Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စမ်းသပ်ဆဲ ဒုံးကျည်ပစ်လွှတ်မှု စနစ်သစ်ကို အခုနှစ်မှာ စတင်အသုံးပြုဖို့ ရည်ရွယ်ထားကြောင်း မြောက်ကိုရီးယားပြော

မြောက်ကိုရီးယားကတော့ လက်နက် စမ်းသပ်မှုကို ကင်မ်က စောင့်ကြည့်နေပုံ အပါအဝင် မှတ်တမ်းဓာတ်ပုံ တချို့ကို ထုတ်ပြန်ခဲ့တယ်လို့လည်း သိရပါတယ်။

စမ်းသပ်ဆဲ ဒုံးကျည်ပစ်လွှတ်မှု စနစ်သစ်ကို အခုနှစ်မှာ စတင်အသုံးပြုဖို့ ရည်ရွယ်ထားကြောင်း မြောက်ကိုရီးယားပြော
စမ်းသပ်ဆဲ ဒုံးကျည်ပစ်လွှတ်မှု စနစ်သစ်ကို အခုနှစ်မှာ စတင်အသုံးပြုဖို့ ရည်ရွယ်ထားကြောင်း မြောက်ကိုရီးယားပြော

အသစ်တီထွင် တည်ဆောက်နေတဲ့ ဒုံးကျည် ပစ်လွှတ် စနစ်ကို ဒီနှစ်ထဲမှာ စစ်တပ်ထဲ လက်တွေ့စတင် အသုံးပြုစေမယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။

၂၄၀ မမ အတွဲလိုက် ဒုံးကျည်ပစ်လွှတ်မှု စနစ်တစ်ခုကို မြောက်ကိုရီးယားက တီထွင်နေပြီး နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအန်း ကိုယ်တိုင် အဲဒီလက်နက်စနစ် စမ်းသပ်မှုတွေကို သွားရောက် စစ်ဆေး ကြည့်ရှုတာတွေ ရှိခဲ့ပါတယ်။ အခု စနစ်ဟာ မြောက်ကိုရီးယားရဲ့ လက်နက်တိုက်ထဲမှာ အတွဲလိုက် ဒုံးကျည်တွေ ပစ်ခတ်နိုင်တဲ့ အကြီးဆုံး လက်နက် ဖြစ်လာမယ်လို့လည်း ဆိုပါတယ်။

မေလ ၁၁ ရက်နေ့မှာတော့ မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းစာက အခုနှစ်ထဲမှာ ဒုံးကျည်ပစ်လွှတ် စနစ်သစ်ကို လက်တွေ့ စတင် အသုံးပြုနိုင်မှာဖြစ်ကြောင်း ထုတ်ပြန်ပြီး စစ်တပ်ရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကို သိသိသာသာ မြှင့်တင်သွားစေနိုင်မယ်လို့ ကြေညာခဲ့ပါတယ်။

ကင်မ်ဟာ နည်းပညာပိုင်း ဖြည့်တင်း အဆင့်မြှင့်ထားတဲ့ ဒုံးကျည်စနစ် လက်တွေ့ စမ်းသပ်မှုကို မေလ ၁၀ ရက်နေ့တုန်းကတစ်ကြိမ် ကိုယ်တိုင် စစ်ဆေး ကြည့်ရှုခဲ့သေးတယ်လို့ မြောက်ကိုရီးယား အာဏာပိုင် တချို့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီလတုန်းက KCNAရဲ့ ဖော်ပြချက်အရ အခု ဒုံးကျည်စနစ်သစ်ဟာ နျူကလီးယား ထိပ်ဖူးတပ်ဆင်နိုင်တဲ့ ဒုံးကျည်တွေ အပါအဝင် ပိုမိုစုံလင် အဆင့်မြင့်တဲ့ ဒုံးကျည် အမျိုးအစား အများအပြားကို တာဝန်ယူ ပစ်လွှတ်ပေးနိုင်မယ်လို့ သိရပါတယ်။

အဲဒီဒုံးကျည်စနစ်ကို ၂၀၂၄ ကနေ ၂၀၂၆ ခုနှစ်အတွင်း ရှိရင်းစွဲ ဒုံးကျည် ပစ်လွှတ်မှု စနစ်ဟောင်းတွေရဲ့ နေရာမှာ ကျယ်ကျယ်ပြန့်ပြန့် အစားထိုးဖို့ မြောက်ကိုရီးယားက ရည်ရွယ်ထားတယ်လို့ KCNAက ဆိုပါတယ်။

တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ မေလ ၁၀ ရက်နေ့မှာ မြောက်ကိုရီးယား ဒုံးကျည်စနစ်သစ် လက်တွေ့စမ်းသပ် ပစ်ခတ်ခဲ့တယ်ဆိုတဲ့ သတင်းကို အတည်မပြုနိုင်ကြောင်း ပြောပါတယ်။

မြောက်ကိုရီးယားကတော့ လက်နက် စမ်းသပ်မှုကို ကင်မ်က စောင့်ကြည့်နေပုံ အပါအဝင် မှတ်တမ်းဓာတ်ပုံ တချို့ကို ထုတ်ပြန်ခဲ့တယ်လို့လည်း သိရပါတယ်။

ကိုးကား: AP⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသမှာရှိတဲ့ အမေရိကန် တပ်တွေကို အီရန်က အငိုက်ဖမ်း တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

နောက်ထပ် မြောက်ကိုရီးယားစစ်သည် သောင်းနဲ့ချီ ထပ်မံခေါ်ယူနိုင်ဖို့ ရုရှားက ဆွေးနွေးနေကြောင်း သိရှိရပါတယ်။