Connect with us

Hi, what are you looking for?

သတင်း

အဆို​တော်လင်းနစ် ရေဘေးကူညီရန် ကိုယ်ပိုင်သံစဉ်သီချင်းကို လေလံတင်ရောင်း

မြန်မာနိုင်ငံတွင်ရင်ဆိုင်နေရသည့် ရေဘေးကို လှူဒါန်းရန်အတွက် တော်လှန်အနုပညာရှင်အဆိုတော် လင်းနစ်က ၎င်း၏ကိုယ်ပိုင်သံစဉ်”ချစ်သူ့အိမ်အပြန်” သီချင်းကို လေလံတင်ရောင်းချနေသည်။

(ဇွန် ၂၉ ရက်ကပြုလုပ်သည့် Maryland Music Concert ရန်ပုံငွေပွဲတွင်ဖျော်ဖြေနေသည့်လင်းနစ်)

ဆဏ်း / People’s Spring

မြန်မာနိုင်ငံတွင်ရင်ဆိုင်နေရသည့် ရေဘေးကို လှူဒါန်းရန်အတွက် တော်လှန်အနုပညာရှင်အဆိုတော် လင်းနစ်က ၎င်း၏ကိုယ်ပိုင်သံစဉ်”ချစ်သူ့အိမ်အပြန်” သီချင်းကို လေလံတင်ရောင်းချနေသည်။

“သူများတွေလည်း အသီးသီးလှုနေကြလို့ ကိုယ်လည်းလှုချင်တာမို့ သီချင်းလေးကို လေလံတင်ရောင်းခွင့်ပြုပါ။ သီချင်းလေးကရေးထားတာရော Demo လုပ်ထားတာရောကတော့ ကြာပါပြီ။ သူငယ်ချင်းတယောက်တော့ဆိုဖူးပါတယ် ဒါ ပေမယ့် အခုဝယ်တဲ့သူက ဒီသီချင်းကို ညာဏမူပိုင်ခွင့်ပါ အလုံးစုံပိုင်ဆိုင်ခွင့်ရမှာပါ” ဟု လင်းနစ်က စက်တင်ဘာ ၁၃ ရက်တွင် ၎င်း၏ဖေ့စ်ဘွတ်ခ်၌ ကြေညာထားသည်။

Public Service Announcement

Public Service Announcement

ကြမ်းခင်းဈေး ဒေါ်လာ ၅၀၀ သတ်မှတ်ထားပြီး လေလံအောင်သူသည်ယင်းသီချင်း၏ဉာဏမူပိုင်ခွင့်ကိုပါ ရရှိမည်ဖြစ်သောကြောင့် စိတ်ကြိုက်အကြိမ်ကြိမ် ပြန်တီး ပြန်ဆိုခွင့်ရှိသလို ရုပ်သံထုတ်လွှင့်ခွင့်နှင့် အခြားသူများကို သီဆိုခွင့် ပြုမပြုအထိ ပြုလုပ်နိုင်ကြောင်း ၎င်းကရှင်းပြသည်။

“သီချင်းတပုဒ်ဟာပေါက်ပြီးရင် နှစ်ပေါင်းများစွာအထိ ဉာဏမူပိုင်ခွင့်ကနေ ဝင်ငွေဝင်နေတာမို့ မူပိုင်ခွင့်ပါရတာဟာ သီချင်းပိုင်ရှင်အတွက် အကျိုးအမြတ်များစွာရရှိမှာပါ” ဟု လင်းနစ်ကပြောသည်။

ယင်းသီချင်းလေလံမှရရှိသည့်ငွေအားလုံးကို ရေဘေးအလှူအတွက် လှူဒါန်းမည်ဟု အသိပေးထားပြီး ပို့စ်တင်ပြီး တစ်နာရီအတွင်း ဒေါ်လာ ၁၀၀၀ အထိဈေးပေးထားသူရှိကြောင်း ၎င်းက​ပြောသည်။ မြန်မာစံ​တော်ချိန် စက်တင်ဘာ ၁၄ရက်နံနက် ၈ နာရီ ​ကျော်တွင် ​ဒေါ်လာ ၅၀၀၀ အထိ​ဈေး​ပေးထားသည်ကို​တွေ့ရသည်။

လေလံတွင်ပါဝင်လိုသူများအနေဖြင့် ယင်းပို့စ်အောက်တွင်ဖြစ်စေ ၊ လင်းနစ်၏ မက်ဆန်ဂျာ၌ ဖြစ်စေ လာရောက်ဈေးပေးနိုင်ကြောင်း ကြေညာထားသည်။

လင်းနစ်သည် နွေဦးတော်လှန်ရေး၌ ပြည်သူနှင့်အတူ ရပ်တည်ခဲ့သူတစ်ဦးဖြစ်ပြီး လက်ရှိတွင် အမေရိကန်နိုင်ငံ၌ နေထိုင်လျက်ရှိကာ တော်လှန်ရေးရန်ပုံငွေပွဲများတွင် ပါဝင်ဖျော်ဖြေပေးနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ဘေးနဲ့ သဘာဝဘေးဒဏ်ခံစားနေရတဲ့ အညာဒေသအပါအဝင် တိုင်းရင်းသားဒေသကပြည်သူတွေကို ကူညီပေးဖို့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို လန်ဒန်မြို့မှာ ပြုလုပ်မယ်လို့ တော်လှန်အနုပညာရှင် အဆိုတော် ချမ်းချမ်းက အသိ‌ပေးထားပါတယ်။

အတွေးအမြင်

ပြီးခဲ့တဲ့တပတ်က လူမှုကွန်ရက်စာမျက်နှာမှာ အမေရိကန်နိုင်ငံ၊ San Francisco Bay Area မှာ ကျင်းပခဲ့တဲ့ "အဝေးရောက် နတ်မင်းများ ဂီတနှင့်သရော်ပြဇာတ် အထူးဖျော်ဖြေပွဲ"အကြောင်း သတင်းတွေ မြင်ခဲ့ရတယ်။

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဝါဒဖြန့် "တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်" ဇာတ်လမ်းတို မိတ်ဆက်ပွဲမှာ ဒါရိုက်တာ ပန်းချီစိုးမိုးနဲ့ မင်းသားနေအောင်တို့ရဲ့ အင်တာဗျူးဖြေကြားချက်​တွေအ​ပေါ် ပြည်သူ​တွေကလူမှုကွန်ရက်မှာ ပြင်းပြင်းထန်​ထန်ဝေဖန်နေကြပါတယ်။

Facebook