Connect with us

Hi, what are you looking for?

News

အရာတော်မြို့နယ်တွင် စစ်ကောင်စီရဲကားနှစ်စီးမိုင်းခွဲတိုက်ခိုက်ခံရ၊ ရဲ ၁၀ဦးထက်မနည်းဒဏ်ရာရ

တိုက်ခိုက်မှုဖြစ်စဥ်ကို အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ပြီးနောက် စစ်ကောင်စီ၏ကားများ သွားလာနေသည့်လမ်းကြောင်းကို ဒေသခံများက မှတ်ချက်ပြုသတင်းပေးခဲ့ကြသည်။

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် အရာတော်မြို့နယ်တွင် စစ်ကောင်စီရဲကားနှစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရပြီး ရဲ၁၀ဦးထက်မနည်းဒဏ်ရာရရှိသွားကြောင်း အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

ယနေ့ (အောက်တိုဘာလ ၁၄ ရက်) မွန်းလွဲ ၁နာရီခန့်က အရာတော်မြို့မှ နောင်ကြီးအိုင်လမ်းအတိုင်း မြောက်ဘက်သို့ထွက်လာသော ရဲကားနှစ်စီးမှာ နောင်ကြီးအိုင်လမ်းပေါ် ‌ရဲချင်းကျေးရွာနှင့် မကျီးကန်ကျေးရွာကြားတွင် ARA မှ ဗိုလ်မီးခဲနှင့်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲကားတစ်စီးကို အမိအရထိခိုက်သွားပြီး ရဲ(၁၀)ဦးထက်မနည်း ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်းဖော်ပြထားသည်။

မိုင်းထိသွားသောကားတစ်စီးမှာ ဒဏ်ရာရသူများကို တင်ဆောင်ပြီး မြို့ထဲပြန်ဝင်လာခဲ့ကြောင်း၊ ကျန်တစ်စီးမှာ မြောက်သို့ ဆက်လက်ထွက်ခွာသွားခဲ့ပြီးနောက် မကျီးကန်ကျေးရွာထဲကို သေနတ်များဆက်တိုက်ပစ်ဖောက်ပြီး‌ ဝင်ရောက်သွားကြောင်း အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အသိပေးသည်။

“ဒီကောင်တွေ မကျီးကန်ကိုဆက်သွားပြီး သေနတ်တွေဖောက်သေးတယ်။ ဇောင်းကြွနေတဲ့ရွာတွေ မီးတိုက်ပစ်မယ်ဆိုပြီး ပြောသွားသေးတယ်တဲ့။ထိသွားတဲ့မြေဩဇာတွေနဲ့ မြေဩဇာလောင်းတွေတင်ပြီး တစ်စီးက အရင် အရာတော်ပြန်လှည့်သွားတာ။ အဲ့ဒီကားပေါ်မယ် သုံးကောင်လောက်ပဲ ထိုင်လိုက်သွားနိုင်တယ်။ ကျန်တဲ့ကောင်တွေက ပက်လက်ကြီးတွေ ပါသွားတာ။ ပွဲချင်းပြီးတဲ့ကောင်တွေ ရှိနိုင်တဲ့အပြင် ဒဏ်ရာရတဲ့ကောင်တွေလည်း တော်တော်နာ‌ပါတယ်”ဟု အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု(ARA)မှ ပြန်ကြားရေးတာဝန်ခံက ပြောကြောင်းလည်းအရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ထုတ်ပြန်ချက်တွင် ပါရှိသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုဖြစ်စဥ်ကို အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ပြီးနောက် စစ်ကောင်စီ၏ကားများ သွားလာနေသည့်လမ်းကြောင်းကို ဒေသခံများက မှတ်ချက်ပြုသတင်းပေးခဲ့ကြသည်။

” PDFက ပြည်သူ၊ ပြည်သူက PDFပဲ။ ဒီထက်ဆိုးစရာမရှိတော့လို့ ဒီတိုက်ပွဲကို အတူတူတိုက်နေတာ။ စစ်ခွေးလမ်းကြောင်း သတင်းတွေကို ပြည်သူတွေက အသိရှိရှိရဲရဲရင့်ရင့် မျှဝေနေတာပါ” ဟု အရာတော်မြို့ခံတစ်ဦးကပြောသည်။

အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ၃ နာရီခန့်ကလည်း အရာတော်မြို့နယ် ဝါးတန်း ဆူးလေကုန်းချောင်းအတက် အရှေ့ဘက် ကျွန်းဖိုပင်ရွှာ အနောက်ကြားတွင် မုံရွာမှ အရာတော်သို့ကူးလာသော စစ်ကားနှစ်စီးကို မိုင်း ခုနစ်လုံးဖြင့် အရာတော်ဘုန်းနိုင်အဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ နောက်ကားတွင် ဒဏ်ရာရ ၁၀ ဦး ထက်မနည်းသေဆုံး ၅ ဦးအထက် ရှိခဲ့ကြောင်း၊ ရှေ့ကားမှာ ဒဏ်ရာအနည်းငယ် ရရှိခဲ့သောကြောင့် စက်သေနတ်အပါဝင် လက်နတ်ငယ် များဖြင့် ၁၀မိနစ်ခန့် ပစ်ခတ်ခဲ့ရာတွင် အရာတော်ဘုန်းနိုင်အဖွဲ့မှ အကျအဆုံးမရှိ အောင်မြင်စွာ လှုပ်ရှားနိုင်ခဲ့ကြောင်း အရာတော်ဘုန်းနိုင် PDF အဖွဲ့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။