Connect with us

Hi, what are you looking for?

သတင်း

စီးပွားရေးလုပ်ငန်းများနှင့်သက်ဆိုင်သောငွေကြေးဆိုင်ရာမူဝါဒ ကို PDFမိုးကုတ်ဗျူဟာထုတ်ပြန်

ငွေကြေးဆိုင်ရာမူဝါဒအား မိုးကုတ်ဗျူဟာ အမှတ် ၁၂၂၂ တပ်ရင်း၏ တာဝန်ခံနှင့် တပ်ရင်းမှူးက လက်မှတ်ရေးထိုးထုတ်ပြန်ခြင်းဖြစ်သည်။

(PDF မိုးကုတ်ဗျူဟာ အမှတ် ၁၂၂၂ တပ်ရင်းမှ တပ်ဖွဲ့ဝင်မအချို့ကို​တွေ့ရစဥ်။ဓါတ်ပုံ-အမှတ် ၁၂၂၂ တပ်ရင်း)
(PDF မိုးကုတ်ဗျူဟာ အမှတ် ၁၂၂၂ တပ်ရင်းမှ တပ်ဖွဲ့ဝင်မအချို့ကို​တွေ့ရစဥ်။ဓါတ်ပုံ-အမှတ် ၁၂၂၂ တပ်ရင်း)

အင်ကြင်း၊​ဇော်ရမ်း/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော် မိုးကုတ်ဗျူဟာ အမှတ် ၁၂၂၂ တပ်ရင်းကစီးပွားရေးလုပ်ငန်းများနှင့်သက်ဆိုင်သော ငွေကြေးဆိုင်ရာမူဝါဒအား ယနေ့ (မေလ ၂၆ရက်နေ့)တွင် ထုတ်ပြန်ကြေညာလိုက်သည်။

မိုးကုတ်ဗျူဟာ အမှတ် ၁၂၂၂ တပ်ရင်းက ထုတ်ပြန်သည့် “စီးပွားရေးလုပ်ငန်းများနှင့်သက်ဆိုင်သော ငွေကြေးဆိုင်ရာလိုက်နာကျင့်သုံးရေးမူဝါဒ”တွင် အခွန်အခများနှင့် လုံးဝ ပတ်သတ်မှုမရှိရန်၊ ဆက်ကြေးဒဏ်ကြေး လုံးဝကောက်ခံခြင်းမပြုရန်၊ မည်သည့် နည်းဖြင့်မဆို ခြိမ်းခြောက်၍ အလှူငွေကောက်ခံခြင်းမပြုရန်၊ စစ်ကောင်စီနှင့်ဆက်နွယ်သည့် လုပ်ငန်းရှင်အသိုင်းအဝိုင်းများက ပုဂ္ဂိုလ်ရေးအရမည်သည့်ထောက်ပံ့ပေးခြင်းကိုမျှလက်ခံခြင်းမပြုရန် တားမြစ်ထား​ကြောင်း​ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီနှင့်ဆက်နွယ်သည့် လုပ်ငန်းရှင်အသိုင်းအဝိုင်းက ထောက်ပံ့လှူဒါန်းလာသော ထောက်ပို့ငွေများကို နှောင်ကြိုးမဲ့လက်ခံမှုဖြစ်ကြောင်း ရှင်းလင်းပြောပြပြီးမှသာ လက်ခံကာ ထောက်ပို့မှုတိုင်းကို ဂုဏ်ပြုလွှာပေးရန် လမ်းညွှန်ထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီနှင့်ဆက်နွယ်မှုမရှိသော(သို့မဟုတ်) လုပ်ငန်းရှင်အသိုင်းအဝိုင်းနှင့် ဆက်နွယ်မှုမရှိသော ပုဂ္ဂိုလ်ရေးအရ ထောက်ပံ့ခြင်းဆိုသည်မှာ မများသောပမာဏဖြစ်သည့် တစ်သိန်း နှင့် တစ်သိန်းအောက်ငွေကြေးကိုဆိုလိုကြောင်း၊ ထိုငွေကြေးထက်ပိုသောပမာဏ(သို့မဟုတ်)ပစ္စည်းကိုမူ တပ်

ရင်းအတွက်(သို့မဟုတ်) မိမိပုဂ္ဂိုလ်ရေးအတွက် တပ်ရင်းကော်မတီက သေချာစွာ အတည်ပြုစိစစ်ပြီးမှသာ မှတ်တမ်းယူ၍ လက်ခံရန်၊ ချမှတ်ထားသောမူဝါဒကို မလိုက်နာပါက ငွေကြေးအဂတိလိုက်စားမှုဖြင့် အရေးယူခြင်းခံရမည်ဟု ပါရှိသည်။

ငွေကြေးဆိုင်ရာမူဝါဒအား မိုးကုတ်ဗျူဟာ အမှတ် ၁၂၂၂ တပ်ရင်း၏ တာဝန်ခံနှင့် တပ်ရင်းမှူးက လက်မှတ်ရေးထိုးထုတ်ပြန်ခြင်းဖြစ်သည်။

“မိုးကုတ်တင်မဟုတ်ဘူး အခြား နေရာတွေမှာပါ မြေပြင်မှာ အချို့အဖွဲ့‌လေးတွေ ရှုပ်ထွေးနေတာလေးတွေ ရှိတော့ ဒါကို ကြိုထိန်းတဲ့သဘောဖြစ်မယ်။ ဒါက သိပ်ကောင်းတဲ့ အစီအစဉ်ဖြစ်ပါတယ်” ဟု မိုးကုတ်ဗျူဟာနှင့် နီးစပ်သူတစ်ဦကသူ၏ အမြင်ကိုပြောသည်။

ထိုမူဝါဒထုတ်ပြန်ရခြင်းနှင့်ပတ်သက်၍ မိုးကုတ်ဗျူဟာ အမှတ် ၁၂၂၂ တပ်ရင်းထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

မိုးကုတ်ဗျူဟာမှတပ်ရင်းများသည် မဟာမိတ် TNLA နှင့်ပူးပေါင်း၍ ရှမ်းပြည်နယ်မြောက်ပိုင်းစစ်ဆင်ရေးများတွင်ပါ ပါဝင်တိုက်ခိုက်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီ၏ လယ်ကြီးစခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

“လူတွေ စီးပွားပျက်ပြီး သူတောင်းစားဖြစ်မယ့်အတိုးက မတ်တိုးပဲ”

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မိုးကြီးပြီး မြေပြိုမှုတွေဖြစ်ခဲ့လို့ နေအိမ် ၂၀ခန့်နဲ့ ဘုရားစောင်းတန်းထိခိုက်ပျက်စီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မိုးကုတ်မြို့မှာမိုးသည်းထန်စွာရွာပြီးမြေပြိုကျတာ​ကြောင့် လူနေအိမ်၂လုံး ထိခိုက်ပျက်စီးပြီး အမျိုးသားတဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။