Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာ့အရေး အာဆီယံ အထူးကိုယ်စားလှယ်နဲ့အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး

စစ်ကောင်စီအနေနဲ့ အာဆီယံသဘောတူညီချက် ၅ ချက်ကိုတာဝန်ယူမှု တာဝန်ခံမှု ရှိရှိအကောင်အထည်ဖော်ဖို့နဲ့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့မြန်မာခရီးစဉ်မှာ အရေးကြီးတဲ့သူတွေနဲ့ တွေ့ခွင့်ရဖို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် နဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် အက်ဝပ်ယူဆွတ်တို့ဟာ ဒီနေ့မှာ တယ်လီဖုန်းကတဆင့် မြန်မာ့အရေးကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဆွေးနွေးမှုမှာတော့ မြန်မာနိုင်ငံအတွင်းကအကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခတွေအတွက် ၂ ဦးလုံးက စိုးရိမ်နေကြတယ်လို့သတင်းထုတ်ပြန်ထားပါတယ်။

ဒါအပြင် စစ်ကောင်စီဟာအကြမ်းဖက်မှုတွေကို ချက်ချက်ရပ်တန့်ပေးဖို့ ၊ မတရားဖမ်းဆီးထားသူတွေကို လွှတ်ဖို့နဲ့ ဒီမိုကရေစီကိုပြန်လည်ဖော်ဆောင်ဖို့ တွေကို အလေးထားဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီအနေနဲ့ အာဆီယံသဘောတူညီချက် ၅ ချက်ကိုတာဝန်ယူမှု တာဝန်ခံမှု ရှိရှိအကောင်အထည်ဖော်ဖို့နဲ့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့မြန်မာခရီးစဉ်မှာ အရေးကြီးတဲ့သူတွေနဲ့ တွေ့ခွင့်ရဖို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာတော့ အာဆီယံသဘောတူညီချက် ၅ ချက်တွေကို အကောင်အထည်ဖော်ဖို့ပျက်ကွက်တာကြောင့် စစ်ကောင်စီခေါင်းဆောင်ကို လာမယ့်ထိပ်သီးအစည်းအဝေးတက်ခွင့် ပြု မပြုကို မနက်ဖြန်မှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးဖို့ရှိနေပါတယ်။

စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ပြုဖို့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့တောင်းဆိုချက်ကိုလည်း ငြင်းပယ်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။

နိုင်ငံတကာ

တိုက်ပွဲတွေက ထိုင်းပိုင်နက်နဲ့ အရမ်း နီးနီးကပ်ကပ် ဖြစ်ပွားခဲ့ပြီး ဒီလို ကိစ္စမျိုးနဲ့ ပတ်သက်ရင် အာဆီယံကပါ ပါဝင်ကိုင်တွယ် အဖြေရှာပေးသင့်တယ်လို့ နစ်ခွန်ဒက်ဂျ်က ဆိုပါတယ်။

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။