Connect with us

Hi, what are you looking for?

သတင်း

ရေဦးမြို့တွင် စစ်ကောင်စီတပ်စွဲရာနေရာအား ဗုံးကြဲတိုက်ခိုက်၊ စစ်မှုထမ်းရန်ဖမ်းဆီးထားသော လူငယ်ရှစ်ဦး လွတ်မြောက်

စစ်ကောင်စီတပ်​၏ ထိခိုက်ကျဆုံးမှုကို စုံစမ်းနေဆဲဖြစ်ပြီး ထွက်ပြေးလွတ်မြောက်လာသူများအား ရွှေဘိုခရိုင်အမှတ် (၁၄)တပ်ရင်း၊ရေဦး PDF မှ ကူညီဆောင်ရွက်ပေးထားကြောင်း သိရသည်။

(ရေဦးမြို့ အထကကျောင်းရှိ စစ်အုပ်စုအား ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ရန် ပြင်ဆင်နေစဥ်။ ဓာတ်ပုံ - ရေဦး PDF)
(ရေဦးမြို့ အထကကျောင်းရှိ စစ်အုပ်စုအား ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ရန် ပြင်ဆင်နေစဥ်။ ဓာတ်ပုံ - ရေဦး PDF)

အောင်ဇေယျ/People’s Spring

စစ်ကိုင်းတိုင်း၊ ရေဦးမြို့တွင် စစ်ကောင်စီတပ်စွဲထားသော အထက(၁)ကျောင်းအား ဗုံးကြဲတိုက်ခိုက်ရာ စစ်မှုထမ်းရန် ဖမ်းဆီးခံထားရသော လူငယ် ရှစ်ဦးထွက်ပြေးလွတ်မြောက်လာကြောင်း ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်းမှူး ကိုသစ်ပင်က ပြောသည်။

စစ်မှုထမ်းရန် လူငယ်များအား အဓမ္မဖမ်းဆီးထားရှိသော ရေဦးမြို့ အထက(၁)ကျောင်းရှိ စစ်ကောင်စီတပ်အား မေလ ၁၄ ရက် နံနက် ၇ နာရီခန့်က ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်း၊ရေဦး PDF မှ Fixed-Wing ဒရုန်း နှစ်စီးဖြင့် ဗုံးသီးသီးလုံးချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဗုံးသီးများကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်သားများ ဖရိုဖရဲဖြစ်နေချိန် ဖမ်းဆီးခံရသူများအနက် လူငယ်ရှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့လာကြောင်း ရွှေဘိုခရိုင်အမှတ် (၁၄)တပ်ရင်းမှူးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်​၏ ထိခိုက်ကျဆုံးမှုကို စုံစမ်းနေဆဲဖြစ်ပြီး ထွက်ပြေးလွတ်မြောက်လာသူများအား ရွှေဘိုခရိုင်အမှတ် (၁၄)တပ်ရင်း၊ရေဦး PDF မှ ကူညီဆောင်ရွက်ပေးထားကြောင်း သိရသည်။

မေလ ၉ ရက်နှင့် ၁၀ ရက်ကလည်း အထက(၁) ကျောင်းအတွင်း၌ ဖမ်းဆီးခံထားရသူများအနက် ၁၁ ဦးထွက်ပြေး လွတ်မြောက်လာခဲ့သည်။

အဆိုပါ ကျောင်းဝင်းအတွင်း ဖမ်းဆီးခံထားရသူ ၉၀ကျော်အထိရှိကြောင်း ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ ထောက်ပံ့ရေးအဖွဲ့က ဆိုသည်။

သို့သော် ထွက်ပြေးလာသူများ၏ ပြောစကားအရမူ ၁၃ဦးသာ ကျန်ရှိကြောင်း ရွှေဘိုခရိုင်အမှတ် (၁၄)တပ်ရင်းထံမှ သိရသည်။

စစ်ကောင်စီသည် မတ်လအတွင်းက စစ်မှုထမ်း ပထမအသုတ်အား လူငယ်များအား ဖမ်းဆီးဆင့်ခေါ် စစ်သင်တန်းပေးခဲ့ပြီး ယခုအခါ ဒုတိယအသုတ်အတွက် ခေါ်ယူနေသည်။

စစ်မှုထမ်းဥပဒေရှောင်ရှားလို၍ လူငယ်အမျိုးသားများမှာ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင် သူများပြားလာခဲ့ရာ အာဏာသိမ်းစစ်ကောင်စီက မေလ ၁ရက်မှစပြီး အမျိုးသားများ ပြင်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ခွင့်ကိုပါ ယာယီရပ်ဆိုင်းထားသည်။

လက်ရှိတွင် ရေဦးမြို့အပြင် စစ်ကိုင်းမြို့နှင့် မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ပဲခူးမြို့တို့တွင်လည်း ပြည်သူအများအပြားအား စစ် ကောင်စီတပ်က ဖမ်းဆီးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်မှုထမ်းအတွက်ဖမ်းဆီးထားသူ​တွေကိုမန္တလေးမြို့၊နန်းတွင်းထဲကနေ ပုသိမ်ကြီးမြို့နယ်၊တပ်မ(၃၃)လက်အောက်ခံစစ်မှုထမ်းသင်တန်း ကျောင်းကိုယ​နေ့ ပို့စဥ်လူငယ်တဦး ကကားပေါ်မှ ခုန်ချထွက်​ပြေးသွားပြီးစစ်တပ်ကလိုက်လံရှာဖွေနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

၂နှစ်တာအတွင်း သေဆုံး စစ်ကောင်စီတပ်သား ၂သောင်းကျော်အနက် သေဆုံသူအများစုဟာ ပစများဖြစ်ဟုဆို

Facebook