Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတွင် လမ်းဘေးစျေးသည်များအား စစ်ကောင်စီ ရှင်းလင်း

မန္တလေးမြို့ရှိ မြို့နယ်‌ခြောက်ခုတွင် စစ်ကောင်စီက လမ်းဘေးစျေးသည်များအား စတင်ရှင်းလင်းနေကြောင်း မြို့ခံများက ပြောသည်။

မန္တလေးမြို့၊စျေးချိုတော်အနီး၌ စျေးများအား လိုက်လံစစ်ဆေးနေသော စည်ပင်ဝန်ထမ်းများ(ပုံအဟောင်း)အား တွေ့ရစဥ်။ဓာတ်ပုံ-CJ

အင်ကြင်း/People’s Spring

မန္တလေးမြို့ရှိ မြို့နယ်‌ခြောက်ခုတွင် စစ်ကောင်စီက လမ်းဘေးစျေးသည်များအား စတင်ရှင်းလင်းနေကြောင်း မြို့ခံများက ပြောသည်။

မန္တလေးမြို့ သန့်ရှင်းသာယာလှပရေးစီမံချက်ဟုဆိုကာ ပုသိမ်ကြီးမြို့နယ်မှလွဲ၍ ကျန် မြို့နယ်ခုခြောက်ရှိ လမ်းဘေးစျေးသည်များအား စစ်ကောင်စီလက်အောက်ခံ စည်ပင်ဌာနက ရှင်းလင်းနေခြင်းဖြစ်ကြောင်း စည်ပင်နှင့်နီးစပ်သူများက ပြောသည်။

“အကုန်မထွက်ရဘူးဆိုပြီး လာပြောသွားတယ်။ တချိ့စျေးသည်တွေ လက်မှတ်ပါထိုးပေးရတယ်။ စျေးသည်တွေ အကုန်ဆိုင်ပိတ်ထားရတယ်။ တော်တော်ဒုက္ခရောက်တယ်။”ဟု အမရပူရမြို့နယ်ရှိ လမ်းဘေးစျေးသည်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

လမ်းဘေးဖွင့်လှစ်ထားသော အသေးစား အသုပ်ဆိုင်၊ ကွမ်းယာဆိုင်၊ပန်းဆိုင်၊ အကြော်ဆိုင်၊ အအေးဆိုင်၊ လက်ဖက်ရည်ဆိုင် အစရှိသည့်ဆိုင်အများအပြား ပိတ်သိမ်းထားရပြီး အခက်အခဲများတွေ့နေရကြောင်း လမ်းဘေးစျေးသည်များက ပြောသည်။

“တစ်ပတ်လို့ ပြောတာပဲ။ တစ်ပတ်ကျော်ရင်တော့ ပြန်ဖွင့်လို့ရမလားမသိဘူး။”ဟု လမ်းဘေးအသုပ်ဆိုင်ရှင်တစ်ဦးက ဆိုသည်။

အဆိုပါ စီမံချက်အား စစ်ကောင်စီ၏ စည်ပင်သာယာရေးကော်မတီရှိ လမ်းတံတား၊ သန့်ရှင်းရေး၊ အခွန်၊ ပန်းဥယျာဥ် ဌာနလေးခုပေါင်းပြီး လမ်းဘေးစျေးသည်များတင်မက မီးပွိုင့်၌ ပန်းရောင်းသူများပါအကျန် ရှင်းလင်းမည်ဖြစ်ကြောင်း၊ ထိုအစီအစဉ်အား စည်ပင်အတွင်းရေးမှူးက အင်္ဂါနေ့တိုင်း လှည့်ပတ်ကြည့်မည်ဖြစ်ကြောင်း 𝑴𝑫𝒀 𝑹𝒆𝒗𝒐𝒍𝒖𝒕𝒊𝒐𝒏က ရေးသားသည်။

အာဏာသိမ်းစစ်ကောင်စီအဖွဲ့သည် ယခင်ကလည်း ၎င်းတို့၏ စစ်ကောင်စီလူကြီးများ နယ်လှည့်ခရီးစဥ်ရှိပါက လမ်းဘေးစျေးသည်များအား စီမံချက်ဖြင့် ရှင်းလင်းလေ့ရှိသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။

သတင်း

မန္တလေးမြို့မှာ မီးသတ်ကယ်ဆယ်ရေးယာဉ်ရဲ့ စက်သုံးဆီဝယ်ယူခွင့် QR ကို ပွားကာ စက်သုံးဆီ လိမ်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

Facebook