Connect with us

Hi, what are you looking for?

သတင်း

ဂန့်ဂေါတွင် စစ်အုပ်စု နှင့် ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်နေ

ပြီးခဲ့သည့် ဖေဖော်ဝါရီက အဆိုပါကျေးရွာ၌ ယောဒေသကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်နှစ်ဦးကို စစ်ကောင်စီတပ်နှင့် ပျူစောထီးများက မီးရှို့သတ်ဖြတ်ခဲ့သည်။

(မ​ကွေးတိုင်းရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-NUG-MOD)
(မ​ကွေးတိုင်းရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-NUG-MOD)

ဇော်ရမ်း/People’s Spring

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ပျူစောထီးရွာဖြစ်သော မြောက်ခင်ရမ်းကျေးရွာမှ စစ်ကောင်စီနှင့်ပျူစောထီး အင်အား ၂၀၀ကျော်သည် အနီးပတ်ဝန်းကျင်ရွာများ စစ်ကြောင်းထိုးနေ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေသည်။

“ဒီ‌နေ့(မေလ ၁၆ရက်)မနက် ထွက်လာတာ။အင်အား ၂၀၀ ကျော်တယ်။ ရွှေဘိုရွာကိုဝင်နေတယ်။ ပြည်သူတွေကို အကာအကွယ်ပေးဖို့အတွက် ကာကွယ်ရေးတပ်ဖွဲ့တွေတိုက်နေကြတယ်”ဟု ဂန့်ဂေါမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

တိုက်ပွဲသည် ‌ရွှေဘိုရွာအနီး သံတောရွာလမ်း၌ နံနက်၆နာရီမှစတင် ဖြစ်ပွားနေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

” မနက်က တိုက်ပွဲမှာ ထိတဲ့သူတွေကို ကားတစ်စီးခေါ်ပြီး ပြန်တင်သွားတာတွေ့တယ်။ တိုက်ပွဲကဆက်ဖြစ်နေတယ်”ဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

မြောက်ခင်ရမ်းကျေးရွာသည် စစ်တပ်မှအငြိမ်းစားယူခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဘူးလက်လှ‌ဆွေ၏ ဇာတိဖြစ်သည်။

ယခုအခါ စစ်ကောင်စီ အမာခံပျုစောထီးရွာအဖြစ် လူသိများသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီက အဆိုပါကျေးရွာ၌ ယောဒေသကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်နှစ်ဦးကို စစ်ကောင်စီတပ်နှင့် ပျူစောထီးများက မီးရှို့သတ်ဖြတ်ခဲ့သည်။

ထို့အပြင် မြောက်ခင်ရမ်းရွာ၊ဟံသာဝတီရွာအပါအဝင် ပတ်ဝန်းကျင်ပျူစောထီးကျေးရွာများမှလူငယ်အများအပြားလည်း ပြည်သူ့စစ်သင်တန်းသို့ ပို့ဆောင်ပြီး လက်နက်တပ်ဆင်ပေးထားကြောင်း သတင်းကးရရှိသည်။

ယနေ့တိုက်ပွဲတွင်လည်း ပျူစောထီးအများအပြားပါဝင်လာသည်ဟု ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဂန့်ဂေါမြို့ပေါ်၌ ရပ်ကွက်လေးခုရှိပြီး ကျေးရွာစုစုပေါင်း ၁၀၀ကျော်ရှိသည်။ မြောက်ခင်ရမ်းအပါအဝင် ခုနစ်ရွာသာ စစ်ကောင်စီထိန်းချုပ်မှုအောက်၌ရှိနေပြီး ရွာပေါင်း ၉၀ ကျော်၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းထားနိုင်သည်။

စစ်ကောင်စီတပ်နှင့်ပျူစောထီးများ၏အုပ်ချုပ်မှုအောက်တွင် မနေရဲကြသည့် ပျူစောထီးရွာခံအချို့သည် ရွာအားစွန့်ခွာထွက်ပြေးပြီး ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ၌ ခိုလှုံမှုများလည်းရှိနေသည်။

ဆောမြို့၊ဂန့်ဂေါမြို့၊ ထီးလင်းမြို့နှင့် ကျောက်ထုမြို့တို့ပါဝင်သည့် ယောဒေသကို ယခုရက်ပိုင်း၌ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်မည့်သတင်းများ ရရှိထား၍ ဒေသခံပြည်သူလူထုအနေဖြင့် လေကြောင်းရန်ကာကွယ်ရေး အထူးဂရုစိုက်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook