ်းဖက်စစ်ကောင်စီနှင့် MNDAA တပ်တို့ ၁၅မိနစ်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ထို့ပြင် လားရှိုးနှင့် သိန်းနီကြား ၁၄မိုင်တွင်လည်း တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ကားတစ်စီး ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

အောက်တိုဘာ ၉ရက် တစ်ရက်လုံး ပန်ဆေးဒေသ လက်ဝါး ကပ်တိုင်တောင်ရှိMNDAA တပ်ဖွဲ့၏ကာကင်းစခန်းအား စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် တစ်နေ့လုံး တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

MNDAAနှင့် စစ်ကောင်စီတပ်တို့သည် ဇူလိုင်လဆန်းမှစ၍ မုံးကိုးဒေသ၌ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

သတင်း

အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်က ခါမ်းပတ်မြို့ထဲမှာ တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ် ရပ်ကွက်တချို့ကို အာ​ဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ထားတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်