သတိုး / People’s Spring
ရန်ကုန်မြို့တွင် ယမန်နေ့ (ဩဂုတ် ၂၂ ရက်)က ယာဉ်တိုက်မှုကြောင့် သေဆုံးသူ နှစ်ဦးရှိကြောင်း လူမှူကူညီရေး အသင်းများထံမှသိရသည်။
ဩဂုတ် ၂၂ ရက် နံနက် ၁ နာရီခန့်တွင် ဒဂုံမြို့နယ် ပြည်လမ်းမပေါ်၌ အဘိုးအိုတစ်ဦး ကားတိုက်ခံရပြီး နေရာ၌ ပွဲချင်းပြီးသေဆုံးသွားကြောင်း စမ်းချောင်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ ရဲသူရိန်က အသိပေးထားသည်။
ယင်းယာဉ်တိုက်မှုဖြစ်တွင် ယာဉ်မောင်းထွက်ပြေးသွားပြီး သေဆုံးသွားသူနှင့်ပတ်သက်၍ စစ်ဆေးမှုများပြုလုပ်နိုင်ရန် ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့သည်ဟု ယင်းအဖွဲ့ကဆိုသည်။
ထိုအပြင် တနေ့တည်းမှာပင် သာကေတမြို့နယ် ၈ ရပ်ကွက် ဧရာဝဏ်လမ်းမပေါ်တွင် လမ်းဖြတ်ကူးသည့် အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး ကားတိုက်ခံရကာသေဆုံးသွားကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့ထံမှသိရ သည်။
ဩဂုတ် ၂၁ ရက်ညကလည်း သာကေတမြို့နယ် ၈ရပ်ကွက် ကမာကြည်လမ်းမပေါ်၌ လမ်းဖြတ်ကူးသည့် အသက် ၂၀ အရွယ် အမျိုးသားနှစ်ဦးကို ယာဉ်တစ်စီးကတိုက်ပြေးခဲ့သောကြောင့် ဒဏ်ရာရရှိသူများကို မြေပြင်ကုသမှုပေးကာ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း ယင်းအဖွဲ့ကဆိုသည်။