Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့နယ်တွင် တိုက်ပွဲဖြစ်၊ နှစ်ဖက်ထိခိုက်မှုရှိ

မွန်ပြည်နယ်၊ရေးမြို့နယ်၊ မြို့ဟောင်းကျေးရွာ တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်မှ ခြောက်ဦးသေဆုံးကာ ရဲဘော်တစ်ဦးကျဆုံးကြောင်း မွန်ပြည်သစ်ပါတီ(AD)က ယနေ့ထုတ်ပြန်သည်။

မွန်ပြည်သစ်ပါတီ(AD)နှင့် YPDF ပူးပေါင်းအဖွဲ့မှ ရဲဘော်များအားတွေ့ရစဥ်။ ဓာတ်ပုံ - မွန်ပြည်သစ်ပါတီ AD

ရဲခေါင်/People’s Spring

မွန်ပြည်နယ်၊ရေးမြို့နယ်၊ မြို့ဟောင်းကျေးရွာ တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်မှ ခြောက်ဦးသေဆုံးကာ ရဲဘော်တစ်ဦးကျဆုံးကြောင်း မွန်ပြည်သစ်ပါတီ(AD)က ယနေ့ထုတ်ပြန်သည်။

ကမော့ကနင်ကျေးရွာ အခြေချ စစ်ကောင်စီတပ် ခလရ(၁၀၆) နှၚ့် ခမရ (၅၈၈)မှ အင်အား ၁၂၀ခန့်သည် မြို့ဟောင်းကျေးရွာသို့ ဝင်ရောက်လာပြီးနောက် ယမန်နေ့ ညနေ ၃ နာရီခန့်ကစ၍ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

၆နာရီကျော်ကြာမြင့်ခဲ့သည့် တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးပြီး ဒဏ်ရာအများအပြားရရှိကြောင်း ဖော်ပြထားသည်။

မွန်ပြည်သစ်ပါတီ(AD)၊ရေးမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(YPDF)တို့ ပူးပေါင်း တိုက်ခိုက်မှုတွင် YPDF ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း အသိပေးသည်။

“မနေ့က တစ်ညနေလုံးတိုက်ပွဲ ဖြစ်တယ်။ဒီနေ့ မနက် ပိုင်းတင် သူတို့(စကစ)ဘက်က မြို့ဟောင်းကနေ ဆုတ်သွားတယ်။ဘဲလမုရွာဘက် ရောက် နေတယ်လို့လည်းကြားတယ်”ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီသည် သံဖြူဇရပ်-ရေး-ထားဝယ်လမ်းပိုင်း ပြန်လည်စိုးမိုးနိုင်ရေးအတွက် ဇူလိုင်ကစ၍ အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုးနေခြင်းဖြစ် သည်။

စစ်ကောင်စီစစ်ကြောင်းထိုးမှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် မွန်ပြည်နယ်အတွင်း ဒေသခံ ၃,၀၀၀ထက်မနည်း နေရပ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း Rehmonnya Institude က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ အင်အား၁၀၀ဝန်းကျင်ပါတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Ye Guerrilla Force-ရေးပြောက်ကျားတပ်က ဒီကနေ့ မေလ၃ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် အောင်သပြေကျေးရွာအနီးရှိ စစ်ကောင်စီတပ်စစ်ကြောင်းကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုနဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ရာ သေဆုံးထိခိုက်ရှိခဲ့တယ်လို့ မွန် ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစု နဲ့ တော်လှန်‌ရေးမဟာမိတ်တပ်ဖွဲ့တွေက ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တိုက်ခိုက်မှုမှာ ပါဝင်တဲ့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ရေးမြို့နယ်မြောက်ပိုင်း ကနင်ကမော့ရွာအနီးရှိ စစ်ကောင်စီတပ်စစ်ကြောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။