စစ်ကောင်စီ မတရားဖမ်းဆီးထိန်းသိမ်းထားရသူတွေပြန်လွှတ်ပေးဖို့ရှိတာကြောင့် အင်းစိန်ထောင်ရှေ့မှာ ဒီကနေ့ မနက် မိသားစုဝင်တွေစောင့်ကြိုနေကြပြီဖြစ်ပါတယ်။
အာဏာသိမ်းမှုကိုဆန့်ကျင်လို့ အကြောင်းအမျိုးမျိုးနဲ့မတရားဖမ်းဆီးခံထားရသူ စုစုပေါင်း ၅၀၀၀ ကျော်ကို ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီက မနေ့ အောက်တိုဘာ ၁၈ ရက် ထုန်ပြန်ကြေညာခဲ့ပါတယ်။
မနေ့ညနေပိုင်းကတည်းက ထောင်တွေကနေ အမိန့်ချမှတ်ထားပြီးသူတွေအပါအဝင် ဖမ်းဆီထိန်းသိမ်းခံထားရသူအချို့ကိုလွှတ်ပေးခဲ့ပါတယ်။
“မနက် ၇ နာရီ ၄၅ လောက်ကတော့ မြေသယ်ကားနှစ်စီးနဲ့ အမျိုးသား ၃၀ လောက်လွှတ်လိုက်တာတွေ့ရတယ်” လို့ အင်းစိန်ထောင်အနီးနေထိုင်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement
အခုထိတော့ မိသားစုဝင်တွေ တစ်ဖွဲဖွဲရောက်လာနေပြီး ထောင်ထဲက ကားတွေထွက်လာတာတော့မရှိသေးပါဘူး။
ဒီကနေ့လွှတ်ပေးမယ့်အထဲမှာ အမှုရင်ဆိုင်နေရသူ ၄၃၂၀ ဦးနဲ့ ထောင်ဒဏ်ချမှတ်ပြီးသူ ၁၃၁၆ ဦးပါဝင်ပြီး ဘယ်သူဘယ်ဝါတွေလွတ်လာမယ်ဆိုတာတော့ မသိရသေးပါဘူး။
ဖမ်းဆီးခံထားရတဲ့ အနုပညာရှင်နဲ့ သတင်းသမားတွေပါတယ်လို့ နာမည်စာရင်းတွေထွက်နေတာတော့ရှိပါတယ်။






















































