Connect with us

Hi, what are you looking for?

သတင်း

မင်းကင်းမြို့နယ် ၊မ​တောရွာလေကြောင်းတိုက်ခိုက်ခံရမှုသေဆုံးသူ ၅၀ ခန့်ရှိလာ

မ​တောရွာအား စစ်​ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ​ဒေသခံပြည်သူများသေဆုံးထိခိုက်မှုသည် ၂၀၂၄ခုနှစ်အတွင်း ယခုအချိန်အထိ အဆိုးရွားဆုံးအစုလိုက်အပြုံလိုက်​သေ​စေခဲ့သည့် လေကြောင်းတိုက်ခိုက်မှုဖြစ်သည်။

(စစ်​ကောင်စီ​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် ​သေဆုံးခဲ့သူအချို့၏ ရုပ်အ​လောင်းများနှင့် မ​တောရွာကို Google Earth တွင်​တွေ့ရပုံ။ ဓါတ်ပုံ-CJ)
(စစ်​ကောင်စီ​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် ​သေဆုံးခဲ့သူအချို့၏ ရုပ်အ​လောင်းများနှင့် မ​တောရွာကို Google Earth တွင်​တွေ့ရပုံ။ ဓါတ်ပုံ-CJ)

အညာသား/People’s Spring

မင်းကင်းမြို့နယ် ၊မ​တောရွာ မင်္ဂလာဆောင်ကို စစ်ကောင်စီကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု​ကြောင့် ယနေ့(ဇွန်လ ၄ရက်)နံနက်အထိ ရရှိသော​နောက်ဆုံးစာရင်းများအရ သေဆုံးသူ၅၀နီးပါးအထိရှိလာပြီး သေဆုံးသူများတွင်ကလေးငယ်နှင့်အမျိုးသမီးအများဆုံးပါဝင်ခဲ့သည်။

“မင်္ဂလာဆောင်မှာ ဧည့်ခံစား‌ သောက်နေတဲ့နေရာကိုတည့်တည့်ကြဲတာ။ ပွဲချင်းပြီးသေဆုံးသူ ၂၄ဦးရှိခဲ့တယ်။ ဒဏ်ရာရသူတွေကို ဆေးရုံပို့မယ်လုပ်တော့ ပျူတွေကကြားဖြတ်ဟန့်တားလို့ ဒဏ်ရာတွေနဲ့သေဆုံးတာရှိတယ်။ သေဆုံးသူတွေကိုနာရေးလုပ်နေတုန်း လက်နက်ကြီးနဲ့ထပ်ပစ်လို့ လူတွေထပ်သေပြန်တယ်။ စုစုပေါင်း၅၀အနည်းဆုံးရှိလိမ့်မယ်”ဟု မင်းကင်းမြို့နယ်မှ ​ဒေသခံတစ်ဦးကပြောသည်။

(စစ်​ကောင်စီ​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် ​သေဆုံးခဲ့သူအချို့၏ ရုပ်အ​လောင်းများနှင့် မ​တောရွာကို Google Earth တွင်​တွေ့ရပုံ။ ဓါတ်ပုံ-CJ)
(စစ်​ကောင်စီ​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် ​သေဆုံးခဲ့သူအချို့၏ ရုပ်အ​လောင်းများနှင့် မ​တောရွာကို Google Earth တွင်​တွေ့ရပုံ။ ဓါတ်ပုံ-CJ)

ဇွန်လ ၃ ရက်နံနက်၈နာရီခွဲခန့်ကမင်းကင်းမြို့နယ် ၊မတောကျေးရွာမှ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး၏ မင်္ဂလာဆောင်ကို စစ်ကောင်စီက လေကြောင်းမှ ပေါင်၅၀၀ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

ထိုမင်္ဂလာဆောင်၌ ကလေးငယ်နှင့်အမျိုးသမီးများရောက်ရှိ​သော​ကြောင့်သေဆုံးသူများတွင် အသက် ၁၀ နှစ်အောက် ကလေးငယ်များနှင့်အမျိုးသမီးများ အများစုပါဝင်​နေ​ကြောင်းဒေသခံများကပြောသည်။

“ရွာမှာ ဘုန်းကြီးမွေးနေ့ပွဲတခုရှိတယ်။ အဲဒီမွေးနေ့ပွဲပြီးမှလာမယ်ဆိုတဲ့သူတွေ အရမ်းကံကောင်းသွားတယ်။ ဘုန်းကြီးမွေးနေ့ပွဲသာမရှိရင် မင်္ဂလာဆောင်ကိုလူတွေပိုရောက်နေမှာဖြစ်ပြီး သေဆုံးမှုလည်းဒီထက်များနိုင်တယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီကလေကြောင်းမှတိုက်ခိုက်ပြီးနောက် မင်းကင်းမြို့ပေါ်မှာနေ၍ လက်နက်ကြီးများလည်းထပ်မံပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။ ဒဏ်ရာရသူများအား ဆေးရုံသို့ပို့ဆောင်ရန် ချင်းတွင်းမြစ်ကြောင်းမှတစ်ဆင့် စက်လှေများဖြင့်သွားရောက်စဉ် ပန်းဆက်ရွာမှ ပျူစောထီးများက ကြားဖြတ်ဟန့်တား၍ နောက်ကြောင်းပြန်လှည့်ခဲ့ရကြောင်း၊ ထို့ကြောင့်သေဆုံးမှုပိုမိုများပြားသွားခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

မ​တောရွာအား စစ်​ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ​ဒေသခံပြည်သူများသေဆုံးထိခိုက်မှုသည် ၂၀၂၄ခုနှစ်အတွင်း ယခုအချိန်အထိ အဆိုးရွားဆုံးအစုလိုက်အပြုံလိုက်​သေ​စေခဲ့သည့် လေကြောင်းတိုက်ခိုက်မှုဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နဲ့ ကျောင်းသားတော်လှန်ရေးတပ်တော် (SRF)တပ်ဖွဲ့ဝင်တွေ ဖြစ်ပွားခဲ့တဲ့ သဘောထားကွဲလွဲမှု သဘောတူညီမှုရရှိခဲ့ပြီး SRFတပ်က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကွပ်ကဲမှုအောက်ခံယူခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ လမ်းတံတားပြင်ဆင်နေတဲ့ ဆောက်လုပ်ရေးလုပ်သား၉ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။။