Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းမြို့ ကို စစ်ကောင်စီလေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်နေ

စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တိမ်းရှောင်နေရတဲ့ ဒီပဲယင်းဒေသခံပြည်သူတွေကိုတွေ့ရစဉ်။ ဓာတ်ပုံ - ဒီပဲယင်းမြို့နယ် ညီနောင်များ

ဆိုင်းမင်း/People’s Spring

စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဒီပဲယင်းမြို့ပေါ်က စစ်တပ်တပ်စွဲရာနေရာတွေ ၊ရဲစခန်း နဲ့ထွေအုပ်ရုံးတို့ကိုတော်လှန်ရေးအင်အားစုတွေက မနေ့ သြဂုတ်လ ၁၆ ရက်က စတင်တိုက်ခိုက်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

စတင်တိုက်ခိုက်ခံရတဲ့မနေ့ကစပြီး ဒီပဲယင်းကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက် နေတာ ဖြစ်ပြီး ဒီနေ့မှာလည်း ဗုံးကြဲနေဆဲလို့ ဒေသခံ ထံကသိရပါတယ်။

ဒီပဲယင်းက စစ်ရှောင်အရေး ကူညီပေးနေတဲ့ ဒီပဲယင်းညီနောင်များအဖွဲ့ ရဲ့ အသိပေးချက်အရ ဒီနေ့ နေ့ ခင်းပိုင်း ၁ နာရီ ဝန်းကျင်မှာ တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မြို့မကျဖို့အတွက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်ရာမှာ အပေါ့စားသယ်ယူပို့ဆောင်ရေးလေယာဉ် Y 12 အပြင် ဂျက်တိုက်လေယာဉ်နဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်ပါ ပါဝင်တယ်လို့ ဒေသခံတွေထံကသိရတယ်။

မနေ့ကနေ ဒီနေ့အထိ နှစ်ရက်တာအတွင်း ဒီပဲယင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ အကြိမ်ရေ ၂၀ ထက်မနည်းရှိခဲ့ပါတယ်။

ဒါအပြင် ဒီပဲယင်း မြို့ ဆီ ၉ မိုင်ခန့်အကွာမှာရှိတဲ့ ရေဦးမြို့ဘက်က စစ်ကောင်စီစ စစ်ကြောင်းတွေ ဆင်းလာတာကြောင့် ဒီပဲယင်း- ရေဦးကားလမ်းတလျောက်က ရွာတွေ စစ်ရှောင်နေကြရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

Facebook