Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုတွင် တိုက်ပွဲဆက်ဖြစ်၊ သီပေါတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ အရပ်သားနှစ်ဦး ထပ်မံသေဆုံး

တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထားသည့် နောင်ချိုမြို့နယ်တွင် ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

ဟန်နွေ/People’s Spring

တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထားသည့် နောင်ချိုမြို့နယ်တွင် ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။

ဩဂုတ် ၂၀ရက် TNLA စစ်ရေးလှုပ်ရှားရာဒေသ တိုက်ပွဲဖြစ်ပွားမှု အခြေအနေကို မေးမြန်းရာ နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာအနီး တိုက်ပွဲဆက်ဖြစ်နေကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် စစ်ကောင်စီတပ်က သီပေါမြို့နယ်ကို လေကြောင်း တိုက်ခိုက်ခဲ့၍ အရပ်သားသေဆုံးထိခိုက်မှု ဆက်လက်ဖြစ်ပေါ်ခဲ့ကြောင်း လွေးယေဦးက ပြောပြသည်။

Public Service Announcement

Public Service Announcement

“သီပေါမှာ ဒီကနေ့နဲ့ မနေ့ကအချိန်ထိ တိုက်ပွဲဖြစ်ပွားတာမရှိဘူး။ စစ်ကောင်စီကအရပ်သားလူထုတွေကို ဦးတည်ပြီးတော့ လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်တာကြောင့် အရပ်သား ၂ဦးသေဆုံးခဲ့ပါတယ်” ဟု လွေးယေဦးက ပြောပြသည်။

သီပေါမြို့လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၂ဦးသေဆုံးကာ စက်သုံးဆီ သိုလှောင်ကန်မီးလောင်မှု ဖြစ်ခဲ့ကြောင်း TNLAက ယနေ့ မွန်းလွဲပိုင်း၌ သတင်းထုတ်ပြန်ထားသည်။

သြဂုတ် ၁၈ရက်တွင် သီပေါမြို့ရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း-၂၃ အနီးရှိ နားမုံရပ်ကွက်၌ လေကြောင်းတိုက်ခိုက်ခဲ့၍ အမျိုးသား ၂ဦး သေဆုံးခဲ့ရသည်ဟု ဆိုသည်။

ယမန်နေ့တွင်လည်း သီပေါမြို့ ကျောက်စုရပ် ကွက်ရှိ AAAဆီသိုလှောင်ကန်အတွင်းသို့ စစ်ကောင်စီ၏ လက်နက်ကြီးကျ‌ရောက်ပေါက်ကွဲခဲ့၍ မီးလောင်မှု ဖြစ်ခဲ့ရာ TNLA ၏ သီပေါမြို့မီးသတ်တပ်ဖွဲ့နှင့် မြို့ခံပြည်သူလူထုများ အချိန်မှီဝိုင်းဝန်းမီးငြိမ်းသတ်နိုင်ခဲ့ဟု ဖော်ပြသည်။

ဩဂုတ် ၁၆ရက်ကလည်း သီပေါမြို့နယ် နမ့်လန် တွင် စစ်ကောင်စီမှ လေယာဉ်ဖြင့် လာရောက် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး တစ်ဦး ထိမှန်ဒဏ်ရာရရှိပြီး နေအိမ် နှစ်လုံးပျက်စီးသွားခဲ့ကြောင်း ထုတ်ပြန်သည်။

TNLAသည် သီပေါမြို့သိမ်းတိုက်ပွဲဆင်နွှဲလျက်ရှိရာ မြို့ကို ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီ လက်ကျန် စခန်းအချို့ကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်။

သီပေါမြို့တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများရှိခဲ့ရာ သြဂုတ် ၁ရက်နေ့မှ ၁၉ရက်အထိ သေဆုံးသူအရပ်သား ၁၄ဦး ရှိပြီး ၄၂ဦး ဒဏ်ရာရခဲ့ဟု TNLAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မြောက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ နွားထိုးကြီး-ပြင်စည်လမ်းပိုင်းကို မနက် ၅နာရီကနေ ည ၇နာရီအချိန်အထိသာ အသုံးပြုသွားလာရန် မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ထားပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က စစ်တောင်မြစ်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ နေ့စဉ်ဗုံးကြဲနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။