Connect with us

Hi, what are you looking for?

News

မြန်မာ့အရေး အာဆီယံ အထူးကိုယ်စားလှယ်နဲ့အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး

စစ်ကောင်စီအနေနဲ့ အာဆီယံသဘောတူညီချက် ၅ ချက်ကိုတာဝန်ယူမှု တာဝန်ခံမှု ရှိရှိအကောင်အထည်ဖော်ဖို့နဲ့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့မြန်မာခရီးစဉ်မှာ အရေးကြီးတဲ့သူတွေနဲ့ တွေ့ခွင့်ရဖို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် နဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် အက်ဝပ်ယူဆွတ်တို့ဟာ ဒီနေ့မှာ တယ်လီဖုန်းကတဆင့် မြန်မာ့အရေးကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဆွေးနွေးမှုမှာတော့ မြန်မာနိုင်ငံအတွင်းကအကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခတွေအတွက် ၂ ဦးလုံးက စိုးရိမ်နေကြတယ်လို့သတင်းထုတ်ပြန်ထားပါတယ်။

ဒါအပြင် စစ်ကောင်စီဟာအကြမ်းဖက်မှုတွေကို ချက်ချက်ရပ်တန့်ပေးဖို့ ၊ မတရားဖမ်းဆီးထားသူတွေကို လွှတ်ဖို့နဲ့ ဒီမိုကရေစီကိုပြန်လည်ဖော်ဆောင်ဖို့ တွေကို အလေးထားဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီအနေနဲ့ အာဆီယံသဘောတူညီချက် ၅ ချက်ကိုတာဝန်ယူမှု တာဝန်ခံမှု ရှိရှိအကောင်အထည်ဖော်ဖို့နဲ့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့မြန်မာခရီးစဉ်မှာ အရေးကြီးတဲ့သူတွေနဲ့ တွေ့ခွင့်ရဖို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာတော့ အာဆီယံသဘောတူညီချက် ၅ ချက်တွေကို အကောင်အထည်ဖော်ဖို့ပျက်ကွက်တာကြောင့် စစ်ကောင်စီခေါင်းဆောင်ကို လာမယ့်ထိပ်သီးအစည်းအဝေးတက်ခွင့် ပြု မပြုကို မနက်ဖြန်မှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးဖို့ရှိနေပါတယ်။

စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ပြုဖို့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့တောင်းဆိုချက်ကိုလည်း ငြင်းပယ်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။