Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယ ရွေးကောက်ပွဲမှာ မိုဒီဦးဆောင်တဲ့ လက်ယာယိမ်း နိုင်ငံရေး မဟာမိတ် အင်အားစု အောင်ပွဲခံ

ဒီနှစ် ရွေးကောက်ပွဲမှာ အတိုက်အခံတွေဟာ ပိုပြီး စုစုစည်းစည်းနဲ့ မိုဒီကို စိန်ခေါ်ဖို့ ကြိုးစားလာခဲ့သလို နိုင်ငံရဲ့ တချို့သော မဲဆန္ဒနယ်တွေမှာ BJPရဲ့ မူဝါဒတွေအပေါ် လူကြိုက်များမှုလည်း ကျဆင်းလာပါတယ်။

အိန္ဒိယ ရွေးကောက်ပွဲမှာ မိုဒီဦးဆောင်တဲ့ လက်ယာယိမ်း နိုင်ငံရေး မဟာမိတ် အင်အားစု အောင်ပွဲခံ
အိန္ဒိယ ရွေးကောက်ပွဲမှာ မိုဒီဦးဆောင်တဲ့ လက်ယာယိမ်း နိုင်ငံရေး မဟာမိတ် အင်အားစု အောင်ပွဲခံ

တစ်လခွဲလောက် ရှည်လျားတဲ့ အိန္ဒိယ ရွေးကောက်ပွဲရဲ့ ကနဦး ရလဒ်တွေ ထွက်ပေါ်လာတဲ့နောက် ကြိုတင်ပြီး ခန့်မှန်းထားတဲ့အတိုင်း ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီရဲ့ လက်ယာယိမ်း နိုင်ငံရေး မဟာမိတ် အင်အားစုကပဲ ဆက်လက် အောင်ပွဲခံခဲ့ပါတယ်။

ဒါကြောင့် မိုဒီဟာ အိန္ဒိယ ဝန်ကြီးချုပ်အဖြစ် တတိယ အကြိမ်မြောက် ၅ နှစ်သက်တမ်းကို ထမ်းဆောင်ခွင့် ရဦးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ ဟိန္ဒူ အမျိုးသားရေး ဝါဒစွဲ ဘာရာတီယာ ဂျန်နက်တာ ပါတီ (BJP)ကတော့ ဆယ်စုနှစ် တစ်ခုအတွင်း ပထမဆုံး အကြိမ်အဖြစ် လွှတ်တော်ထဲမှာ အသာစီးနဲ့ ထိန်းချုပ်နိုင်မယ့် သောင်ပြိုကမ်းပြို အနိုင်ရလဒ်ကို စွန့်လွှတ်ခဲ့ရပါတယ်။

BJP ဦးဆောင်တဲ့ အမျိုးသားရေး မဟာမိတ် အင်အားစုတွေဟာ အိန္ဒိယရဲ့ လူများစု ဟိန္ဒူဘာသာဝင်တွေကို အဓိက ပစ်မှတ်ထားပြီး မဲဆွယ်ခဲ့တာကြောင့် လူနည်းစု မွတ်ဆလင်တွေကြားမှာ စိုးရိမ်မှုတွေ မြင့်တက်ခဲ့ပါတယ်။ လူနည်းစု ဆိုပေမယ့်လည်း အိန္ဒိယရဲ့ မွတ်ဆလင် ဦးရေက သန်း ၂၀၀ ကျော် ရှိပါတယ်။

အခု ရွေးကောက်ပွဲမှာ BJP ဦးဆောင်တဲ့ နိုင်ငံရေး မဟာမိတ် အင်အားစုဟာ စုပေါင်း အနိုင်ရလဒ် ပိုင်ဆိုင်ခဲ့ပေမယ့် BJP ပါတီ တစ်ခုတည်း အနေနဲ့ကတော့ လွှတ်တော်အမတ် နေရာ ၂၄၀ မှာသာ အနိုင်ရခဲ့ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၅ နှစ် ရွေးကောက်ပွဲတုန်းက ၃၀၃ နေရာ ရရှိခဲ့တာနဲ့ ယှဉ်ရင် သိသာတဲ့ ဆုတ်ယုတ်မှု ဖြစ်လာပါတယ်။

Public Service Announcement

Public Service Announcement

ဒီနှစ် ရွေးကောက်ပွဲမှာ အတိုက်အခံတွေဟာ ပိုပြီး စုစုစည်းစည်းနဲ့ မိုဒီကို စိန်ခေါ်ဖို့ ကြိုးစားလာခဲ့သလို နိုင်ငံရဲ့ တချို့သော မဲဆန္ဒနယ်တွေမှာ BJPရဲ့ မူဝါဒတွေအပေါ် လူကြိုက်များမှုလည်း ကျဆင်းလာပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရတာ သေချာခဲ့တဲ့နောက် မိုဒီဟာ နယူးဒေလီ မြို့တော်မှာ ထောက်ခံ အားပေးသူတွေနဲ့ တွေ့ဆုံပြီး ၃ ကြိမ်ဆက် ဝန်ကြီးချုပ် သက်တမ်းအတွက် အောင်ပွဲခံခဲ့ပါတယ်။

သူ့ရဲ့ အစိုးရကို တတိယ သက်တမ်းအတွက် ရွေးချယ်ခဲ့တာဟာ နိုင်ငံအတွက် အကြီးမားဆုံး ဆုံးဖြတ်ချက်တွေထဲက တစ်ခုဖြစ်ကြောင်း၊ အိန္ဒိယဟာ သမိုင်းအသစ်ကို ရေးထိုးသွားမှာဖြစ်ပြီး ဒါဟာ သူက ပေးနိုင်တဲ့ အာမခံချက်ဖြစ်ကြောင်း မိုဒီက ပြောကြားသွားပါတယ်။

BJPရဲ့ အဓိက အတိုက်အခံ ပြိုင်ဘက်လို့ ဆိုနိုင်တဲ့ ကွန်ဂရက်ပါတီကတော့ ၂၀၁၉ ခုနှစ်တုန်းက လွှတ်တော်အမတ် နေရာ ၅၂ ခုသာ ရခဲ့ပေမယ့် ဒီနှစ်မှာတော့ ၉၉ နေရာထိ တိုးပွားရရှိလာမယ်လို့ ယုံကြည်ရပါတယ်။ ဒီအလှည့်အပြောင်းဟာ အိန္ဒိယမှာ မိုဒီကို မလိုချင်တော့ဘူးဆိုတဲ့ ပြည်သူဦးရေ မြင့်တက်လာတာကို မြင်သာစေတယ်လို့ ကွန်ဂရက်ပါတီရဲ့ ခေါင်းဆောင် ရာဟူလ် ဂန္ဒီက သတင်းထောက်တွေဆီ ပြောကြားခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံး နိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယမှာ ရွေးကောက်ပွဲတွေကို အဆင့် ၇ ခုခွဲခြားပြီး တစ်လခွဲလောက်ကြာအောင် အချိန်ယူ ကျင်းပခဲ့ရပါတယ်။ အခုရွေးကောက်ပွဲမှာ မဲအားလုံးရဲ့ ၉၉ ရာခိုင်နှုန်းကို ရေတွက်ပြီးတဲ့နောက် BJPအတွက် ထောက်ခံမဲဟာ ၃၆.၆ ရာခိုင်နှုန်းရှိပြီး လွန်ခဲ့တဲ့ ၅ နှစ်ကထက် သိသိသာသာ လျော့ကျသွားတာလည်း ဖြစ်ပါတယ်။

ကိုးကား: BBC⁩

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက အာသံပြည်နယ်မှာ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၈၀ နီးပါးထိ ရှိလာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆန္ဒပြ ကျောင်းသားတွေကို မောင်းပြန်ရိုင်ဖယ်နဲ့ ချိန်ရွယ်ခဲ့တဲ့ ရဲတစ်ဦးဟာ ရာထူးတာဝန်တွေကနေ ဆိုင်းငံ့ ခံခဲ့ရပါတယ်။

သတင်း

အိန္ဒိယရေပိုင်နက်ထဲကိုတရားမဝင်ဝင်ရောက်တယ်ဆိုပြီး ဖမ်းဆီးခံရတဲ့ မြန်မာရေလုပ်သား ၂၆ ဦးကို အိန္ဒိယက မြန်မာနိုင်ငံပြန်ပို့လိုက်တာမှာ စစ်တပ်က အိမ်သို့ပြန်မပို့ပဲ စစ်သင်တန်းကျောင်းကို တန်းပို့လိုက်တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်​တွေက​ပြောပါတယ်။