Connect with us

Hi, what are you looking for?

သတင်း

ဘားအံ ၊ ကမမောင်းနဲ့ ရွှေဂွန်းတို့မှာ ရေဘေးထပ်ကြုံနေ

သံလွင်မြစ်ရေ အတက်ကြမ်းတာကြောင့် ဒီနေ့ စက်တင်ဘာလ ၁၃ ရက် မနက်ပိုင်း ကစတင်ပြီး ဘားအံ ၊ ကမမောင်းနဲ့ ရွှေဂွန်းဒေသတို့မှာ ရေဘေးရင်ဆိုင်နေရပြီး နေအိမ်အများအပြား နစ်မြှုပ်သွားပြီလို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေထံကသိရပါတယ်။

ဘားအံမြို့ရေဘေး မြင်ကွင်း

နိုင်ပကောင်း/People’s Spring

သံလွင်မြစ်ရေ အတက်ကြမ်းတာကြောင့် ဒီနေ့ စက်တင်ဘာလ ၁၃ ရက် မနက်ပိုင်း ကစတင်ပြီး ဘားအံ ၊ ကမမောင်းနဲ့ ရွှေဂွန်းဒေသတို့မှာ ရေဘေးရင်ဆိုင်နေရပြီး နေအိမ်အများအပြား နစ်မြှုပ်သွားပြီလို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေထံကသိရပါတယ်။

သံလွင်မြစ်ရေဟာမနေ့ကစပြီး ရေကြီးနေပေမယ့် ဒီမနက်ပိုင်းမှာတော့ တရှိန်ထိုး ရေတက်လာပြီးပြည်နယ်မြို့တော် ဘားအံမြို့ တစ်မြို့လုံးနီးပါး ၊ ကမမောင်းမြို့ နဲ့ လှိုင်းဘွဲ့မြို့နယ်ထဲက ရွှေဂွန်းရွာတို့မှာ ရေဘေး ရင်ဆိုင်နေရတာပါ။

အခုတစ်ကြိမ် သံလွင်မြစ်ရေကြီးပြီး ကြုံရတဲ့ရေဘေးဟာ ပြီးခဲ့တဲ့ ရေဘေးတွေထက် ဆိုးရွားတယ်လို့ ကမမောင်းမြို့ခံ တစ်ဦီးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ကမမောင်းမြို့မှာ တမြို့လုံးနီးပါးပေါ့ ရေကြီးတယ်၊ အရင်အခေါက်တွေကထက် ပိုကြီးတယ်” လို့ အဲဒီ ဒေသခံက ဆိုပါတယ်။

ကရင်ပြည်နယ် မြို့တော် ဘားအံမြို့ မှာ လည်းမြို့ပေါ် ရပ်ကွက်အားလုံးနီးပါး ရေကြီးနေပြီး မြို့ပေါ်မှာရှိတဲ့ ယာယီကယ်ဆယ်ရေးစခန်းတွေဆီ သွားရောက်တိမ်းရှောင်နေရတယ်လို့သိရပါတယ်။

“သံလွင်မြစ်ရေ မြို့ထဲကို အရှိန်နဲ့ စီးဝင်နေပါတယ်” လို့ ဘားအံမြို့ခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

ဘားအံမှာ ရေကြီးပြီး လမ်းရေကျော်နေတာကြောင့်ဘားအံ – ဇာသပြင် – မော်လမြိုင်လမ်း ၊ ဘားအံ – သထုံလမ်း တို့မှာ အိမ်စီးကားငယ်တွေဖြတ်သန်းသွားလာလို့မရတော့ဘူးလို့သိရပါတယ်။

ရွှေဂွန်းရွာမှာလည်း တစ်ရွာလုံးနီးပါး ရေမြှုပ်နေပြီး သောက်သုံးရေနဲ့ စားစရာ လိုအပ်နေတယ်လို့ ရွှေဂွန်းဒေသခံတစ်ဦးက အသိပေးပါတယ်။

“(ရွှေဂွန်း) အခြေအနေတော်တော်ဆိုးပါတယ်၊ ကျွန်မတို့အိမ်အပေါ်ထပ်မြုပ်ဖို့ တစ်တောင်ပဲလိုပါတော့တယ်၊ အောက်ထပ်မှာ လူတစ်ရပ်ကျော်သွားပြီ” လို့ ရွှေဂွန်းဒေသခံ အမျိုးသမီးတစ်ဦးက လူမှုကွန်ရက်မှာရေးသားထားတာတွေ့ရပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ မိုးဇလ ဌာနရဲ့ ဒီမနက်ပိုင်း တိုင်းထွာချက်တွေအရ​သံလွင်မြစ်ရေဟာ ဘားအံမြို့ စိုးရိမ်ရေမှတ်ရဲ့အထက် ၅ ပေခွဲခန့်ကျော်လွန်နေပြီး နောက်ရက်မှာလည်း ၂ ပေခွဲထက် ထပ်မြင့်တက်လာနိုင်တယ်သတိပေးထားပါတယ်။

သံလွင်မြစ်ရေကြီးတာကြောင့် ဘားအံမြို့ ၊ ကမမောင်းမြို့နဲ့ ရွှေဂွန်းရွာတို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းနဲ့ သြဂုတ်လအစောပိုင်းမှာ ရေကြီးခဲ့ပြီးအခုတစ်ကြိမ်ဟာ တတိယအကြိမ်မြောက် ရေဘေးထပ်ကြုံရတာပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ဒေသခံတွေ ရေဘေးကြုံတွေ့နေစဉ်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ စစ်ကြောင်းထိုးမီးရှို့မှုတွေ၊ ပစ်ခတ်သတ်ဖြတ်မှုတွေကို ငါးနှစ်​ကျော်ကြာကြုံတွေ့ရင်ဆိုင်ခဲ့ရ၊ ရင်ဆိုင်နေရတဲ့ အညာဟာ အခုတခါမှာတော့ ရေဘေးကပါထပ်ဆင့်ရောက်ရှိလာခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်နဲ့တန့်ဆည်မြို့နယ်တွေမှာရက်ဆက်မိုးကောင်းနေတာကြောင့်ဒေသတွင်းမူးမြစ်ကမ်းတလျှောက်ရှိရွာအချို့ ရေဝင်နေပြီးဒေသခံတွေနဲ့စစ်ရှောင်ပြည်သူတွေ ရေဘေးရင်ဆိုင်နေရတယ်လို့ဒေသတွင်းသတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

မြို့နယ်‌‌၂၀ထက်မနည်း ရေကြီးနစ်မြုပ်၊ နေအိမ်အချို့ ပျက်စီး