Connect with us

Hi, what are you looking for?

သတင်း

မတ္တရာတွင် စစ်ကောင်စီတပ်စခန်း ခုနစ်ခု မန္တလေး PDF ထပ်မံသိမ်းပိုက်၊ စုစုပေါင်း တပ်စခန်း ၃၅ခုအထိရှိလာ

ကျောက်တံတားနှင့် မြကန်သာကျေးရွာတို့တွင်လည်း တိုက်ပွဲပြင်းထန်နေ

မတ္တရာမြို့နယ်အတွင်း စခန်းသိမ်းတိုက်ပွဲတခု၌ မန္တလေး PDFရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - MDY-PDF

ဇေအောင်၊ဟန်နွေ/People’s Spring

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်း ခုနစ်ခု ထပ်မံသိမ်းပိုက်ရရှိခဲ့ပြီး စုစုပေါင်း တပ်စခန်း ၃၅ခု သိမ်းပိုက်ရရှိထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့(ဇူလိုင်၃၁)တွင် အသိပေးထုတ်ပြန်သည်။

မတ္တရာမြို့နယ်အတွင်းရှိ ငါးလုံးပြွန်ကျေးရွာ တပ်စခန်း ၊ တောင်ကန်ကျေးရွာ တပ်စခန်း ၊ အောင်သပြေကျေးရွာ တပ်စခန်း ၊ အောင်သပြေကားကွင်း တပ်စခန်း ၊ မြို့ကုန်းရွာ တပ်စခန်း ၊ ထန်းပင်ကုန်းရွာ တပ်စခန်းနှင့် ဘိုကုန်းရွာ တပ်စခန်းတို့ကို ထပ်မံသိမ်းပိုက်ရရှိထားခြင်းကြောင့် မတ္တရာမြို့နယ်အတွင်း သိမ်းပိုက်ရရှိသော စစ်ကောင်စီတပ်စခန်း အရေအတွက် ၃၅ခုရှိခဲ့ပြီဖြစ်ကြောင်း မန္တလေး PDFက အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မတ္တရာမြို့နယ်အတွင်းရှိ ကျောက်တံတားကျေးရွာနှင့် မြကန်သာကျေးရွာတို့တွင်လည်း တိုက်ပွဲများ ပြင်းထန်နေကြောင်း မန္တလေး PDFက ထပ်မံအသိပေးသည်။

“မတ္တရာမြို့နယ်အတွင်းက ထပ်မံသိမ်းပိုက်ထားတဲ့ စခန်း ခုနစ်ခုကနေ လက်နက်ခဲယမ်းအချို့ ထပ်မံသိမ်းဆည်းရမိတာရှိပါတယ်။ ရန်သူ့အလောင်းနဲ့ သုံ့ပန်းအချို့လည်း ဖမ်းဆီးရမိတာရှိပါတယ်”ဟု မန္တလေး PDF၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။

မန္တလေးမြို့နှင့်အနီးဆုံးမြို့ဖြစ်သော မတ္တရာမြို့နယ်တွင်လည်း တိုက်ပွဲများပြင်းထန်နေ၍ စစ်ကောင်စီတပ်က မန္တလေးမြို့တွင် ဇူလိုင်အတွင်းမှစတင်​ကာ မြို့အဝင်၊ အထွက် တင်းကျပ်စွာစစ်ဆေးနေပြီး အထူးသဖြင့် မတ္တရာမြို့ဘက်မှအဝင် ရွှေကျင်ဂိတ် ရှောင်ကွင်းသွားသည့်လမ်းများကိုပါ ပိတ်ထားလိုက်ကြောင်း ဒေသခံများက ပြောသည်။

မြို့တွင်း စစ်ကောင်စီရဲစခန်းများရှေ့တွင်လည်း ဘန်ကာများတည်ဆောက်ပြီး သဲအိတ်များ၊ သံဆူးကြိုးများဖြင့် ကာရံထားကြောင်း၊ ထို့အပြင် မြို့တွင်းရပ်ကွက်များအား နေ့တွင်ပါ ဧည့်စာရင်းလိုက်လံစစ်ဆေးနေကြောင်း မြို့ခံများက ပြောသည်။

မန္တလေးမြို့အထိစစ်ရေးလှိုင်းများ ဆင်းလာပြီဖြစ်၍ အုပ်ချုပ်ရေးကဏ္ဍကြိုတင်ပြင်ဆင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

မန္တလေး PDFသည် မတ္တရာမြို့နယ်အတွင်းရှိ သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေချိန်မှာပဲ အာဏာသိမ်းစစ်တပ်က တောင်ပြုံးပွဲတော်ကို ကျင်းပဖို့ စီစဉ်နေပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အ​နောက်ခြမ်းက သဲအင်းရွာအစပ်နဲ့ ရှင်လှတောင်ရွာက စစ်တပ်စခန်းတွေကို တပြိုင်တည်း တိုက်ခိုက်ခဲ့ကြောင်း မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်​ရေးအဖွဲ့(မတ္တရာပကဖ)ကဇူလိုင် ၁၂ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (အထူးလှုပ်ရှားတပ်မ)-MDY PDF အနေနဲ့ မဟာမိတ်တွေနဲ့ လက်တွဲပြီး စစ်ဆင်ရေးတွေကို အပြည့်အ၀ ဖော်ဆောင်သွားမှာ ဖြစ်ကြောင်းဒီကနေ့မှာထုတ်ပြန်ပါတယ်။