Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာသိမ်းပြီး ၃ နှစ်အကြာ ပြည်သူ ၄၂ သန်း ဆင်းရဲမွဲတေမှုကို ရင်ဆိုင်နေရ

ကုလသမဂ္ဂသည် မြန်မာပြည်ရှိ လူပေါင်း ၂ သန်းကျော်ကို ရောက်ရှိကူညီခဲ့ပြီးဖြစ်ပြီး လာမည့် ၂၀၂၅ နှစ်ကုန်တွင် လူပေါင်း ၈ သန်း​အထိ ရောက်ရှိကူညီနိုင်ရန် ရည်မှန်းထားသည်ဟု ဆိုသည်။

(စစ်တပ်အာဏာမသိမ်းခင်က ​ဈေးသက်သာစွာဖြင့် လိုသ​လောက်ဝယ်ယူနိုင်ရာမှ စစ်တပ်အာဏာသိမ်းပြီး​နောက်စားအုန်းဆီ ၅၀ ကျပ်သားဝယ်ယူနိုင်ရန် တန်းစီ​​စောင့်ဆိုင်း​နေရ​​သောပြည်သူများကို ၂၀၂၂ သြဂုတ်လက​တွေ့ရစဥ်။ဓါတ်ပုံ-AFP)
(စစ်တပ်အာဏာမသိမ်းခင်က ​ဈေးသက်သာစွာဖြင့် လိုသ​လောက်ဝယ်ယူနိုင်ရာမှ စစ်တပ်အာဏာသိမ်းပြီး​နောက်စားအုန်းဆီ ၅၀ ကျပ်သားဝယ်ယူနိုင်ရန် တန်းစီ​​စောင့်ဆိုင်း​နေရ​​သောပြည်သူများကို ၂၀၂၂ သြဂုတ်လက​တွေ့ရစဥ်။ဓါတ်ပုံ-AFP)

ထားအိ/People’s Spring

စစ်အာဏာသိမ်းပြီးနောက် ၃ နှစ်အကြာတွင် ပြည်သူ ၄၂ သန်းသည် ဆင်းရဲမွဲတေမှုကို ရင်ဆိုင်နေရခြင်း (သို့မဟုတ်) ဆင်းရဲမွဲတေမှု အန္တရာယ်နှင့် နီးစပ်နေကြောင်း ကုလသမဂ္ဂက ယနေ့(ဇွန်လ ၂၄ရက်)ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် ၃ နှစ်တာကာလအတွင်း လူလတ်တန်းစား လူဦးရေရှိမှုသည် ၅၀ ရာခိုင်နှုန်း ကျဆင်းသွားပြီး လူဦးရေ၏ ၇၅ ရာခိုင်နှုန်း (သို့) ခန့်မှန်းခြေအားဖြင့် လူ ၄၂ သန်းသည် ဆင်းရဲမွဲတေမှုကို ရင်ဆိုင်နေရခြင်း (သို့မဟုတ်) ဆင်းရဲမွဲတေမှု အန္တရာယ်နှင့် နီးစပ်နေကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)က ဆိုသည်။

ထို့အပြင် မြန်မာပြည်ရှိ လူပေါင်း ၁၃.၃ သန်းသည် စားနပ်ရိက္ခာမလုံလောက်မှုကို ရင်ဆိုင်နေရကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချကာ ၂၀၂၁ ဖေဖော်ဝါရီတွင် အာဏာသိမ်းခဲ့သည့် စစ်ကောင်စီက ပြီးခဲ့သည့် ၃ နှစ်အတွင်း ငွေစက္ကူကျပ်ဘီလီယံ ၃၀,၀၀၀ အထိ ရိုက်နှိက်ခဲ့ခြင်းနှင့် စစ်ရေးအသုံးစရိတ်နှစ်စဉ်တိုးမြှင့်သုံးစွဲခြင်းစသည့် အချက်များကြောင့် လက်ရှိမြန်မာ့စီးပွါးရေးပျက်ကပ်ကို ကြုံတွေ့နေရခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ဇွန်လဆန်းတွင် ပြောကြားထားသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း ပြည်တွင်းနေရပ်စွန့်ခွါသူဦးရေမှာ ၃ သန်းကျော်ရှိလာပြီး အခြား ၁.၃ သန်းမှာ နယ်စပ်ဖြတ်ကျော်စွန့်ခွါခဲ့ရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းမှာ ဆက်လက်ဖြစ်ပေါ်နေကြောင်း ကုလသမဂ္ဂက ဖော်ပြသည်။

သို့သော် မြန်မာနိုင်ငံသည် အမေ့အပျောက်ခံ အကျပ်အတည်းတစ်ခုအဖြစ် ရှိနေပြီး ၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ကုလသမဂ္ဂမှတဆင့် ဖွံ့ဖြိုးရေးအကူအညီသည် ၄၀ ရာခိုင်နှုန်းကျော် လျော့ကျခဲ့ရကြောင်းနှင့် တစ်ချိန်တည်းတွင် လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးအစီအစဥ်များသည်လည်း ရံပုံငွေမလုံလောက်ဘဲ ရှိနေကြောင်း ကုလသမဂ္ဂမြန်မာရုံးက ဖော်ပြသည်။

ကုလသမဂ္ဂသည် မြန်မာပြည်ရှိ လူပေါင်း ၂ သန်းကျော်ကို ရောက်ရှိကူညီခဲ့ပြီးဖြစ်ပြီး လာမည့် ၂၀၂၅ နှစ်ကုန်တွင် လူပေါင်း ၈ သန်း​အထိ ရောက်ရှိကူညီနိုင်ရန် ရည်မှန်းထားသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အိန္ဒိယခရီးစဥ်အပြီးတစ်ပတ်ကျော်အကြာမှာ တရုတ်နိုင်ငံကို နိုင်ငံတော်ခရီးစဥ်(State Visit)သွားရောက်မယ်လို့ သိရပါတယ်။

ဆောင်းပါး

စစ်အာဏာသိမ်းမှုကြောင့် လူ့ဘဝတစ်ခုလုံး စုတ်ပြတ်သွားလိမ့်မယ်လို့ မထင်ခဲ့မိကြောင်း အ သက် ၃၀စွန်းစအရွယ် စာရင်းကိုင်လူငယ်တစ်ဦးက ပြောတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ကုလသမဂ္ဂအဖွဲ့ကြီးကို ပိုမိုထိရောက်ပြီး ကုန်ကျစရိတ်လျှော့ချနိုင်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲဖို့ ကြိုးစားနေပြီး၊ လာမယ့် ၂ နှစ်အတွင်း အကြီးတန်းခေါင်းဆောင်ရာထူးတချို့ကို လျှော့ချခြင်းနဲ့ ဖျက်သိမ်းခြင်းတွေ လုပ်ဆောင်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

လူထုဒေါ်အမာရဲ့ ၁၂ပွဲဈေးသည်ဆိုတဲ့ စာအုပ်ဟာ စာဖတ်သူ တွေအကြား နာမည်ကြီးလှပါတယ်။