Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးတွင် စစ်တပ် လက်နက်ကြီးပစ်ခတ်၍ ရှေးဟောင်းစေတီအချို့ ပျက်စီး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ရှေးဟောင်းစေတီအချို့ ပြိုကျပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

ပြိုကျပျက်စီးသွားသော စေတီအချို့အား တွေ့ရစဥ်။ဓာတ်ပုံ - ရွှေညာမြေ

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ရှေးဟောင်းစေတီအချို့ ပြိုကျပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့(သြဂုတ် ၁၅ရက်) ည ၈နာရီခန့်က စစ်ကောင်စီ၏ တပ်မ(၉၉)လက်အောက်ခံ မြင်းခြံမြို့၊ အမှတ်(၁၅) ခြေမြန်တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ နွားထိုးကြီးမြို့နယ်၊ သူစိုးကျေးရွာ(ခ)တစိုးရွာရှိ ရှေးဟောင်းစေတီတစ်ဆူဖြစ်သော လှိုင်ရှည်စေတီနှင့် စေတီအချို့ ပြိုကျ​ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ပြိုကျပျက်စီးသွားသော စေတီအချို့အား တွေ့ရစဥ်။ဓာတ်ပုံ – ရွှေညာမြေ

“တိုက်ပွဲမရှိဘဲနဲ့ ပစ်တာပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ သြဂုတ် ၁၄ရက်ကလည်း ခမရ(၁၅)မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍

လက်ဝဲမြင်းနီကျေးရွာ ရွှေပွင့်စင်ဘုရားအတွင်းရှိ စေတီငယ်တစ်ဆူ ပျက်စီးခဲ့ကြောင်း သိရသည်။

နွားထိုးကြီးမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် တိုက်ပွဲများဆက်လက်ဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီက ကျေးရွာများအား လေယာဥ်များ ဆက်တိုက်ဝဲပျံနေပြီး တောင်သာ နှင့် နွားထိုးကြီးမြို့နယ်ရှိ ကျေးရွာအချို့ လေကြောင်းမှပစ်ခတ်မှုများရှိနေကြောင်း မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်း နွားထိုးကြီး PDF၏ တာဝန်ရှိသူက ပြောသည်။

သြဂုတ် ၁၀ရက်က မြင်းခြံခရိုင် အထူးစစ်ဆင်ရေး၏ နွားထိုးကြီးမြို့ပေါ်တိုက်ပွဲတွင် စစ်ကောင်စီတပ်စခန်း လေးခုကိုအပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး စစ်အုပ်စုဝင် အများအပြားသေဆုံးကာ လက်နက်၂၇လက်နှင့် စစ်သုံ့ပန်း သုံးဦး ဖမ်းဆီးရမိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၉ရက်ည သန်းခေါင်လောက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်