Connect with us

Hi, what are you looking for?

သတင်း

ခလရ(၁၄၂)မှ ကျပ်သိန်းပေါင်း ငါးသောင်းကျော်အား ထွက်ပြေးသူများနှင့်အတူ သယ်ယူခွင့်ပြုရေး စစ်ကောင်စီ၏တောင်းဆိုမှုကို တရုတ်ပယ်ချခဲ့

အဆိုပါတပ်ရင်းအတွင်းမှ ရွှေချောင်းအချို့လည်းရရှိခဲ့ကြောင်း ကနဦးသတင်းများထွက်ပေါ်ခဲ့သော်လည်း နောက်ဆက်တွဲစုံစမ်းမှုအရ အဆိုပါရွှေချောင်းများမှာအတုဖြစ်ကြောင်းသိရသည်။

(စစ်​ကောင်စီတပ်၏ ခလရ (၁၄၂)မှ KIA သိမ်းဆည်းရရှိခဲ့​​သော ​ကျပ်သိန်း ၄၃၀၀၀ ​ကျော်ကို ​သယ်ယူရန်ပြင်ဆင်​နေစဥ်။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်၏ ခလရ (၁၄၂)မှ KIA သိမ်းဆည်းရရှိခဲ့​​သော ​ကျပ်သိန်း ၄၃၀၀၀ ​ကျော်ကို ​သယ်ယူရန်ပြင်ဆင်​နေစဥ်။ဓါတ်ပုံ-CJ)

ဇော်ရမ်း/People’s Spring

လွယ်ဂျယ်မြို့ အခြေစိုက် ခလရ(၁၄၂)အား KIA က မသိမ်းပိုက်မီ ယင်းတပ်ရင်းထဲမှ ကျပ်သိန်းပေါင်း ငါးသောင်းကျော်အား နယ်စပ်ဖြတ်ကျော်၍ သယ်ဆောင်ခွင့်ပြုရန် စစ်ကောင်စီ၏တောင်းဆိုမှုကို တရုတ်ကပယ်ချခဲ့ကြောင်း People’s Spring က စုံစမ်းသိရှိရသည်။

လွယ်ဂျယ် မြို့တွင် ​နေုက်ဆုံးကျန်​သော အမှတ် ၁၄၂ ​ခြေလျင်တပ်ရင်း( ခလရ-၁၄၂) တွင် စု​ပေါင်းခိုလှုံနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအရာရှိများသည် ဧပြီလ ၈ ရက်ည ၈နာရီခန့်က တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့ကြသည်။ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က အဆိုပါတပ်ရင်းအား ကျည်မ​ဖောက်ရဘဲ သိမ်းယူလိုက်နိုင်ခဲ့ပြီး တပ်ရင်းအတွင်းမှ လက်နက်ခဲယမ်းများအပြင်ကျပ်သိန်းပေါင်း ငါးသောင်းကျော်ကိုလည်း သိမ်းဆည်းရရှိခဲ့သည်။

(စစ်​ကောင်စီတပ်၏ ခလရ (၁၄၂)မှ KIA သိမ်းဆည်းရရှိခဲ့​​သော ​ကျပ်သိန်း ၄၃၀၀၀ ​ကျော်ကို ​သယ်ယူရန်ပြင်ဆင်​နေစဥ်။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်၏ ခလရ (၁၄၂)မှ KIA သိမ်းဆည်းရရှိခဲ့​​သော ​ကျပ်သိန်း ၄၃၀၀၀ ​ကျော်ကို ​သယ်ယူရန်ပြင်ဆင်​နေစဥ်။ဓါတ်ပုံ-CJ)

“ငွေတွေပါသယ်ခွင့်ပြုဖို့ နေပြည်တော်အဆင့်ကနေ တရုတ်ကောင်စစ်ဝန်ကို ‌လှမ်းတောင်းဆိုခဲ့တယ်။ တရုတ်က ပယ်ချပစ်ခဲ့လို့ အရှက်ရစရာဖြစ်ခဲ့တယ်” ဟု နေပြည်တော်သတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါတပ်ရင်းအတွင်းမှ ရွှေချောင်းအချို့လည်းရရှိခဲ့ကြောင်း ကနဦးသတင်းများထွက်ပေါ်ခဲ့သော်လည်း နောက်ဆက်တွဲစုံစမ်းမှုအရ အဆိုပါရွှေချောင်းများမှာအတုဖြစ်ကြောင်းသိရသည်။

” ရွှေချောင်းတွေက အမှုတစ်ခုနဲ့ပတ်သက်ပြီးသိမ်းထားတဲ့ အတုတွေပါ။ ငွေတွေကတော့ အကုန် သိန်းငါးသောင်းကျော်။ ကုန်သွယ်ရေးကနေရတဲ့ အခွန်ငွေတွေပါ” ဟု ဗန်းမော်ခရိုင်မှ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးကပြောသည်။ လွယ်ဂျယ်မြို့သည် ဗန်းမော်ခရိုင်အတွင်းပါဝင်သည်။

ခလရ(၁၄၂)တပ်ရင်းမှ သိမ်းပိုက်ရရှိခဲ့သည့် ကျပ်သိန်းပေါင်း ငါးသောင်းကျော် (၅,၃၅၈,၂၀၀,၀၀၀) အား KIA တပ်မဟာ(၃) တပ်မဟာမှူးက အရှေ့ပိုင်းတိုင်း ဘဏ္ဍာရေးဌာနသို့ စာရင်းသွင်း ပေးအပ်ပြီးဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်က အသိပေးထားသည်။

KIAသည် လွယ်ဂျယ်မြို့ကို မတ်လကုန်ပိုင်းက စတင်ဝိုင်းရံပိတ်ဆိုကာ ဧပြီလဆန်းတွင် မြို့တွင်း ဝင်ရောက်နေရာယူပြီး မြို့၌ ‌နောက်ဆုံးကျန်ရှိနေသည့် ခလရ(၁၄၂) အတွင်း ခိုလှုံနေသည့် စစ်ကောင်စီအရာရှိများနှင့်ဌာနဆိုင်ရာဝန်ထမ်းများသည် ဧပြီ ၈ရက်ညပိုင်း၌ တရုတ်ဘက်သို့ ထွက်ပြေးသွားပြီးနောက် အဆိုပါ တပ်ရင်းကိုအပြီးသတ် သိမ်းပိုက်ခဲ့ကာ လွယ်ဂျယ်​ဒေသတွင် စစ်​ကောင်စီကင်းစင်သွားခြင်းဖြစ်သည်။

နယ်စပ်ကိုဖြတ်ကျော်ထွက်ပြေးသွားသူစုစုပေါင်း ၆၀ ကျော်ရှိပြီး အားလုံးကို မူဆယ်နယ်စပ်ဂိတ်မှာတစ်ဆင့် ဧပြီလ ၁၀ ရက်တွင် တရုတ်ရဲတပ်ဖွဲ့က စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှုံးမှုများလာတဲ့ စစ်တပ်ဟာ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်ဒေသတွေ ဗုံးကြဲ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ အာဏာသိမ်းစစ်တပ် ပူးပေါင်းတပ်နဲ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

တဦးတည်းသင်္ဘော ၄စီးထိဆုံးရှုံးရသူများရှိပြီး သင်္ဘောတစီး ကျပ်သိန်းရှစ်ထောင်မှသိန်းနှစ်သောင်းထိရှိကာ ​နွေဦး​တော်လှန်​ရေးရဲအရင်းအနှီးဟု အသိ​ပေး

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook