Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့ပေါ် စစ်ကောင်စီတပ်စွဲရာနေရာများ တိုက်ခိုက်ခံရပြီး ရုံးအချို့မီးလောင်

မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများနှင့် ဂိတ်များအား ဒေသတွင်း PDFတပ်ဖွဲ့များက တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရုံးအချို့ မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

မြိုင်မြို့ပေါ်၌ စစ်ကောင်စီတပ်အား တိုက်ခိုက်​နေသော PDF ရဲဘော်များအား တွေ့ရစဥ်။

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများနှင့် ဂိတ်များအား ဒေသတွင်း PDFတပ်ဖွဲ့များက တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရုံးအချို့ မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့(စက်တင်ဘာ ၇ ရက်) နံနက် ၇နာရီခန့်က မြိုင်မြို့ရှိ စည်ပင်သာယာရေးရုံး၊ တရားရုံး၊ ပညာရေးမှူးရုံးနှင့် ပြည်ခိုင်ဖြိုးပါတီရုံးများအား သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မြိုင်မြို့အရှေ့ဘက် မြို့အဝင်ဂိတ်ကိုလည်း ပစ်ခတ်တိုက်ခိုက်ရာဘန်ကာအနီးရှိ နှစ်ထပ်တိုက်အား သိမ်းနိုင်ခဲ့ကြောင်း၊ သို့သော်လည်း ခဲယမ်းအင်အားနည်းလာ၍ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

“မြို့ထဲ အထိရောက်တယ်။ ကိုယ့်လူတွေထိခိုက်မှာစိုးတာနဲ့ တပ်ခေါက်ဖို့အမိန့်ပေးလိုက်တာ။”ဟု ကိုလက်ယျာက ပြောသည်။

ထို့အပြင် မြိုင်မြို့ရှိ စစ်ကောင်စီရုံးအချို့ကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

မြိုင်မြို့ပေါ်၌ စစ်ကောင်စီတပ်အား တိုက်ခိုက်​နေသော PDF ရဲဘော်များအား တွေ့ရစဥ်။

အဆိုပါတိုက်ခိုက်မှုအား မြိုင်ပကဖ၊ 8+အညာမြေစစ်ဆင်ရေးအဖွဲ့၊ M.V.P Revolution Force မုံရွာခရိုင်ရင်း (၂၇)တပ်ခွဲ -၃သိန်းငှက်၊ အညာမြေတပ်ပေါင်းစု၊ ဆင်ရိုင်းရာဇာ၊ Gd of Myaing ရင်း (၁၆)ခွဲ-၃၊ Anya Myayguerilla Force Myaing၊ Corba People Diffence Force ကိုမုဆိုးအဖွဲ့၊ PKU Underground Force၊ တမာမြေပြောက်ကျားတပ်ဖွဲ့ – မြိုင် ဓာမင်းကြီး ဂဋ္ဌုန်တပ်ရင်း (၁)တပ်ခွဲ-၂ မြိုင်နယ် Droneအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မြိုင်မြို့ပေါ်၌ စစ်ကောင်စီတပ်အား တိုက်ခိုက်​နေသော PDF ရဲဘော်များအား တွေ့ရစဥ်။

ထို့အပြင် သြဂုတ် ၇ ရက်နှင့် ၈ ရက်ကလည်း ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်းရှိ ကိုင်းတောမရဲစခန်းနှင့် ဝက်ပုတ်ပျူစောထီးစခန်းများအား တော်လှန်ရေးတပ်များ သိမ်းပိုက်နိုင်ခဲ့သည်။

အထိနာနေသော စစ်ကောင်စီတပ်က စက်တင်ဘာ ၆ ရက်တွင် မြိုင်မြို့နယ်ရှိ လက်ယက်မကျေးရွာစာသင်ကျောင်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၆ ဦးသေဆုံးခဲ့ပြီး သုံးဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို ရန်သူ့မကွဲသေးသော ပေါင် ၅၀၀ ဗုံးကို မိုင်းပြန်ဆင်ပြီး ဖောက်ခွဲတိုက်ခိုက်ရာ အများအပြား သေဆုံးထိခိုက်တယ်လို့ ပခုက္ကူခရိုင် အမှတ် - ၆ တပ်ရင်း - Myaing Villages Revolution Front က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ပေါက်နဲ့ မြိုင်မြို့နယ်အနောက်ခြမ်းက စစ်တပ်စစ်ကြောင်းဟာ တဲကြီးကျေးရွာကို မီးရှို့ပြီး ရေနံမြေအတွင်း၀င်ဖို့ ကြိုးပမ်းနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook