Connect with us

Hi, what are you looking for?

သတင်း

ဂန့်ဂေါတွင် စစ်အုပ်စု နှင့် ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်နေ

ပြီးခဲ့သည့် ဖေဖော်ဝါရီက အဆိုပါကျေးရွာ၌ ယောဒေသကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်နှစ်ဦးကို စစ်ကောင်စီတပ်နှင့် ပျူစောထီးများက မီးရှို့သတ်ဖြတ်ခဲ့သည်။

(မ​ကွေးတိုင်းရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-NUG-MOD)
(မ​ကွေးတိုင်းရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-NUG-MOD)

ဇော်ရမ်း/People’s Spring

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ပျူစောထီးရွာဖြစ်သော မြောက်ခင်ရမ်းကျေးရွာမှ စစ်ကောင်စီနှင့်ပျူစောထီး အင်အား ၂၀၀ကျော်သည် အနီးပတ်ဝန်းကျင်ရွာများ စစ်ကြောင်းထိုးနေ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေသည်။

“ဒီ‌နေ့(မေလ ၁၆ရက်)မနက် ထွက်လာတာ။အင်အား ၂၀၀ ကျော်တယ်။ ရွှေဘိုရွာကိုဝင်နေတယ်။ ပြည်သူတွေကို အကာအကွယ်ပေးဖို့အတွက် ကာကွယ်ရေးတပ်ဖွဲ့တွေတိုက်နေကြတယ်”ဟု ဂန့်ဂေါမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

တိုက်ပွဲသည် ‌ရွှေဘိုရွာအနီး သံတောရွာလမ်း၌ နံနက်၆နာရီမှစတင် ဖြစ်ပွားနေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

” မနက်က တိုက်ပွဲမှာ ထိတဲ့သူတွေကို ကားတစ်စီးခေါ်ပြီး ပြန်တင်သွားတာတွေ့တယ်။ တိုက်ပွဲကဆက်ဖြစ်နေတယ်”ဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

မြောက်ခင်ရမ်းကျေးရွာသည် စစ်တပ်မှအငြိမ်းစားယူခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဘူးလက်လှ‌ဆွေ၏ ဇာတိဖြစ်သည်။

ယခုအခါ စစ်ကောင်စီ အမာခံပျုစောထီးရွာအဖြစ် လူသိများသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီက အဆိုပါကျေးရွာ၌ ယောဒေသကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်နှစ်ဦးကို စစ်ကောင်စီတပ်နှင့် ပျူစောထီးများက မီးရှို့သတ်ဖြတ်ခဲ့သည်။

ထို့အပြင် မြောက်ခင်ရမ်းရွာ၊ဟံသာဝတီရွာအပါအဝင် ပတ်ဝန်းကျင်ပျူစောထီးကျေးရွာများမှလူငယ်အများအပြားလည်း ပြည်သူ့စစ်သင်တန်းသို့ ပို့ဆောင်ပြီး လက်နက်တပ်ဆင်ပေးထားကြောင်း သတင်းကးရရှိသည်။

ယနေ့တိုက်ပွဲတွင်လည်း ပျူစောထီးအများအပြားပါဝင်လာသည်ဟု ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဂန့်ဂေါမြို့ပေါ်၌ ရပ်ကွက်လေးခုရှိပြီး ကျေးရွာစုစုပေါင်း ၁၀၀ကျော်ရှိသည်။ မြောက်ခင်ရမ်းအပါအဝင် ခုနစ်ရွာသာ စစ်ကောင်စီထိန်းချုပ်မှုအောက်၌ရှိနေပြီး ရွာပေါင်း ၉၀ ကျော်၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းထားနိုင်သည်။

စစ်ကောင်စီတပ်နှင့်ပျူစောထီးများ၏အုပ်ချုပ်မှုအောက်တွင် မနေရဲကြသည့် ပျူစောထီးရွာခံအချို့သည် ရွာအားစွန့်ခွာထွက်ပြေးပြီး ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ၌ ခိုလှုံမှုများလည်းရှိနေသည်။

ဆောမြို့၊ဂန့်ဂေါမြို့၊ ထီးလင်းမြို့နှင့် ကျောက်ထုမြို့တို့ပါဝင်သည့် ယောဒေသကို ယခုရက်ပိုင်း၌ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်မည့်သတင်းများ ရရှိထား၍ ဒေသခံပြည်သူလူထုအနေဖြင့် လေကြောင်းရန်ကာကွယ်ရေး အထူးဂရုစိုက်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အင်းတော်-ဝန်းသိုလမ်းပိုင်းမှာ​ အောက်တိုဘာ ၂၉ ရက်​နေ့ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ကသေဆုံးထိခိုက်သူများပြီးပြန်ဆုတ်​ပြေးသွားရကာ PDF ​တွေကလက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ပါတယ်။

သတင်း

စစ်ကြောင်းမှူးဒဏ်ရာရပြီး စစ်တပ်စစ်ကြောင်းပျက် ဆုတ်ခွာထွက်ပြေးသွား

သတင်း

ဗန်းမော်မြို့အနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေက စစ်ရေးအရှိန်မြှင့်ထားစဉ် မိုးမိတ်မြို့အနီးမှာလည်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စစ်တပ်ရဲ့ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မိုးစိန်းကျွန်းကို သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာ ၂၈ရက် သတင်းဖော်ပြပါတယ်။