Connect with us

Hi, what are you looking for?

သတင်း

မူးမြစ်ရေတက်လာလို့ ဝက်လက်မှာ ကျေးရွာ ၁၅ ရွာနဲ့ စစ်ရှောင်တဲတွေ ဘေးလွတ်ရာပြောင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ မူးမြစ်ရေတက်လာလို့ ကျေးရွာ ၁၅ ရွာနဲ့ စစ်ရှောင်တဲတွေပါ ဘေးလွတ်ရာပြောင်းရွှေ့နေရကြောင်း ဝက်လက် ပကဖအဖွဲ့က ပြောပါတယ်။

(ဝက်လက်နယ်အတွင်း ရေဘေးသင့်ကျေးရွာများမှ ပြည်သူများအား တွေ့ရစဥ် ဓာတ်ပုံ-ဝက်လက်ပကဖ)

သြဂုတ် ၈၊ ၂၀၂၆။ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ မူးမြစ်ရေတက်လာလို့ ကျေးရွာ ၁၅ ရွာနဲ့ စစ်ရှောင်တဲတွေပါ ဘေးလွတ်ရာပြောင်းရွှေ့နေရကြောင်း ဝက်လက် ပကဖအဖွဲ့က ပြောပါတယ်။

ဒီကနေ့ သြဂုတ် ၈ ရက်မနက်မှာ ဝက်လက်မြို့နယ် အနောက်ခြမ်း၊ မူးမြစ်ကမ်းဘေးက စွယ်ကွေ့၊ မူးကြိုး၊ဥယျာဉ်သာ၊ တည်တော၊ သမရိုး၊ ကိုင်း၊ နဘဲလှ၊ ရွှေအိုးရ ၊မင်းကန်၊ သရက်ချို၊ ကျောက်ကုံး၊ ဥယျာဉ်သာ (မ)၊ မြင်းသီ၊ ကျောက်တိုင်နဲ့ မူးကမ်းလေ အစရှိတဲ့ ကျေးရွာ(၁၅)ရွာအတွင်း ရေတွေ ဝင်ရောက်လာလို့ ဒေသခံတွေ ရေဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း ဝက်လက်ပကဖအဖွဲ့က ပြောပါတယ်။

ဒါ့အပြင် ဝက်လက်မြို့နယ်ကို ရောက်ရှိနေတဲ့ စစ်ဘေးရှောင်တဲတွေလည်း ရေဘေးသင့်တာကြောင့် ထပ်မံတိမ်းရှောင်နေရတယ်လို့ ဝက်လက်ပကဖအဖွဲ့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ စစ်ရှောင်စာရင်းကတော့ ပြုစုနေတုန်းပါ။ အကူအညီတွေကတော့ အများကြီးလိုအပ်နေပါတယ်”လို့ ဝက်လက်ပကဖအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ရွှေဘိုခရိုင်ကို ရေကြီးစေခဲ့တဲ့ သဖန်းဆိပ်ဆည်​ ရေအဝ​င်အနည်းငယ်လျော့နေပြီး ကင်းတပ်ဆည်​အောက်ဘက်က မူးမြစ်​ရေမှာ ​ရေများ​နေဆဲဖြစ်ကြောင်း၊ ကန့်ဘလူအ​နောက်ခြမ်း၊တန့်ဆည်အ​ရှေ့ခြမ်း၊​ရေဦးနယ်​တွေဘက် ၁ ​ပေခန့် ​ရေပြန့်ကျသွားကာ ​အောက်ဘက်ပိုင်း​ကမြို့နယ်တွေဘက် ​​ရေတိုး​​နေကြောင်း Infinity Group က အသိပေးပါတယ်။

တန့်ဆည်အ​ရှေ့ခြမ်းက ​ရေမြုပ်ဧရိယာ​တွေဘက် စား​သောက်​ရေးနဲ့ကယ်ဆယ်​ရေးကိစ္စများအတွက် ကိုယ်ထူကိုယ်ထ လုပ်​နေကြရဆဲဖြစ်ပြီး အလှူရှင်တွေ၊ ကူညီကယ်ဆယ်ရေးတွေ လိုအပ်နေကြောင်း သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။