Connect with us

Hi, what are you looking for?

သတင်း

ဆီဆိုင်တွင် တိုက်ပွဲဆက်ဖြစ်ပြီး စစ်ကောင်စီ အလောင်း ၁၆လောင်းနှင့် လက်နက်အချို့ ထပ်ရဟု PNLA ပြော

ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) မဟာမိတ်ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ ယမန်နေ့က တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - PNLA

ထားမြတ်/People’s Spring

ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) မဟာမိတ်ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ ယမန်နေ့က တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

ဩဂုတ် ၆ရက်က ဆီဆိုင်မြို့နယ် လွယ်ထွယ်ရွာ အနီးတိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ် အလောင်း ၁၀လောင်းနှင့် လက်နက် ၁၀လက်၊ ဒရုန်း ၁စီး သိမ်းရခဲ့ပြီး ယမန်နေ့(ဩဂုတ် ၇ရက်) တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်က ၁၆ဦး ထက် မနည်းသေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

” မနေ့က တိုက်ပွဲဆက်ရှိပါတယ်။ တိုက်ပွဲပြင်းထန်တဲ့ အခြေအနေပါ။ စစ်ကောင်စီ အလောင်း ၁၆လောင်း ကျန်ရှိပါတယ်။ လက်နက်အချို့ သိမ်းဆည်းမိတာရှိပါတယ်။ စစ်ကောင်စီ အလောင်းတွေကို ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ပါတယ်”ဟု PNLA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

တိုက်ပွဲဖြစ်ပွားရခြင်း အကြောင်းအရင်းမှာ စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းထိုးလှုပ်ရှားလာ၍ ဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ကလည်း လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့၍ အရပ်သား သေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း PNLAက ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များသည် သြဂုတ် ၃ရက်မှစပြီး ဆီဆိုင်မြို့နယ်အတွင်းရှိ ပအိုဝ်းကျေးရွာ ပအိုဝ်းနယ်မြေအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများသတိရှိရန် PNLAက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။