Connect with us

Hi, what are you looking for?

သတင်း

ခလရ (၂၇၅)ကထွက်​ပြေးစစ်သား​တွေ ဘယ်လိုခံစစ်ယူထားလဲ

ခလရ (၂၇၅) ကစစ်​ကောင်စီတပ်ဟာ KNLA ၊ KNDO ၊ PDF ပူး​ပေါင်းတပ်​တွေရဲ့တိုက်ခိုက်မှု​ကြောင့် ဧပြီ ၁၀ ရက်ညကတည်းက နယ်စပ်မှာရှိတဲ့ အမှတ် (၂) တံတားနားကိုထွက်​ပြေးလာခဲ့ကြတာပါ။

ခလရ (၂၇၅)ကထွက်​ပြေးစစ်သား​တွေ ဘယ်လိုခံစစ်ယူထားလဲ
ခလရ (၂၇၅)ကထွက်​ပြေးစစ်သား​တွေ ဘယ်လိုခံစစ်ယူထားလဲ

People’s Spring

မြဝတီမြို့ ၊မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂ )အနီးက အ​ကောက်ခွန်နဲ့ လဝကရုံးအ​ဆောက်အအုံ​တွေကိုအကာအကွယ်ယူပြီး ခံစစ်ပြင်ထားတဲ့ ခလရ ၂၇၅ စစ်​ကောင်စီတပ် ကို ​တော်လှန်​ရေးပူး​ပေါင်းအဖွဲ့​တွေက ဧပြီ ၁၉ ရက်ညကစပြီး တစ်ရက်ခွဲကြာတိုက်ခိုက်ပြီး ဒီက​နေ့ နံနက်ပိုင်းကစပြီးခေတ္တရပ်သွားပါတယ် ။ ခလရ (၂၇၅) ကစစ်​ကောင်စီတပ်ဟာ KNLA ၊ KNDO ၊ PDF ပူး​ပေါင်းတပ်​တွေရဲ့တိုက်ခိုက်မှု​ကြောင့် ဧပြီ ၁၀ ရက်ညကတည်းက နယ်စပ်မှာရှိတဲ့ အမှတ် (၂) တံတားနားကိုထွက်​ပြေးလာခဲ့ကြတာပါ။

ဒါ​ကြောင့် ခလရ (၂၇၅ )ကို​တော်လှန်​ရေးတပ်​တွေက အဲဒီ​နေ့ကတည်းကသိမ်းပိုက်ပြီးလက်နက်ခဲယမ်း​တွေသိမ်းဆည်းပြီး နယ်​မြေရှင်းလင်း​ရေးလုပ်နိုင်ခဲ့ပါတယ် ။ တံတားနားထွက်​ပြေးသွားတဲ့ စစ်​ကောင်စီတပ်သား​တွေကို ​တော်လှန်​ရေးတပ်​တွေက ဧပြီ ၁၉ ရက်ညဦးပိုင်းမှာ ဒရုန်းနဲ့စတင်တိုက်ခိုက်ပြီး အဲဒီနေ့ည တစ်ညလုံး ၊ ဧပြီ ၂၀ ရက်​နေ့မှာလည်းတစ်​နေလုံး ၊တစ်ညလုံး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။ စစ်​ကောင်စီတပ်က ​သေဆုံးထိခိုက်သူများတယ်လို့ စစ်​ရေးသတင်းရင်းမြစ်​အချို့က​ပြောပါတယ်။ ဒါ​ပေမယ့်စစ်​ကောင်စီတပ်က​လေ​ကြောင်းက​​နေအပြင်းအထန်ဗုံးကြဲတိုက်ခိုက်ခဲ့သလို ၊ ခလရ ၂၇၅ ကလက်ကျန်စစ်သား​တွေ​နေရာယူထားတဲ့​အ​ဆောက်အအုံ​တွေဟာ ခံစစ်​ကောင်း​နေပြီး ​တော်လှန်​ရေးအဖွဲ့​တွေက ကွင်းပြင်​ခေါင်က​နေ ချီတက်တိုက်ခိုက်ရတဲ့အတွက် အခက်ကြုံခဲ့ရတယ်လို့ စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

စစ်ကောင်စီတပ်သား​တွေ​နေရာယူထားတဲ့ အဆောက်အဦး​တွေဟာ ထုထည်ကြီးမား ခိုင်ခန့်တာ ၊ နေရာယူခံစစ်ပြင်ရန်​ ကောင်း​နေတာ၊ ထိုအဆောက်အဦး​တွေထံသို့ ချည်းကပ်လာပါက ဘေးပတ်လည်မှာ ကွင်းပြင်ဖြစ်​နေတာ​ကြောင့် ရှင်းရှင်းမြင်နေရဆယ်လို့မြဝတီမြို့ ​မြေပြင်အ​နေအထားကို နှံစပ်​သော စစ်ရေးသုံးသပ်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အနားကပ်ရင် သတ်ကွင်းကြီးလေ။ ရှင်းလင်းနေတာ။ နောက်ပြီး အဆောက်အဦးက ကောင်းလို့ နေရာယူလို့ အရမ်းကောင်းတယ်။ တော်တန် ဒရုန်းလည်း ခံနိုင်ရည်ရှိလောက်မယ်”လို့သူကသုံးသပ်ပါတယ်။

ဒါ​ကြောင့်စစ်​ကောင်စီတပ်သား​တွေ ဘယ်လို​နေရာယူထားတယ်ဆိုတာရယ် ၊တိုက်ပွဲ​တွေဘယ်လိုဖြစ်ခဲ့တယ်ဆိုတာရယ်ကို စာဖတ်သူ​တွေ ပိုနားလည်​စေဖို့ လူထု​​နွေဦးက အင်ဖိုဂရပ်နဲ့​ဖော်ပြလိုက်ပါတယ်။

တစ်ရက်ခွဲကြာတိုက်ပွဲမှာစစ်​ကောင်စီတပ်က ၅၀ ဝန်းကျင်​သေဆုံးတယ်လို့ ထိုင်းသတင်းဌာန Thai PBS က​ဖော်ပြပါတယ်။ ၅၀ ​လောက်​သေတယ်ဆိုရင် ၂၇၅ လက်ကျန်တပ်မှာ အ​ကောင်းအတိုင်းကျန်တဲ့ စစ်သား အများကြီးမကျန်နိုင်​တော့ဘူးလို့စစ်​ရေးရင်းမြစ်က​ပြောပါတယ်။ဒါ​ပေမယ့်စစ်​ကောင်စီတပ်က​သေဆုံးထိခိုက်သူများတယ်လို့သိရ​ပေမယ့် ဘယ်နှစ်ဦး​သေဆယ်ဆိုတာက​တော့ People’s Spring ကသီးခြားအဆည်မပြုနိုင်​သေးပါဘူး။ ​တော်လှန်​ရေးပူး​ပေါင်းတပ်မှာလည်းထိခိုက်ကျဆုံးမှုအချို့ရှိခဲ့​ကြောင်းသိရပါတယ်။

ဧပြီ (၂၁)ရက်​နေ့ မနက် ၉နာရီ​လောက်ကစပြီး တိုက်ပွဲ​တွေ​ခေတ္တရပ်နားသွားပြီး ဘာ​ကြောင့်ရပ်နားသွားတယ်ဆိုတာ​တော့မသိရ​သေးပါဘူး။ ဒါ​ကြောင့် မြို့​ပေါ်မှာ BGF အသွင်​ပြောင်း KNA တပ်​တွေပုံမှန်အတိုင်းလုံခြုံ​ရေးယူထားသလို၊ အမှတ် ၂ တံတားနားက အ​ကောက်ခွန်နဲ့ လဝကရုံးအ​ဆောက်အအုံ​တွေမှာ​တော့ ၂၇၅ ကထွက်​ပြေးစစ်သား​တွေထဲကတိုက်ပွဲမှာမ​သေတဲ့လက်ကျန်စစ်သား​တွေရှိ​နေပါတယ် ။ ဒါ​ပေမယ့် စစ်​ကောင်စီတပ်ဆီ စစ်ကူပို့တဲ့စစ်​ကြောင်းကလည်း​ဒေါန​တောင်​ခြေက​နေ ဆက်မတိုးနိုင်တာ​ကြောင့်၊ဘယ်ကမှ စစ်ကူထပ်မ​ရောက်ဘူးလို့စစ်​ရေးရင်းမြစ်အချို့က​ပြောပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

MNDAA-မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မ​တော်က စစ်ကောင်စီစစ်သားစစ်သုံ့ပန်း ၅၀၀ကို ဒီကနေ့ ပြန်လွှတ်ပေးလိုက်တယ်လို့ ကိုးကန့်တပ်MNDAAက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီထောင်ကထွက်ပြေးသွားသူတချို့ကို ပစ်ခတ်ဖမ်းဆီးရမိထားတယ်လို့ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC တွဲဖက် အတွင်းရေးမှူး ဦးဗညားက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တစ်လနီးပါးကြာအထိ စစ်ကောင်စီတပ်စစ်ကူများက ကယ်ထုတ်ရန်လုပ်ဆောင်ရာ မကယ်ထုတ်နိုင်ဘဲ လှန်ကျနေသည်ဟု စစ်ဆင်ရေးမှူးက ပြောသည်။

သတင်း

အမှတ် (၁) စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် မရမ်းကုန်း၊လှိုင်၊ကမာရွတ် နှင့် လှိုင်သာယာ မြို့နယ်တို့မှ စစ်မှုထမ်းဥပဒေဖြင့် အဓမ္မ စုဆောင်းခံရသည့် လူငယ် များ ဖြစ်သည်။

Facebook