Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

အာဏာသိမ်းတဲ့မနက်ပိုင်းက ဖြစ်စဉ် ကို သမ္မတဦးဝင်းမြင့် တရားရုံးမှာ ဖွင့်ချ

ဒီနေ့ နေပြည်တော်မှာ ဆူပူအောင်လှုံဆော်တယ်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)နဲ့ စွဲဆိုတဲ့အမှုကိုစစ်ဆေးခဲ့ပြီး အဲဒီအမှုမှာ သမ္မတ ဦးဝင်းမြင့်က သက်သေအဖြစ် ထွက်ဆိုခဲ့တာပါ။

စစ်တပ်အာဏာသိမ်းတဲ့ဖေဖော်ဝါရီလ ၁ ရက် မနက်ပိုင်းက သမ္မတအိမ်တော်မှာ ဖြစ်ခဲ့တာတွေကို သမ္မတ ဦးဝင်းမြင့်က ဒီနေ့ တရားရုံးမှာ ထွက်ဆိုလိုက်ပါတယ်။

အဲဒီနေ့မနက်ပိုင်းကသမ္မတအခန်းထဲ ကို စစ်တပ်အရာရှိအကြီးပိုင်း ၂ ဦး ဝင်လာပြီး ကျန်းမာရေး အကြောင်းပြချက်နဲ့ သမ္မတ ရာထူးကနေ နှုတ်ထွက်ဖို့ ပြောခဲ့တဲ့အကြောင်း သမ္မတ ဦးဝင်းမြင့်က တရားရုံးမှာထွက်ဆို တယ်လို့ရှေ့နေ ဦးခင်မောင်ဇော်ဆီကသိရပါတယ်။

ဒါပေမယ့် သမ္မတ ဦးဝင်းမြင့်က သူဟာကျန်းမာရေးကောင်းမွန်တာကြောင့် အဲဒီကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့တယ်လို့ ပြောပါတယ်။

ငြင်းပယ်တာကြောင့် ထိခိုက်နစ်နာမှုရှိလာမယ်လို့ အဲဒီစစ်ဘက်အရာကြီး ၂ ဦးက သတိပေးခဲ့တယ်လို့ လည်း တရားရုံးမှာ သမ္မတ ဦးဝင်းမြင့်ရဲ့ထွက်ဆိုချက်အရသိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလို သဘောတူညီမှု ယူမယ့်အစားအသေခံလိုက်မယ်လို့သမ္မတက အဲဒီသတိပေးတဲ့စစ်ဘက်အရာရှိကြီးတွေကို တုံ့ပြန်ခဲ့ပါတယ်။

ဒီနေ့ နေပြည်တော်မှာ ဆူပူအောင်လှုံဆော်တယ်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)နဲ့ စွဲဆိုတဲ့အမှုကိုစစ်ဆေးခဲ့ပြီး အဲဒီအမှုမှာ သမ္မတ ဦးဝင်းမြင့်က သက်သေအဖြစ် ထွက်ဆိုခဲ့တာပါ။

ဖေဖော်ဝါရီလ ၁ ရက် မနက်ပိုင်းက အာဏာသိမ်းရာမှာ သမ္မတ အပါအဝင်အစိုးရအဖွဲ့ အကြီးအကဲတွေကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် စစ်တပ်က တင်မြှောက်ထားတဲ့ ဒုတိယ သမ္မတ ဦးမြင့်ဆွေက ကာလုံအစည်းအဝေးခေါ်ပြီး တိုင်းပြည်ကိုအရေးပေါ်အခြေအနေကြေညာခဲ့တာပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြန်မာနိုင်ငံက စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ အခြေအနေမျိုး ရပ်တည်နိုင်ရင် အကျိုးအမြတ် အရရှိဆုံးက ထိုင်းနိုင်ငံ ဖြစ်လာမယ်လို့လည်း ဆရက်သာက ပြောကြားသွားပါတယ်။

သတင်း

အမေရိကန်လွှတ်တော်နှစ်ရပ်က ၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်လျာထားချက်ဥပဒေကြမ်းကို မတ်လ ၂၃ ရက်တွင် အတည်ပြုခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်ကလည်း ယင်းနေ့တွင်ပင် ဥပဒေကို လက်မှတ်ရေးထိုးကြောင်း ကြေညာခဲ့သည်။

သတင်း

လွိုင်ကော်တက္ကသိုလ်မှ ကယ်တင်ခေါ်ထုတ်လာခဲ့သည့် Non-CDM ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များကို Non-CDM ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများ ဖြင့် စိစစ်ဆောင်ရွက်ခဲ့ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)က ကနဦး အသိပေးသည်။

နိုင်ငံတကာ

ဆာအိုပေါ်လိုမြို့ အင်အားပြပွဲမှာတော့ ဘော်လ်ဆိုနာရိုကို ထောက်ခံသူတွေဟာ ဘရာဇီး အလံရဲ့ အစိမ်းနဲ့ အဝါရောင်တွေကို ဝတ်ဆင်ပြီး အရေအတွက် အများအပြား လာရောက် စုရုံးရင်း ဘော်လ်ဆိုနာရိုရဲ့ မိန့်ခွန်းကို နားထောင်ခဲ့ကြပါတယ်။