Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်ကောင်စီနှင့်ပတ်သက်ခြင်းမလုပ်ရန် ပေါင်းတည်PDF နောက်ဆုံးအကြိမ်သတိပေး

တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်ပတ်သက်နေသော လူပုဂ္ဂိုလ်များအားလုံး ပြည်သူလူထုနှင့်အတူရပ်တည်ပြီး ပူးပေါင်းဆောင်ရွက်ရန် ပေါင်းတည် PDFက သတိပေးထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှူးများနှင့် သတင်းပေးဒလန်များ ပြည်သူလူထုနှင့်အတူပူးပေါင်းရန် နောက်ဆုံးအကြိမ်သတိပေးလိုက်ပြီး လိုက်နာခြင်းမရှိပါက ပြင်းထန်စွာဆောင်ရွက်သွားမည်ဟု ပေါင်းတည် PDF က ယမန်နေ့တွင် ကြေညာသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီယန္တရားလည်ပတ်နိုင်ရန်အထောက်အကူပေးနေသော လူပုဂ္ဂိုလ်များ၊ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ စစ်ကောင်စီမှဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်များ တင်ဒါရယူဆောင်ရွက်မည့် ကုမ္ပဏီများ၊ ထိုကုမ္ပဏီများနှင့် တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်ပတ်သက်နေသော လူပုဂ္ဂိုလ်များအားလုံး ပြည်သူလူထုနှင့်အတူရပ်တည်ပြီး ပူးပေါင်းဆောင်ရွက်ရန် ပေါင်းတည် PDFက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook