Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တွင် တစ်ရက်တည်း ယာဉ်တိုက်မှုကြောင့် နှစ်ဦးသေဆုံး

ရန်ကုန်မြို့တွင် ယမန်​နေ့ (ဩဂုတ် ၂၂ ရက်)က ယာဉ်တိုက်မှုကြောင့် သေဆုံးသူ နှစ်ဦးရှိကြောင်း လူမှူကူညီရေး အသင်းများထံမှသိရသည်။

သတိုး / People’s Spring

ရန်ကုန်မြို့တွင် ယမန်​နေ့ (ဩဂုတ် ၂၂ ရက်)က ယာဉ်တိုက်မှုကြောင့် သေဆုံးသူ နှစ်ဦးရှိကြောင်း လူမှူကူညီရေး အသင်းများထံမှသိရသည်။

ဩဂုတ် ၂၂ ရက် နံနက် ၁ နာရီခန့်တွင် ဒဂုံမြို့နယ် ပြည်လမ်းမပေါ်၌ အဘိုးအိုတစ်ဦး ကားတိုက်ခံရပြီး နေရာ၌ ပွဲချင်းပြီးသေဆုံးသွားကြောင်း စမ်းချောင်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ ရဲသူရိန်က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ယင်းယာဉ်တိုက်မှုဖြစ်တွင် ယာဉ်မောင်းထွက်ပြေးသွားပြီး သေဆုံးသွားသူနှင့်ပတ်သက်၍ စစ်ဆေးမှုများပြုလုပ်နိုင်ရန် ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့သည်ဟု ယင်းအဖွဲ့ကဆိုသည်။

ထိုအပြင် တ​နေ့တည်းမှာပင် သာကေတမြို့နယ် ၈ ရပ်ကွက် ဧရာဝဏ်လမ်းမပေါ်တွင် လမ်းဖြတ်ကူးသည့် အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး ကားတိုက်ခံရကာသေဆုံးသွားကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့ထံမှသိရ သည်။

ဩဂုတ် ၂၁ ရက်ညကလည်း သာကေတမြို့နယ် ၈ရပ်ကွက် ကမာကြည်လမ်းမ‌ပေါ်၌ လမ်းဖြတ်ကူးသည့် အသက် ၂၀ အရွယ် အမျိုးသားနှစ်ဦးကို ယာဉ်တစ်စီးကတိုက်ပြေးခဲ့သောကြောင့် ဒဏ်ရာရရှိသူများကို မြေပြင်ကုသမှုပေးကာ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း ယင်းအဖွဲ့ကဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်မှာ ကားလမ်းဖြတ်ကူးနေစဉ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ကားတိုက်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သတင်း

လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့ တနေရာမှာ (၃၈)နှစ်ပြည့် ၈‌လေးလုံး အထိမ်းအမှတ် လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က ပြုလုပ်ခဲ့ပါတယ်

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။