Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုက်ဂျီးရီးယားမှာ ဆည်ကြီးတစ်ခု ရေလွှတ်ခဲ့ရာက လူတစ်သန်းကျော် ရေဘေးသင့်

နိုက်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းခြင်းနဲ့အတူ ဆည်ကြီးတစ်ခု ရေလွှတ်ခဲ့ရာက ဆိုးရွားတဲ့ ရေကြီးမှုတွေ ဖြစ်ပေါ်ပြီး လူပေါင်း တစ်သန်းကျော် ရွှေ့ပြောင်းခဲ့ကြရပါတယ်။

ဘော်နို ပြည်နယ်ထဲက ရေကြီးမှုတွေဟာ ဒေသခံ တစ်သန်းကျော်လောက်ကို ထိခိုက်သက်ရောက်မှုတွေ ဖြစ်ပေါ်စေပြီး အိမ်ခြေ ထောင်နဲ့ချီ ပျက်စီး ဆုံးရှုံးစေခဲ့တယ်လို့ ပြည်နယ် အစိုးရက စက်တင်ဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အာဏာပိုင်တွေဟာ ရေဘေးသင့် ဧရိယာတွေမှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ရွှေ့ပြောင်းဖို့ အသည်းအသန် ကြိုးစားနေပြီး အများအပြားကို ယာယီ ခိုလှုံရေး စခန်းတွေဆီ ပို့ဆောင်ပေးထားရပါတယ်။

ဒေသတွင်းမှာရှိတဲ့ ဆည်တစ်ခုဟာ ရေတွေ အရမ်းလျှံလာတဲ့နောက် စက်တင်ဘာ ၁၀ ရက်နေ့မှာ ရေလွှတ်ခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီနောက် ဘော်နိုပြည်နယ်ရဲ့ မြို့တော် မိုင်ဒူဂူရီ အပါအဝင် ဒေသတွင်း မြို့ရွာတွေမှာ ဆိုးဆိုးရွားရွား ရေလွှမ်းမှုတွေ ဖြစ်ပေါ်လာတာပါ။

မိုင်ဒူဂူရီမှာတော့ အစိုးရပိုင် တိရစ္ဆာန်ရုံတစ်ခု ရေလွှမ်းသွားရာက မိကျောင်းနဲ့ မြွေလိုမျိုး သားရိုင်းတိရစ္ဆာန်တွေဟာ လူနေရပ်ကွက်တွေထဲ လွတ်မြောက်ကုန်ပါတယ်။

Public Service Announcement

Public Service Announcement

ရေကြီးမှုနဲ့ ဆက်စပ်တဲ့ သေဆုံးသူ ရုပ်အလောင်းတွေကို ဆေးရုံတွေမှာ လက်ခံရရှိထားပေမယ့် အသေအပျောက် အရေအတွက်ကိုတော့ တိတိကျကျ မသိရသေးဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။

အခုသီတင်းပတ်ထဲမှာ နိုက်ဂျီးရီးယား ဒုတိယ သမ္မတ ကာရှင်မ် ဆက်တီမာဟာ ဘော်နိုကို ကိုယ်တိုင် ရောက်ရှိလာပြီး ခိုလှုံရေး စခန်းတစ်ခုမှာ ရေဘေးသင့် ပြည်သူတွေရဲ့ အခြေအနေတွေကို သွားရောက် စစ်ဆေးခဲ့သလို ရိက္ခာနဲ့ ဆေးဝါးတွေ ထောက်ပံ့မယ်လို့ ကတိပြုခဲ့ပါတယ်။ လက်ရှိ အခြေအနေထိတော့ ရေဘေးသင့် လူထုအတွက် အထောက်အပံ့တွေ ရရှိမှုက အရမ်းနည်းသေးတယ်လို့ ခိုလှုံရေးစခန်း ရောက်နေသူတွေက ဆိုပါတယ်။

ဘော်နိုပြည်နယ် အုပ်ချုပ်ရေးမှူး ဘာဘာဂါနာ ဇူလွမ်ကတော့ နှစ်ရက်တာအတွင်း မိုင်ဒူဂူရီ တစ်မြို့လုံးရဲ့ လေးပုံတစ်ပုံကျော်လောက် ရေနစ်သွားခဲ့တယ်လို့ ပြောပါတယ်။

ဘော်နိုဟာ အစွန်းရောက် အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့အစည်းတွေ အခြေစိုက်ပြီး သောင်းကျန်းမှုကြောင့် လူသားချင်း စာနာမှုဆိုင်ရာ ပြဿနာတွေ ကြီးကြီးမားမား ကြုံနေရတဲ့ အခြေအနေမှာ အခုလိုမျိုး ဆည်ရေလွှတ်ပြီး ရေကြီးတဲ့ ပြဿနာနဲ့ပါ ရင်ဆိုင်လာရတာ ဖြစ်ပါတယ်။

နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဘိုကိုဟာရမ် အဖွဲ့ဟာ ဘော်နိုပြည်နယ်ထဲက နယ်စပ်ဒေသတွေမှာ အခြေစိုက်ပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေ ကျူးလွန်နေခဲ့တာကြောင့် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဒေသတွင်းမှာ လူပေါင်း ၃၅၀၀၀ ကျော် သေဆုံးပြီး ၂.၆ သန်းကျော် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရရပါတယ်။

နိုက်ဂျီးရီးယားမှာ ဘော်နို မတိုင်ခင်တုန်းက ပြီးခဲ့တဲ့ လပိုင်းအတွင်း ပြည်နယ် ၃ ခုမှာ ဆိုးရွားတဲ့ ရေလွှမ်းမိုးမှုတွေ ဖြစ်ခဲ့ပါသေတယ်။ ဩဂုတ် လကုန်ပိုင်းက ဂျီဂါဝါ၊ အဒါအာဝါနဲ့ တာရာဘာ ပြည်နယ်တွေမှာ ရေကြီးမှုတွေကြောင့် လူ ၄၉ ဦး သေဆုံးခဲ့တာပါ။

လတ်တလော နှစ်ပိုင်းတွေအတွင်း အဆိုးဆုံး ရေကြီးမှုတွေကိုတော့ ၂၀၂၂ ခုနှစ်မှာ ကြုံခဲ့ပြီး နိုက်ဂျီးရီးယား အနှံ့မှာ လူပေါင်း ၆၀၀ ကျော် အသက်ဆုံးရှုံးခဲ့ပါတယ်။

ကိုးကား: Al Jazeera

ဆက်စပ်သတင်းများ

သတင်း

တိုင်း ၄ တိုင်းမှာ ရေကြီးလို့ ပြည်သူ ၁၆ ဦးသေဆုံးပြီး လူဦးရေ လေးသိန်းကျော် ရေဘေးသင့်ကာ အရေးပေါ်အကူအညီတွေ လိုအပ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ရေဘေးကြောင့် ပြည်သူ ၇ ဦးသေဆုံးပြီး ၂၅၀၀၀ ကျော်ဟာ ရေဘေးသင့်ကာ အကူအညီတွေ လိုအပ်နေကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ကျေးရွာ ၁၈ ရွာဟာ ရေဘေးကြုံတွေ့နေရပြီး ဒေသခံတွေ အကူအညီလိုအပ်နေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

■မိုးဆက်တိုက်ရွာနေသဖြင့်​​ရေ​ဘေးသင့်ပြည်သူ​တွေ သောက်သုံးရေနဲ့စားနပ်ရိက္ခာ အရေးပေါ်လို နေ