Connect with us

Hi, what are you looking for?

ဗီဒီယို

အာဏာသိမ်းတဲ့မနက်ပိုင်းက ဖြစ်စဉ် ကို သမ္မတဦးဝင်းမြင့် တရားရုံးမှာ ဖွင့်ချ

ဒီနေ့ နေပြည်တော်မှာ ဆူပူအောင်လှုံဆော်တယ်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)နဲ့ စွဲဆိုတဲ့အမှုကိုစစ်ဆေးခဲ့ပြီး အဲဒီအမှုမှာ သမ္မတ ဦးဝင်းမြင့်က သက်သေအဖြစ် ထွက်ဆိုခဲ့တာပါ။

စစ်တပ်အာဏာသိမ်းတဲ့ဖေဖော်ဝါရီလ ၁ ရက် မနက်ပိုင်းက သမ္မတအိမ်တော်မှာ ဖြစ်ခဲ့တာတွေကို သမ္မတ ဦးဝင်းမြင့်က ဒီနေ့ တရားရုံးမှာ ထွက်ဆိုလိုက်ပါတယ်။

အဲဒီနေ့မနက်ပိုင်းကသမ္မတအခန်းထဲ ကို စစ်တပ်အရာရှိအကြီးပိုင်း ၂ ဦး ဝင်လာပြီး ကျန်းမာရေး အကြောင်းပြချက်နဲ့ သမ္မတ ရာထူးကနေ နှုတ်ထွက်ဖို့ ပြောခဲ့တဲ့အကြောင်း သမ္မတ ဦးဝင်းမြင့်က တရားရုံးမှာထွက်ဆို တယ်လို့ရှေ့နေ ဦးခင်မောင်ဇော်ဆီကသိရပါတယ်။

ဒါပေမယ့် သမ္မတ ဦးဝင်းမြင့်က သူဟာကျန်းမာရေးကောင်းမွန်တာကြောင့် အဲဒီကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့တယ်လို့ ပြောပါတယ်။

ငြင်းပယ်တာကြောင့် ထိခိုက်နစ်နာမှုရှိလာမယ်လို့ အဲဒီစစ်ဘက်အရာကြီး ၂ ဦးက သတိပေးခဲ့တယ်လို့ လည်း တရားရုံးမှာ သမ္မတ ဦးဝင်းမြင့်ရဲ့ထွက်ဆိုချက်အရသိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလို သဘောတူညီမှု ယူမယ့်အစားအသေခံလိုက်မယ်လို့သမ္မတက အဲဒီသတိပေးတဲ့စစ်ဘက်အရာရှိကြီးတွေကို တုံ့ပြန်ခဲ့ပါတယ်။

ဒီနေ့ နေပြည်တော်မှာ ဆူပူအောင်လှုံဆော်တယ်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)နဲ့ စွဲဆိုတဲ့အမှုကိုစစ်ဆေးခဲ့ပြီး အဲဒီအမှုမှာ သမ္မတ ဦးဝင်းမြင့်က သက်သေအဖြစ် ထွက်ဆိုခဲ့တာပါ။

ဖေဖော်ဝါရီလ ၁ ရက် မနက်ပိုင်းက အာဏာသိမ်းရာမှာ သမ္မတ အပါအဝင်အစိုးရအဖွဲ့ အကြီးအကဲတွေကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် စစ်တပ်က တင်မြှောက်ထားတဲ့ ဒုတိယ သမ္မတ ဦးမြင့်ဆွေက ကာလုံအစည်းအဝေးခေါ်ပြီး တိုင်းပြည်ကိုအရေးပေါ်အခြေအနေကြေညာခဲ့တာပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်း စစ်တပ်ဆီက အာဏာပြန်သိမ်းမယ့် တပ်တွင်း ပုန်ကန်မှုကို တွန်းလှန်ဖို့ နိုက်ဂျားစစ်တပ်ကို အကူအညီ ပေးခဲ့ကြောင်း ရုရှားကက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်းမယ့် အားထုတ်မှု တစ်ခုကို တွန်းလှန်ပြီး အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်း နိုက်ဂျား အာဏာသိမ်း စစ်တပ်က ပြောပါတယ်။ စစ်တပ်ဟာ ၂၀၂၃ ခုနှစ်တုန်းက ဒီမိုကရေစီ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူထားတာပါ။