Connect with us

Hi, what are you looking for?

သတင်း

သီပေါတွင် တပ်ရင်းများပိတ်ဆို့ခံထားရသည့်စစ်ကောင်စီက မြို့ပေါ် ကို ဗုံးထပ်ကြဲ၍ ပြည်သူနှစ်ဦးသေဆုံး

စစ်​ကောင်စီက ​လေ​ကြောင်းမှဗုံးကြဲပြီး လက်နက်ကြီးဖြင့်ပစ်ခတ်၍ သြဂုတ်လအတွင်း ​ဒေသခံပြည်သူ ၂၁ ဦး​သေ ၆၀ဦးခန့်ဒဏ်ရာရ

စစ်​ကောင်စီတပ် သြဂုတ် ၂၇ ရက်နံနက် ၁ နာရီ​ကျော်တွင်ဗုံးကြဲ၍ ​သေဆုံးခဲ့​သော ပြည်သူတစ်ဦးကို လူမှုကူညီ​ရေးအဖွဲ့ဝင်များကသယ်ရန်ပြင်ဆင်​နေစဥ်။ဓါတ်ပုံ-CJ

မိထက်/People’s Spring

ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့ပေါ်ကို စစ်ကောင်စီတပိက ယနေ့(ဩဂုတ်လ ၂၇ရက်) ‌နံနက် ၁ နာရီခန့်မှ ၂ နာရီခန့်အတွင်း Y12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၅၀ ထက်မနည်း ကြဲချခဲ့ရာ ​ဒေသခံပြည်သူ နှစ်ဦး ထပ်မံသေဆုံးခဲ့သည်။

သီပေါမြို့အုတ်ကျင်းရပ်ကွက်အပါအဝင် မြို့ပေါ်နေရာများကို ဗုံးကြဲချတိုက်ခိုက်ခြင်းဟု ဒေသခံများကပြောသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် အုတ်ကျင်းရပ်ကွက်အတွင်း နေအိမ်အချို့ ပျက်စီးခဲ့ပြီး အမျိုးသားနှစ်ဦးသေဆုံးသွားကြောင်း ​ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

ထိုအပြင် ဩဂုတ်လ ၂၅ရက်နှင့် ၂၆ရက်ကလည်း သီပေါမြို့ဘုရားကြီးကုန်းပေါ်နှင့် အနောက်ရပ်ဘက်သို့ စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်ရာ အရပ်သား နှစ်ဦး သေဆုံးခဲ့​သေးသည်။

” သီပေါက စစ်တပ်ကမြို့ထဲကိုတည်ပြီးပစ်နေတာမို့လို့ မနေသင့်တော့ဘူးလို့ထင်တယ်။လတ်တလောမှာ ရှောင်ထားသင့်တယ်” ဟု စစ်ဘေး ရှောင်လာခဲ့သည့် သီပေါမြို့ခံတဦးကပြောသည်။

သီပေါမြို့ရှိ စစ်ကောင်စီစခန်းများကို တ‌အာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် မဟာမိတ်များက ဩဂုတ်လ၁၀ ရက် နံနက်အစောပိုင်းမှစ၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ မြို့မရဲစခန်း၊ ထွေအုပ်ရုံးမှ စစ်ကောင်စီတပ်များထွက်ပြေးသွားပြီး ခလရ(၂၃)၊ ခမရ (၅၀၃)၊ ခမရ(၅၀၄)အတွင်းသို့ ဆုတ်ခွာသွားသည်။

ထို​ကြောင့် သီ​ပေါမြို့​ပေါ်ကို TNLA ကသိမ်းပိုက်ထားပြီး မြို့ ပြင်ရှိ ခလရ(၂၃)၊ ခမရ (၅၀၃)၊ ခမရ(၅၀၄) တို့ကို TNLA က ပိတ်ဆို့ထားပြီး ရိက္ခာဖြတ်တောက်ထားသည်။

သီပေါမြို့ကို TNLA က အုပ်ချုပ်ရေးယန္တရားလည်ပတ်ရေးကြိုးစားနေချိန်တွင် စစ်ကောင်စီတပ်က ကုန်း​ကြောင်းက မလာနိုင်​တော့ဘဲလေကြောင်းဖြင့်သာ လာရောက်တိုက်ခိုက်နေခြင်းဖြစ်သည်။သီပေါမြို့ကို TNLA က အရေးပေါ်ကာလအခြေအနေ ကြေငြာထားပြီး ညမထွက်ရ အမိန့်လည်း ထုတ်ပြန်ထားသည်။

သီပေါမြို့ပေါ်မှ စစ်ဘေးရှောင်များကို မြို့ခံလူမှုကူညီအဖွဲ့များက ဆန်လှူရန် ယ‌နေ့စီစဉ်ထားပြီး စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများကြောင့် အစီအစဉ်ဖျက်သိမ်းထားရကြောင်း မြို့ခံအချို့ကပြောသည်။

“ဆန်လာလှူမယ်ထင်တာ။ အခုက လေကြောင်းကိုစိုးရိမ်နေရတော့ ဘယ်သူမှလည်းမထွက်ရဲကြတော့ဘူး။ ဆန်မရရင် စားစရာမရှိတဲ့သူတွေအများကြီးပဲ” ဟု ဒေသခံတစ်ဦးကပြောသည်။

သီပေါမြို့နယ်အတွင်း စစ်ကောင်စီကအရပ်သားများရှိရာသို့ ဦးတည်ပြီး လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်နေကြောင်းနှင့် ဩဂုတ်လ ၁ရက်နေ့မှ ၂၆ ရက်နေ့အထိ အရပ်သား ၂၁ ဦး သေဆုံးပြီး ၅၉ ဦး ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင် ဘောသို့ထကျေးရွာကို အာဏာသိမ်းစစ်တပ်က လေယာဉ် ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရတာ၊နေအိမ်ပျက်စီးတာတွေရှိခဲ့ကြောင်း ကချင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။