Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်မြို့ စစ်ကောင်စီဗျူဟာကုန်းသိမ်းပိုက်ပြီး မြို့ကို အလုံးစုံထိန်းချုပ်နိုင်ပြီဟု TNLA ပြော

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)တွင် တတိယမြောက်မြို့ သိမ်းပိုက်နိုင်ခြင်းဖြစ်

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အတွင်း တိုက်ခိုက်နေသော TNLAရဲဘော်များ။ ဓာတ်ပုံ - TNLA

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ရှိ စစ်ကောင်စီ ဗျူဟာကုန်းကို ယနေ့(ဇူလိုင် ၃၁ရက်)တွင် အလုံးစုံ သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း တအာင်းတပ်မတော်(TNLA) ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောကြားသည်။

မိုးမိတ်မြို့ရှိ စစ်ကောင်စီ ဗျူဟာကုန်းကို ဇူလိုင် ၂၄ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ရာ တစ်ပတ်ခန့်အကြာတွင် သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ဒီကနေ့မှာတော့ မိုးမိတ်မှာရှိတဲ့ စစ်ကောင်စီ ဗျူဟာကုန်းနဲ့ အခြားတပ်စခန်းတွေကို ကျမတို့ အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။မိုးမိတ်အပြင် ကျောက်မဲ (၅၀၁) (၅၀၂)မှာလည်း တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားနေပါတယ်”ဟု လွေးယေဦးက ပြောသည်။

TNLAနှင့် မဟာမိတ်တပ်များသည် ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)ကို ဇွန်လ ၂၅ရက်တွင် စတင်ခဲ့ရာ ဇူလိုင် ၁၀ရက်တွင် နောင်ချိုမြို့၊ ဇူလိုင် ၂၄ရက်တွင် မိုးကုတ်မြို့၊ ဇူလိုင် ၃၁ရက် ယနေ့တွင် မိုးမိတ်မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

TNLA ပူးပေါင်းတပ်သည် ကျောက်မဲမြို့ကိုလည်း ဝင်ရောက်နေရာယူထားပြီး လက်ကျန် တပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်နေသည်။

စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး ပစ်ကူပေး ခုခံနေသည့်ကြားမှ မြို့ သုံးမြို့ကို TNLA ပူးပေါင်းတပ်များက အလုံးစုံ သိမ်းပိုက်ရရှိထားခြင်းလည်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူ၊ ဗန်းမော်နဲ့ ရှမ်းမြောက်က မိုးမိတ်-မဘိမ်းအစပ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းပစ်ကူပေး တိုက်ခိုက်တာတွေ နေ့စဉ် ပြုလုပ်နေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။