Connect with us

Hi, what are you looking for?

သတင်း

မိုးမောက်နှင့် မံစီကို စစ်ကောင်စီတပ် စစ်​ကြောင်းထိုးရန်ကြိုးစား၍ တိုက်ပွဲပြင်းထန်

စစ်​ကောင်စီတပ်များ ​သေဆုံးဒဏ်ရာရသူများပြီးပြန်လည်ဆုတ်ခွာ

မိုး​မောက်ခမရ ၄၃၇ ကိုစစ်ကူလာ​သောစစ်တပ်ကားတန်းကို KIA က​ချေမှုန်းပြီး​နောက်မြင်ကွင်း။ဓါတ်ပုံ-KIA

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် မိုးမောက်နှင့် မံစီ မြို့နယ်များအတွင်းသို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာနေ၍ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီ အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

မိုးမောက်၌ နောက်ဆုံးကျန်နေသည့် စစ်ကောင်စီတပ်၏ အမှတ် ၄၃၇ ​ခြေမြန်တပ်ရင်း( ခမရ၄၃၇)ကို KIA ပူးပေါင်းတပ်များက ဩဂုတ် ၁၉ရက်တွင် သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက ဩဂုတ် ၂၄ရက်တွင် ထိုးစစ်ဆင်လာ၍သုံးရက်ဆက် တိုက်ပွဲဖြစ်နေသည်ဟုသိရသည်။

စစ်​ကောင်စီ၏ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁) အခြေစိုက်ရာ ဗန်းမော်ဘက်မှ စစ်ကောင်စီတပ်များက မိုးမောက်ဘက်ပြန်လည်ထိုးစစ်ဆင်လာသောကြောင့် ဩဂုတ် ၂၄ရက်မှ ၂၆ရက်နေ့အထိ သုံးရက်ဆက် တိုက်ပွဲဖြစ်ခဲ့ဟု သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

“၆မိုင်နဲ့ ၅ မိုင်ကြား(ဗန်းမော်- မိုးမောက်ကြား) တိုက်ပွဲပြင်းထန်နေတယ်။ မံစီဘက်ကိုလည်း စခ တွေ ထိုးစစ်ဆင်လာတာကြောင့် မံစီနဲ့ ဗန်းမော်ကြား ကောင်ဂျာယန်မှာ တိုက်ပွဲပြင်းထန်နေပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KIA ၏ ကြားဖြတ်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်များ ရှေ့မတိုးနိုင်ကြောင်းလည်း ၎င်းက ဆက်​ပြောသည်။

KIAသည် မိုးမောက်မြို့နယ် တစ်ခုလုံးရှိ စစ်ကောင်စီတပ်ရင်းများအားလုံးကို အပြီးသတ် သိမ်းပိုက်ရရှိထားပြီး ခမရ(၄၃၇)တပ်ရင်းသိမ်းပိုက်မှု တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်ရာချီ​သေဆုံးခဲ့ပြီးသံချပ်ကာ ယာဉ် ၃စီးအပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

မံစီမြို့နယ်တွင်လည်း ခမရ-၃၁၉ တပ်ရင်းနှင့် ခမရ-၆၀၁ တပ်ရင်းတို့သာ ကျန်ရှိကြောင်း စစ်ရေးလေ့လာသူများက ပြောသည်။

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း မိုးမောက်ဘက်တွင် စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားမှုများ ရှိနေကြောင်း အသိပေးထားပြီး အသေးစိတ် အခြေအနေများ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

သြဂုတ် ၂၆ ရက်ည​နောက်ဆုံးရရှိ​သောသတင်းများအရ စစ်​ကောင်စီ စစ်​ကြောင်း ၂ ​ကြောင်းစလုံးမှာတိုက်ပွဲတွင် ​သေဆုံး ဒဏ်ရာရသူများပြီးပြန်လည်ဆုတ်ခွာသွားပြီဖြစ်​ကြောင်းစုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တိုက်ပွဲမှာ အထိနာသွားတဲ့ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေလို့ ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ပုဂံ၊ညောင်ဦးမြို့နယ်က ငါ့သရောက်နယ်မြေမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ် တိုက်ခိုက်ခံရပြီးနောက် စစ်သား ၂၀ လောက်ဟာ လက်နက်တွေယူပြီးထွက်ပြေးနေတယ်လို့ ပုဂံဘီလူးတပ်လို့ခေါ်တဲ့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။