Connect with us

Hi, what are you looking for?

သတင်း

သီပေါတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့တွင် ယနေ့(ဩဂုတ် ၁၄ရက်)နံနက်ကစ၍ တိုက်ပွဲ ပြင်းထန်နေပြီ စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်နေသည်။

သီပေါမြို့တွင် ဗုံးကြဲတိုက်ခိုက်နေသော စစ်ကောင်စီ​၏ Y-12လေယာဉ်တစ်စီးအား တွေ့ရစဉ်။ဓာတ်ပုံ - TNLA

မိထက်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့တွင် ယနေ့(ဩဂုတ် ၁၄ရက်)နံနက်ကစ၍ တိုက်ပွဲ ပြင်းထန်နေပြီ စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်နေသည်။

” Y-12နဲ့ရော ဂျက်ဖိုက်တာနဲ့ပါ လေကြောင်းက ပစ်နေတာ။ ဗုံးတွေကြဲတယ်။ ရဲစခန်းပတ်ဝန်းကျင်ကို ပိုကြဲနေတယ်”ဟု သီပေါမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားထိခိုက်မှုများရှိသော်လည်း ပြင်ပသို့ထွက်မရသည့် အရေးပေါ်အခြေအနေဖြစ်၍ အတ်ိအကျမသိရသေးကြောင်း မြို့ခံတစ်ဦးကပြောသည်။

သီပေါမြို့ရှိ ရဲစခန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအပါအဝင် စစ်ကောင်စီစခန်းများကို ဩဂုတ် ၁၀ရက် နံနက်အစောပိုင်းမှစ၍ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် မဟာမိတ်များက တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နေ့လယ်ပိုင်းတွင် ခလရ(၂၃)၊ ခမရ (၅၀၃)၊ ခမရ(၅၀၄)အတွင်းသို့ ဆုတ်ခွာသွားခဲ့သည်။

ထို့နောက် လက်နက်ချရန် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ကမ်းလှမ်းညှိနှိုင်းသော်လည်း အဆင်မပြေဘဲ ည ၇နာရီခန့်တွင် တိုက်ပွဲပြန်ဖြစ်ခဲ့သည်။

ဩဂုတ် ၁၀ရက်ကတိုက်ပွဲတွင် သီပေါအကျဉ်းထောင် ပွင့်သွားပြီး နိုင်ငံအကျဉ်းသား ၂၉ဦးအပါအဝင် အကျဉ်းသား ၁၀၉ ဦးကို မဟာမိတ်တပ်များက ကယ်ထုတ်ခဲ့သည်။

သီပေါတိုက်ပွဲသည် ငါးရက်ကြာလာပြီဖြစ်ပြီး တိုက်ပွဲအတွင်း ဒေသခံ ၁၅ဦးထက်မနည်း သေဆုံးကြောင်း သတင်းရရှိသော်လည်း ဖုန်းလိုင်းဆက်သွယ်ရေးအခက်အခဲကြောင့် အသေးစိတ်အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၉ရက်ည သန်းခေါင်လောက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန်လ ၂၀ရက် နေ့လည်ပိုင်းနဲ့ မနက်ပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့တယ်လို့ ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။