Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ရှိ စစ်ကောင်စီတပ်စခန်း ၂ခုကို KIA ထိုးစစ်ဆင်

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့နံနက်တွင် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ရှေ့တန်းတနေရာတွင် တွေ့ရသော KIA ရဲဘော်များ။ ဓာတ်ပုံ - The Kachin Net

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့နံနက်တွင် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဩဂုတ် ၁၄ရက် နံနက်စော ၃နာရီကတည်းက ဖားကန့်မြို့နယ် တောမော်စခန်းနှင့် လမောင်ကုန်း စခန်းကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ယနေ့ညပိုင်းတွင် ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့လည်း ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

KIA သတင်းပြန်ကြားရေးဌာန၏ ကချင်ဘာသာ သတင်းထုတ်ပြန်ချက်တွင် လမောင်ကုန်းစခန်းနှင့် တော်မော်စခန်းတို့အား KIA တပ်မဟာ(၉) တပ်ဖွဲ့ဝင်များက တိုက်ခိုက်လျက်ရှိဟု အသိပေးထားသည်။

ယခု KIAထိုးစစ်ဆင်နေသည့် တပ်စခန်းများသည် ဖားကန့်မြို့ရှိ စစ်ကောင်စီတပ်အတွက် အရေးပါသည့် တပ်စခန်းများဖြစ်သည်ဟု စစ်ကောင်စီ ဝါဒဖြန့်သူအချို့က လူမှုကွန်ရက်တွင်ရေးသားထားပြီး စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေးခုခံနေကြောင်း အသိပေးထားသည်။ ထို့ပြင် တိုက်ပွဲတွင် ပစ်ကူပေးခြင်းထက် KIO/KIA ဌာနချုပ်ကို လေကြောင်းတိုက်ခိုက်ရန် နှိုးဆော် ထားသည်ကို တွေ့ရသည်။

KIA စစ်ရေးသတင်းများ ဖော်ပြနေသည့် 7Stars News ၏ ဖားကန့်တိုက်ပွဲသတင်းဖော်ပြချက်တွင် ဖားကန့်မြို့အနီး တပ်စခန်း ၂ခုကို KIAနှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်နေခြင်းဖြစ်ပြီး တိုက်ပွဲစတင်ချိန်မှ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်လျက်ရှိကာ တိုက်ပွဲပြင်းထန်နေသည်ဟု ဆိုသည်။

KIA အနေဖြင့် ဖားကန့်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းအများအပြားကိုသိမ်းပိုက်ထားပြီး မြို့နယ်ဧရိယာအများစုကို စိုးမိုးထိန်းချုပ်ထားသည့် အခြေအနေတွင် မြို့အနီး စစ်ကောင်စီတပ်အတွက် အရေးပါသည့် စစ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်လာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်‌ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။