Connect with us

Hi, what are you looking for?

News

တန့်ဆည်မြို့နယ်တွင် စစ်​ကောင်စီယာဥ်တန်းကို ​ဒေသခံကာကွယ်​ရေးအဖွဲ့က နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်

ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ကားကြီး ၁စီးနှင့် ကားလေး၁စီး မှာ တန့်ဆည်မှ ကံထူးမ စခန်းသို့သွားရာ ငနုချောင်းလမ်းခွဲအနီး၌ local PDFက ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားလေးမှာထိခိုက်ပျက်စီးသွားကြောင်း တန့်ဆည် PDFက ပြောသည်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ယမန်နေ့ညက အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကားများ ၂ ကြိမ်တိုင် မိုင်းခွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောသည်။

အောက်တိုဘာလ ၁၉ ရက်နေ့ည ၈နာရီ၁၅မိနစ် အချိန်က ရေဦးမြို့မှ တန့်ဆည်မြို့နယ် ကာပေါင်းကျကျေးရွာသို့ စစ်ကူလာသော ကားကြီး ၂စီး၊ ကားလေး ၃ စီးအား တန့်ဆည်မြို့နယ် တနယ်ကျေးရွာနှင့် တန့်ဆည်မြို့ကြားတွင် တန့်ဆည်မြို့နယ် local PDF ခေါ် ပကဖ မှမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ကားလေး ၂ စီးမှာ မောင်းမရအောင် ပျက်စီးသွား၍ ကျန်၃စီးမှာ တန့်ဆည်မြို့နယ်သို့ ဝင်ရောက်သွားကြောင်း တန့်ဆည်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ထို့နောက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ကားကြီး ၁စီးနှင့် ကားလေး၁စီး မှာ တန့်ဆည်မှ ကံထူးမ စခန်းသို့သွားရာ ငနုချောင်းလမ်းခွဲအနီး၌ local PDFက ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားလေးမှာထိခိုက်ပျက်စီးသွားကြောင်း တန့်ဆည် PDFက ပြောသည်။

အသေအပျောက်စာရင်းမှာ စုံစမ်းဆဲဖြစ်သည်ဟု တန့်ဆည် PDFက ပြောသည်။အောက်တိုဘာလ ၁၉ ရက်နေ့မှစ၍ တန့်ဆည် PDFနှင့် ဒေသတွင်း PDFများသည် စစ်​ကောင်စီတပ်သားများအား အဓိက ထား၍ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်း၊ ပျောက်ကြားတိုက်ခိုက်ခြင်းတို့ဖြင့် ဆက်လက် တိုက်ခိုက်သွားမည် ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် ညနေ ၆ နာရီမှ မနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာခြင်းမပြုပါရန် တန့်ဆည် PDFက မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook