Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သံရုံးတွေကို ပစ်မှတ်ထားပြီး မြောက်ကိုရီးယား အကြမ်းဖက် တိုက်ခိုက်လာနိုင်တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေး သတိပေး

တောင်ကိုရီးယားဟာ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်တို့က သံရုံးတွေနဲ့ ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ခ်နဲ့ တရုတ်နိုင်ငံ ရှန်ယန်းမြို့က ကောင်စစ်ဝန်ရုံးတွေမှာ အကြမ်းဖက်မှု ကာကွယ်ရေး အစီအမံတွေကို မြှင့်တင်ထားလိုက်ပါတယ်။

သံရုံးတွေကို ပစ်မှတ်ထားပြီး မြောက်ကိုရီးယား အကြမ်းဖက် တိုက်ခိုက်လာနိုင်တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေး သတိပေး
သံရုံးတွေကို ပစ်မှတ်ထားပြီး မြောက်ကိုရီးယား အကြမ်းဖက် တိုက်ခိုက်လာနိုင်တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေး သတိပေး

မြောက်ကိုရီးယားဟာ နိုင်ငံတကာက တောင်ကိုရီးယား သံရုံးတွေနဲ့ ပြည်ပရောက် တောင်ကိုရီးယား နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဆောင်လာနိုင်တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးက သတိပေး ပြောကြားလိုက်ပါတယ်။

မေလ ၃ ရက်နေ့ ကြေညာချက်နဲ့အတူ နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း နိုင်ငံ ၅ ခုမှာရှိတဲ့ သံတမန်ရေးရာ မစ်ရှင်တွေရဲ့ လုံခြုံရေး ကြေညာချက် အဆင့်တွေကို တိုးမြှင့် ထုတ်ပြန်လိုက်ပါတယ်။ တောင်ကိုရီးယား အမျိုးသား ထောက်လှမ်းရေးဌာန (NIS)က နိုင်ငံရဲ့ သံရုံးတွေ၊ သံအရာရှိတွေကို ပြည်ပနိုင်ငံ တချို့မှာ ပစ်မှတ်ထား အကြမ်းဖက် တိုက်ခိုက်ဖို့ မြောက်ကိုရီးယားက ပြင်ဆင်နေတယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ထားကြောင်း၊ အထူးသဖြင့် တရုတ်၊ အရှေ့တောင်အာရှနဲ့ အရှေ့အလယ်ပိုင်း ဒေသတွေမှာ ပိုသတိထားဖို့လိုကြောင်း ကြေညာခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ အဲဒီ ဒေသတွေဆီကို အေးဂျင့်တွေ စေလွှတ်ထားပြီး တောင်ကိုရီးယား သံရုံးတွေကို ပစ်မှတ်ထား ထောက်လှမ်းဖို့၊ လိုအပ်လာရင် တောင်ကိုရီးယား သံအရာရှိတွေနဲ့ နိုင်ငံသားတွေကို အကြမ်းဖက် တိုက်ခိုက်ဖို့ စီစဉ်ထားတယ်လို့ ယုံကြည်ကြောင်း NISက ဆိုပါတယ်။

မြောက်ကိုရီးယားဖက်က ပြည်ပြေးတွေ တောင်ကိုရီးယားဖက်ကို ခိုလှုံဝင်ရောက်နေမှုနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားက ဝါဒဖြန့်ခဲ့တာတွေအပေါ် မကျေနပ်တဲ့အတွက် သံရုံးတွေကို ပစ်မှတ်ထား လက်တုံ့ပြန်တာမျိုးကို ရွေးချယ်လာနိုင်တာ ဖြစ်တယ်လို့ NISက မှတ်ချက်ပေးပါတယ်။ အခုအခါမှာတော့ မြောက်ကိုရီးယားဟာ နှစ်နိုင်ငံ နယ်ခြားမှာ လုံခြုံရေး ပိုမိုတင်းကျပ်လိုက်ပြီး ပြည်ပြေးတွေ တိမ်းရှောင်မှုကို ဟန့်တားဖို့ ကြိုးစားနေပါတယ်။

Public Service Announcement

Public Service Announcement

လတ်တလောမှာတော့ တောင်ကိုရီးယားဟာ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်တို့က သံရုံးတွေနဲ့ ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ခ်နဲ့ တရုတ်နိုင်ငံ ရှန်ယန်းမြို့က ကောင်စစ်ဝန်ရုံးတွေမှာ အကြမ်းဖက်မှု ကာကွယ်ရေး အစီအမံတွေကို မြှင့်တင်ထားလိုက်ပါတယ်။ အဲဒီနေရာ ငါးခုစလုံးမှာ ကိုရီးယားနှစ်နိုင်ငံလုံးရဲ့ သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေ အသီးသီး ဖွင့်လှစ်ထားကြောင်း သိရပါတယ်။

မြောက်ကိုရီးယားဟာ နိုင်ငံပေါင်း ၁၅၀ ကျော်နဲ့ သံတမန် ဆက်ဆံရေးတွေ ရှိပေမယ့် ဘဏ္ဍာရေး အကျပ်အတည်း ပြဿနာတွေကြောင့် ၁၉၉၀ နှောင်းပိုင်းနှစ်တွေမှာ မြောက်ကိုရီးယားရဲ့ သံတမန်ရေး မစ်ရှင်တွေ ဖြန့်ကျက်မှုက ဆက်တိုက် အကျဉ်းချုံ့လာနေရတယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးက မှတ်ချက်ပေးထားပါတယ်။

ကိုးကား: CNA⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဘူဖျောင်းမှာ တော်လှန်ရေးရုပ်ရှင် RAY ကို ပြသပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၃) မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...

နိုင်ငံတကာ

ပင်လယ်ပြင်ဖက်ကို မြောက်ကိုရီးယားက ဒုံးကျည်တချို့ ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက်က ပြောပါတယ်။