Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ကျရှုံးခန်းရောက်နေဟု NUG ယာယီသမ္မတနှင့် KNDF ဒုဦးစီးချုပ်တို့ ပြောကြား

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ လုံးဝကျဆင်းနေပြီး စစ်တိုက်ရာ၌လည်း အောက်ဆုံးအဆင့် ရောက်ရှိနေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF ဒုတိယစစ်ဦးစီးချုပ် ကိုမာဝီက ပြောသည်။

စဥ့်ကူး ၊မတ္တရာ ၊ သပိတ်ကျင်းမြို့နယ်တိုက်ပွဲများတွင် ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် (မန္တ​လေး သိမ်းဆည်းရရှိခဲ့​သောလက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများ။ဓါတ်ပုံ-MDY-PDF

“မင်းအောင်လှိုင်က ရူးနေတဲ့သူဖြစ်တဲ့အတွက်ကြောင့် အဲဒီလို(ရှုံးတယ်ဆိုတာ)ပြောမှာမဟုတ်ပါဘူး။ နောက်ဆုံးသေခါနီးအထိ ခေါင်းမာနေမှာဖြစ်တယ်”

— NUG ယာယီသမ္မတ

“ဒီတိုင်းပြည်မှာ ပြည်သူဆန့်ကျင်ရေး၊​လူထုဆန့်ကျင်ရေးကို လုပ်ခဲ့တဲ့ စစ်တပ်သည် ဘယ်တော့မှ အောင်ပွဲမရစေရဘူးဆိုတာ ဒီကနေ လူထုကို သတင်းစကားပြောကြားလိုတယ်” — KNDF ဒုစစ်ဦးစီးချုပ်

အီယိုရီ/People’s Spring

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ လုံးဝကျဆင်းနေပြီး စစ်တိုက်ရာ၌လည်း အောက်ဆုံးအဆင့် ရောက်ရှိနေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF ဒုတိယစစ်ဦးစီးချုပ် ကိုမာဝီက ပြောသည်။

စဥ့်ကူး ၊မတ္တရာ ၊ သပိတ်ကျင်းမြို့နယ်တိုက်ပွဲများတွင် ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် (မန္တ​လေး သိမ်းဆည်းရရှိခဲ့​သောလက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများ။ဓါတ်ပုံ-MDY-PDF

ကရင်နီဒေသအပါအဝင် နိုင်ငံတဝန်း၌ တော်လှန်ရေးတပ်ဖွဲ့များ အောင်မြင်နေပြီဆိုသော သက်သေတစ်ခုမှာ အကြမ်းဖက်စစ်ကောင်စီက စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်းနေပြီး ၎င်းတို့ ပြုကျင့်ခဲ့သည့် အရာအားလုံးမှ မလွတ်မြောက်နိုင်တော့ဘဲ ရှောင်လွှဲ၍မရသည့် အကုသိုလ်များကို ခံစားနေရပြီဟု KNDF ဒုစစ်ဦးစီးချုပ်က ယနေ့(သြဂုတ် ၁၀ရက်)ကျင်းပသော ‘ပြည်သူများသို့ အောင်စကား’ဆွေးနွေးပွဲ၌ ပြောသည်။ ယင်းဆွေးနွေးပွဲစကားဝိုင်းသို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ၊ ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ စီမံ/ဘဏ္ဍာဝန်ကြီးနှင့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်တို့ တက်ရောက်ကြသည်။

Public Service Announcement

Public Service Announcement

“သူတို့လုပ်နေတဲ့ လုပ်ရပ်တွေ၊ သူတို့ပြောနေတာ အားလုံးသည် တကယ်ကို တပ်မတော်ဆိုတဲ့ ဂုဏ်ပုဒ်ကြီးတစ်ခုရဲ့အောက်က အံဝင်ဂွင်ကျပြောနေ၊ လုပ်နေတာမျိုး မဟုတ်တော့ဘူးဆိုတာကြီးက လက်တွေ့မြေပြင်မှာ ဖြစ်တည်နေတာ တွေ့ရတယ်” ဟု KNDF ဒုစစ်ဦးစီးချုပ်က ဆိုသည်။

စစ်မြေပြင်တွင် တိုက်ခိုက်လိုစိတ်လုံးဝမရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားကို တွေ့ရပြီး သေနတ်ကို မိုးပေါ်ထောင်ပစ်ကြကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အရှင်ဖမ်းဆီးနိုင်သည့်ဖြစ်ရပ်များစွာရှိကြောင်း မြေပြင်အခြေအနေကို KNDF ဒုစစ်ဦးစီးချုပ်က အသိပေးသည်။

စဥ့်ကူး ၊မတ္တရာ ၊ သပိတ်ကျင်းမြို့နယ်တိုက်ပွဲများတွင် ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် (မန္တ​လေး သိမ်းဆည်းရရှိခဲ့​သောလက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများ။ဓါတ်ပုံ-MDY-PDF

လက်ရှိအခြေအနေသည် ကျီးလန့်စာစားနေရသူများမှာ စစ်ကောင်စီနှင့် ၎င်းတို့နှင့်ပတ်သက်ဆက်နွှယ်သူများဖြစ်ပြီး တချိန်က ‘သေရဲတဲ့ကောင်ထွက်ခဲ့’ ဟု ကြွေးကြော်ခဲ့သူများမှာ ကတုတ်ကျင်းအတွင်း ပုန်းအောင်းနေကာ သေမည်ကို ကြောက်ရွံ့နေရသည့်အခြေအနေဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“စစ်ကောင်စီနဲ့ စစ်ကောင်စီနဲ့ပတ်သက်တဲ့ မိသားစုဝင်တွေ၊ အကျိုးစီးပွားလုပ်နေသူအားလုံးက ကျီးလန့်စာစားနေရတာက သူတို့ဖြစ်သွားပြီ။ ဒါသည် ကျွန်တော်တို့ အောင်ပွဲဖြစ်တယ်။ ကျွန်တော်တို့ရဲ့ကြိုးစားအားထုတ်မှုတွေထဲက ဖြစ်ပေါ်လာတဲ့ အသီးအပွင့်တွေ ဖြစ်တယ်” ဟု ကိုမာဝီက ပြောသည်။

ဆက်လက်ပြီး ၎င်းက “ဒီတိုင်းပြည်မှာ ပြည်သူဆန့်ကျင်ရေး၊​လူထုဆန့်ကျင်ရေးကို လုပ်ခဲ့တဲ့ စစ်တပ်သည် ဘယ်တော့မှ အောင်ပွဲမရစေရဘူးဆိုတာ ဒီကနေ လူထုကို သတင်းစကားပြောကြားလိုတယ်” ဟု ပြောသည်။

သို့ရာတွင် တော်လှန်ရေးအင်အားစုများ စည်းလုံးညီညွတ်ရေးမှာ အရေးကြီးပြီး အားလုံး စည်းလုံးညီညွတ်ပါက အောင်ပွဲမှာ ယနေ့ သို့မဟုတ် မနက်ဖြန် ဖြစ်ကြောင်း KNDF ဒုစစ်ဦးစီးချုပ်က သတိပေးသည်။

NUG ယာယီသမ္မတ ဒူဝါလရှီးလကလည်း စစ်ကောင်စီသည် လုံးဝပြိုကျနေပြီး စစ်တိုက်နိုင်သည့် စွမ်းပကားနှင့် ခွန်အားလည်း မရှိတော့ကြောင်း ယနေ့ ပြောသည်။

“မင်းအောင်လှိုင်က ရူးနေတဲ့သူဖြစ်တဲ့အတွက်ကြောင့် အဲဒီလို(ရှုံးတယ်ဆိုတာ)ပြောမှာမဟုတ်ပါဘူး။ နောက်ဆုံးသေခါနီးအထိ ခေါင်းမာနေမှာဖြစ်တယ်။ ကျွန်တော်တို့ ယုံကြည်ချက်ကို ရဲရဲတင်းတင်း၊ အားလုံးရဲ့ စည်းလုံးညီညွတ်မှုအားနဲ့ ဆက်ပြီး လုပ်ဆောင်သွားဖို့ ဖြစ်တယ်ဆိုတာ အင်မတန်မှ အရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

လက်ရှိတော်လှန်ရေးသည် တိုင်းရင်းသားပြည်သူလူထုအားလုံး ပါဝင်သည့်အတွက် ယခုကဲ့သို့အောင်မြင်နေခြင်းဖြစ်ပြီး ယခုအချိန်သည် ပြည်သူလူထုက အကြမ်းဖက်စစ်ကောင်စီ၏ လည်မြိုကို ညှစ်ထားပြီးဖြစ်ကာ အပြီးသတ်အောင်ပွဲရရှိရန် ဆက်လက်လုပ်ဆောင်ရန်သာလိုအပ်ကြောင်း ယာယီသမ္မတက တိုက်တွန်းပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။