Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့တွင် မိုင်းရှင်းနေသည့်စစ်ကောင်စီတပ် မိုင်းထိ၍ထိခိုက်မှုရှိဟုဆို

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် PDF ရဲဘော်များထောင်ထားသော မိုင်းများရှင်းလင်းသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ မိုင်းပေါက်ကွဲ၍ ထိခိုက်မှုရှိကြောင်း သတင်းရရှိသည်။

ရွှေဘိုပကဖအဖွဲ့ဝင်ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ - ရွှေဘို ပကဖ

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် PDF ရဲဘော်များထောင်ထားသော မိုင်းများရှင်းလင်းသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ မိုင်းပေါက်ကွဲ၍ ထိခိုက်မှုရှိကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၄ ရက်က နံနက်က ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူစောထီးရွာစခန်းမှလာသော အင်အား ၁၀၀ကျော်ပါ စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် စစ်ကြောင်းနှစ်ကြောင်းခွဲ၍ စစ်ကြောင်းထိုးလာခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကြောင်းတစ်ကြောင်းသည် နေ့လယ် ၁နာရီခွဲခန့်တွင် ရွှေဘိုမြို့ အနောက်ဘက် မြို့ရိုးပေါ်အရောက် PDF ရဲဘော်များထောင်ထားသောမိုင်းများအား တွေ့ရှိပြီး ရှင်းလင်းစဥ် မိုင်းကွဲ၍ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ထိခိုက်မှုရှိကြောင်း လျှပ်စီးမုန်တိုင်း ပကဖအဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုအောင်ဒင်က ပြောသည်။

ထို့အပြင် ၎င်းတို့ကို ဒရုန်းဖြင့် ဗုံးသီး ၂လုံးချ တိုက်ခိုက်ရာ ပျူစောထီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ပြောသည်။

“ဒီနေ့ ဒဏ်ရာရတဲ့ စခ၊ပခတွေ ရွှေဘိုမှာ မသက်သာလို့ မန္တလေးလွှဲတယ်လို့ ဖရဲသီးကနေ သတင်းပို့ထားတယ်။”ဟု ကိုအောင်ဒင်က ပြောသည်။

ထိုနေ့ပင် ဒရုန်းဖြင့် ဗုံးသီး လေးလုံးချ တိုက်ခိုက်ရာ ပျူစောထီးတစ်ဦးသေဆုံးပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း ရွှေဘိုပကက ပြောသည်။ စစ်အုပ်စု ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပေ။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။