Connect with us

Hi, what are you looking for?

သတင်း

သီပေါမြို့ထိန်းချုပ်ထားနိုင်ပြီး လက်ကျန်တပ်ရင်းသုံးခုသာ သိမ်းပိုက်ရန်ကျန်ဟု TNLA ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့၌ ယနေ့(ဩဂုတ် ၁၆ရက်) တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း တအာင်းတပ်မတော်(TNLA) ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။

သီပေါမြို့သိမ်းတိုက်ပွဲဆင်နွှဲလျက်ရှိသည့် TNLA ရဲဘော်များ။ ဓာတ်ပုံ - TNLA

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့၌ ယနေ့(ဩဂုတ် ၁၆ရက်) တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း တအာင်းတပ်မတော်(TNLA) ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။

သီပေါမြို့သိမ်းတိုက်ပွဲဆင်နွှဲလျက်ရှိသည့် TNLA အနေဖြင့် လက်ရှိတွင်မြို့ကို စိုးမိုးထိန်းချုပ်ထားနိုင်သည့် အခြေအနေရှိပြီး စစ်ကောင်စီတပ်များဖြစ်သော ခလရ(၂၃)၊ ခမရ(၅၀၃)၊ (၅၀၄) တပ်ရင်းတို့သာ ကျန်ရှိတော့ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

သီပေါမြို့သိမ်းတိုက်ပွဲဆင်နွှဲလျက်ရှိသည့် TNLA ရဲဘော်များ။ ဓာတ်ပုံ – TNLA

“ဒီကနေ့ကသီပေါမှာ တိုက်ပွဲမှာ ခလရ(၂၃)မှာ တိုက်ပွဲဖြစ်နေပါတယ်။ စစ်ကောင်စီဘက်က လေကြောင်းတွေသုံးပြီး လက်နက်ကြီး ပစ်ခတ်တာတွေရှိပါတယ်”ဟု လွေးယေဦးက ပြောသည်။

သီပေါမြို့ကို TNLAထိန်းချုပ်နိုင်သည့် အခြေအနေရှိပြီလားဟု မေးမြန်းရာ လွေးယေဦးက “လက်ရှိ သီပေါမြို့ကိုတော့ ဌာနဆိုင်ရာရုံးတွေကို ထိန်းချုပ်နိုင်ခဲ့ပြီ”ဟု ပြောသည်။

သီပေါမြို့တိုက်ပွဲများအတွင်း အရပ်သားပြည်သူ ၁၀ဦးထက်မနည်းသေဆုံးခဲ့ပြီး ၁၅ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်းလည်း ၎င်းက ပြောသည်။

သီပေါဒေသခံ တစ်ဦးကလည်း ဩဂုတ် ၁၆ရက်က သီပေါမြို့တိုက်ပွဲအခြေအနေကို ရေးသားထားရာ ယမန်နေ့ညပိုင်းတွင် စစ်ကောင်စီက Y-12 လေယာဉ်ဖြင့် ဗုံးကြဲခဲ့ကြောင်း၊ ယနေ့နံနက် အစောတွင်လည်း Y-12 လေယာဉ်ဖြင့် ဗုံးလာကြဲခဲ့ပြီး နံနက် ၉နာရီခန့်မှစ၍ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။ ထိုသို့ လေကြောင်း တိုက်ခိုက်မှုကြောင့် ယမန်နေ့တွင် ဒဏ်ရာရခဲ့သည့် အမျိုသားတစ်ဦးသည် အချိန်မီဆေးကုသနိုင်ခြင်းမရှိ၍သေဆုံးသွားသည်ဟု ဆိုသည်။

ယနေ့တွင် မိုးမိတ်မြို့နယ်တွင်လည်း TNLAနှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းလည်း လွေးယေဦးက အသိပေးသည်။

TNLA အနေဖြင့် ဇွန်လ ၂၅ရက်မှစ၍ ၁၀၂၇ စစ်ဆင်ရေးကို မဟာမိတ်များနှင့် ပူးပေါင်းဖော်ဆောင်ခဲ့ရာ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲမြို့များကို သိမ်းပိုက်ထားပြီး သီပေါမြို့ကို

ဆက်လက်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ထို့ပြင် TNLA သည် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် စစ်ဆင်ရေးများ၌လည်း ပါဝင်ဆင်နွှဲလျက်ရှိသည်။ ရှမ်းမြောက်ပြင်ပ စစ်ဆင်ရေးအခြေအနေများကို မေးမြန်းရာ လွေးယေဦးက လတ်တလောဖြေကြားလိုခြင်းမရှိသေးဟု ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။