Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုင်ငံတော် ခရီးစဉ်အဖြစ် ပြင်သစ်ကို ရှီကျင့်ဖျင် ရောက်ရှိ

ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေ မြင့်တက်နေတဲ့ အခြေအနေမှာ တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ ဥရောပ ခရီးစဉ်ကို အစပြုခဲ့ပြီး ပြင်သစ်နိုင်ငံ ပါရီမြို့ကို ရောက်ရှိလာခဲ့ပါတယ်။

နိုင်ငံတော် ခရီးစဉ်အဖြစ် ပြင်သစ်ကို ရှီကျင့်ဖျင် ရောက်ရှိ
နိုင်ငံတော် ခရီးစဉ်အဖြစ် ပြင်သစ်ကို ရှီကျင့်ဖျင် ရောက်ရှိ

ရှီရဲ့ နိုင်ငံတော် ခရီးစဉ်ကို ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က ဖိတ်ကြားခဲ့တာဖြစ်ပြီး တရုတ်နဲ့ ဥရောပ နိုင်ငံတွေကြားက ကုန်သွယ်ရေး မူဝါဒ တင်းမာမှုတွေ၊ ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်လို့ ရုရှားအပေါ် တရုတ်ရဲ့ အားပေး ရပ်တည်မှုတွေကို ခေါင်းဆောင်နှစ်ဦး ဆွေးနွေးကြဖွယ် ရှိနေပါတယ်။

ရှီဟာ ကိုဗစ် ကပ်ရောဂါ မတိုင်ခင် ၂၀၁၉ ခုနှစ်တုန်းက ဥရောပကို နောက်ဆုံး အလည်အပတ် ရောက်ရှိခဲ့ဖူးပါတယ်။ အခုခရီးစဉ်မှာတော့ ရှီဟာ အခုခရီးစဉ်မှာ တစ်ခုတည်းသော ဥရောပ အင်အားကြီး နိုင်ငံအဖြစ် ပြင်သစ်ကို ရွေးချယ်ခဲ့တာကလည်း နှစ်ဖက် ဆက်ဆံရေးမှာ နွေးထွေးမှုတွေ ရှိလာတာကြောင့် ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်တုန်းက မာခရွန်ဟာ တရုတ်ကို နိုင်ငံတော် ခရီးစဉ်အဖြစ် သွားရောက်ခဲ့သလို တရုတ်-ဥရောပ ဆက်ဆံရေးမှာ ပြင်သစ်က ကြားလူအနေနဲ့ စေ့စပ်ပေးဖို့ လိုလားမှုတွေကို ပြသခဲ့ပါတယ်။

ရှီရဲ့ ဥရောပ ခရီးစဉ်အတွက် နောက်ထပ် ရွေးချယ်ထားတဲ့ နှစ်နိုင်ငံကတော့ ဆာဘီးယားနဲ့ ဟန်ဂေရီတို့ ဖြစ်ပါတယ်။ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ပြင်သစ်ကို ရောက်ရှိနေချိန် အတောအတွင်း တရုတ်ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေကို ဖိအားပေး ကန့်ကွက်ဖို့ မာခရွန်ကို တောင်းဆိုနေကြပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံ အနောက်ပိုင်းက ဟွေးဂ်မွတ်ဆလင်တွေအပေါ် တရုတ်က လွန်ကဲပြီး စနစ်တကျ ဖိနှိပ်မှုတွေ ရှိနေတယ်လို့ စွပ်စွဲမှုတွေ ထွက်ပေါ်နေပါတယ်။ ရှီရဲ့ ခရီးစဉ်မှာ ပါဝင်မယ့် ဆာဘီးယားနဲ့ ဟန်ဂေရီတို့ကတော့ ဥရောပတိုက်ထဲက ရုရှားအဆန်ဆုံး နိုင်ငံတွေလို့ သတ်မှတ် ခံထားရတာကြောင့် ဒီကိစ္စမျိုးမှာ ရှီကို ဘယ်လိုမှ ဖိအားပေးမှာ မဟုတ်ဘူးလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။

ရှီရဲ့ ဥရောပ ခရီးစဉ်မှာ သမ္မတကတော် ပန်လိယွမ်လည်း အတူလိုက်ပါလာပြီး ပါရီမြို့တော်၊ အော်လီလေဆိပ်ကို လေယာဉ် ဆိုက်ကပ်လာတဲ့အချိန် ပြင်သစ် ဝန်ကြီးချုပ် ဂေဘရီရယ်လ် အက်တဲလ် ကိုယ်တိုင် ကြိုဆိုခဲ့ပါတယ်။ ရှီဟာ ပါရီမှာ ရှိနေစဉ် အတောအတွင်း ဥရောပ ကော်မရှင် ခေါင်းဆောင် အာဆူလာ ဗွန်ဒါလီယန်နဲ့လည်း တွေ့ဆုံမှာဖြစ်ပြီး အီလိုင်ဆေး နန်းတော်မှာ သမ္မတ မာခရွန် တည်ခင်းမှာ နိုင်ငံတော် ဂုဏ်ပြု စားသောက်ပွဲကိုလည်း တက်ရောက်မှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ တွေ့ဆုံချိန်မှာ တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ ဂျပန်ဝန်ကြီးချုပ်နဲ့ ပတ်သက်လို့ တင်းမာတဲ့ သဘောထားမျိုးနဲ့ ဝေဖန်ပြစ်တင်တာတွေ ရှိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

နှစ်ကုန်ပိုင်းလောက်မှာ အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက် လည်ပတ်နိုင်ခြေရှိကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂကို ဗဟိုပြုထားတဲ့ လက်ရှိ နိုင်ငံတကာ ချိတ်ဆက်ဆောင်ရွက်မှု အခင်းအကျင်းကိုပဲ ဆက်လက် လေးစား အသိအမှတ် ပြုသွားမယ်လို့ တရုတ် သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

မျက်လုံးပြဿနာ တစ်ခုကြောင့် ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်ဟာ နေကာမျက်မှန်တပ်ပြီး နိုင်ငံတကာ ထိပ်သီး အစည်းအဝေး တစ်ခုမှာ ပါဝင်ခဲ့ရပါတယ်။