Connect with us

Hi, what are you looking for?

သတင်း

ဖားအံမြို့က ပြည်သူ့စစ်အဖွဲ့ဝင်တွေ စစ်ကောင်စီထံ လက်နက်ပြန်အပ်

ကရင်ပြည်နယ် ၊ ဖားအံမြို့နယ်ထဲက ပြည်သူ့စစ်အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီထံ လက်နက်ပြန်အပ်ပြီး နှုတ်ထွက်လိုက်ကြပြီလို့ ပြည်သူ့စစ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရသိရပါတယ်။

ကျောက်ဆည် ပြည်သူ့စစ်အဖွဲ့ဝင်တွေကို စစ်ကောင်စီ က လက်နက်တပ်ဆင်ပေးပုံ (ဓာတ်ပုံ - စစ်ကောင်စီ)

နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ် ၊ ဖားအံမြို့နယ်ထဲက ပြည်သူ့စစ်အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီထံ လက်နက်ပြန်အပ်ပြီး နှုတ်ထွက်လိုက်ကြပြီလို့ ပြည်သူ့စစ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရသိရပါတယ်။

ဖားအံမြို့နယ်ထဲ ကျောက်တလုံး ၊ ဝင်းဒရယ် ၊ တံတားဦး ၊ ဝါးဘိုးတော ၊ ဘင်ဂျီ စတဲ့ ရွာတွေ ကပြည်သူ့စစ် အားလုံးနီးပါး လက်နက် ပြန်အပ်လိုက်ကြတာလို့ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို လက်နက်ပြန်အပ်လိုက်တဲ့ ပြည်သူ့စစ်တွေဟာ မော်လမြိုင်အခြေစိုက် စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။

လက်ရှိ နိုင်ငံရေးနဲ့ စစ်ရေးအခြေအနေ ကြောင့် ပြည်သူ့စစ်အဖွဲ့ဝင်အဖြစ်ဆက်လက် ပါဝင်ဖို့ မပျော်ရွှင်တော့တာ ၊ စစ်ကောင်စီရဲ့ လက်နက်ရိက္ခာထောက်ပံ့မှု မထိရောက်တာ အပြင် KNU တပ်မဟာ (၁) ရဲ့ ဖိအားပေးမှုတွေကြောင့် လက်နက်ပြန်အပ်ကြတာလို့ ပြည်သူ့စစ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်က ရှင်းပြပါတယ်။

“ကြားတာကတော့ လုပ်လို့မပျော်တော့ဘူး သေနတ်အပ်လိုက်ပြီ၊ နောက်ပြီး ကေအဲန်ယူကလည်း ဖိအားပေးတယ်” လို့ အဲဒီသတင်းရင်းမြစပြောပါတယ်။

ဖားအံ ဟာ KNU တပ်မဟာ (၁) စစ်ရေးလှုပ်ရှားရာနယ်မြေလည်းဖြစ်ပါတယ်။ ဖားအံမြို့နယ်အတွင်း စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ခန့်မှန်းခြေ အင်အား ၁၀၀ဝန်းကျင်ခန့် ရှိတယ်လို့ သိရပါတယ် ။

စစ်ကောင်စီထံ လက်နက်ပြန် အပ်လိုက်တဲ့ ပြည်သူ့စစ်တွေထဲမှာ ဖားအံနယ်မြေထဲ လှုပ်ရှားနေတဲ့ နယ်ခြားစောင့်တပ်(BGF) နဲ့ ဗိုလ်ဘိဦးဆောင်တဲ့ တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်(DKBA)ထံ သွားရောက်ပူးပေါင်းကြတာရှိပါတယ်။

ဘယ်အဖွဲ့ ဆီမှ မပူးပေါင်းဘဲ KNU တပ်မဟာ (၁) ဆီမှာ ခံဝန်ထိုးပြီးအရပ်သားအဖြစ်သာ နေထိုင်ကြမယ့်သူတွေလည်းရှိတယ်လို့သိရပါတယ်။

လက်နက်ပြန်အပ်လိုက်တဲ့ ပြည်သူ့စစ်တွေဟာ ဖားအံမြို့ ၊သံလွင်မြစ်အနောက်ခြမ်းက ဖြစ်ပြီး မြစ်အရှေ့ခြမ်းက အဖွဲ့ဝင်တွေကတော့ စစ်ကောင်စီနဲ့ပူးပေါင်းနေဆဲလို့ သတင်းရင်းမြစ်က ပြောပါတယ်။

ဖားအံမြို့နယ်ထဲက နယ်ခြားစောင့်တပ်တွေနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေအနေနဲ့ နှုတ်ထွက်ကြဖို့၊ စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းက KNU တပ်မဟာ (၁) က ထုတ်ပြန်ထားခဲ့ပါတယ်။

ဖားအံမှာ မြို့ ၊ရွာ ၊ ရပ်ကွက် လုံခြုံရေးအတွက်ဆိုပြီး ပြည်သူ့စစ်တပ်ဖွဲ့ကို ယခင်စစ်အစိုးရ လက်ထက်မှာ စတင်ဖွဲ့စည်းပေးထားခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ပူတာအိုဒေသမှာ စစ်တပ်နဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့က လူမျိုးရေးနဲ့ဘာသာရေးအသုံးချပြီး စစ်သားစုဆောင်နေသလို ဒေသခံလူထုရဲ့စည်းလုံးမှုကွဲအောင် လှုံ့ဆော်နေတဲ့အတွက် ဆန့်ကျင်ဖို့နဲ့ ချိန်းခြောက်ခံရပါက လာရောက်ခိုလှုံကြဖို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့မှာအာဏာသိမ်းစစ်တပ်ဖွဲ့စည်းပေးထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေကအရပ်သားတွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ငွေညှစ်တာတွေ ဖြစ်ပျက်နေတယ်လို့ မြ၀တီမြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရှမ်းနဲ့ ကချင်ကြားအငြင်းပွားမှုပိုတိုးစေဖို့ စစ်တပ်ကပြဿနာတွေ ဖန်တီး​နေ

သတင်း

ပူတာအိုဒေသမှာ စစ်တပ်နဲ့ ပြည်သူ့စစ်က စစ်မှုထမ်းလူ ၂၅၀၀ ပြည့်မီအောင် နည်းမျိုးစုံနဲ့ စုဆောင်းဖို့ လုပ်နေဟုဆို