Connect with us

Hi, what are you looking for?

သတင်း

ရေတာရှည်မြို့နယ်ရေဘေးသင့် ပြည်သူများအား PDF တပ်ရင်းတပ်ဖွဲ့များက စားနပ်ရိက္ခာများထောက်ပံ့

ရေဘေးကယ်ဆယ်ရေး လုပ်ဆောင်စဉ် PDF ရဲဘော်တစ်ဦးကျဆုံး၊ စစ်​ကောင်စီ၏ ပိတ်ဆို့မှုများ​ကြောင့် ​ရေ​ဘေးကယ်ဆယ်​ရေးမ​ရောက်၍ ပြည်သူများအာရုံစိုက်​ပေးရန် PDF ​တောင်းဆို

ရေတာရှည်မြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား စားနှပ်ရိက္ခာများထောက်ပံ့ပေးနေစဉ်။ ဓာတ်ပုံ - တပ်ရင်း ၃၅၀၁ တပ်ခွဲ- ၄

ဟန်နွေ/People’s Spring

ပဲခူးတိုင်း ရေတာရှည်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ဆန်နှင့်စားနပ်ရိက္ခာများ ထောက်ပံမှုကို အခြားသော တပ်ရင်းတပ်ဖွဲ့များနှင့်အတူ ပူးပေါင်း လုပ်ဆောင်လျက်ရှိဟု အဆိုပါမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ရင်း (၃၅၀၁) တပ်ခွဲ(၄) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ကို အီဗယ်က ပြောသည်။

ရေတာရှည်အရှေ့ခြမ်းဒေသတွင် လူများမျောပါပျောက်ဆုံးမှုရှိသည်အထိ ရေကြီးခဲ့ပြီး လက်ရှိတွင်လည်း ရေများလုံး၀ မကျသေးသည့် အခြေအနေဖြစ်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

” ပြည်သူတွေက ရေဘေးအတွက် လှူဒါန်းထားတဲ့ အလှူငွေလေးတွေကို ကျနော်တို့ စနစ်တကျ စီမံခန့်ခွဲပြီး ရေဘေးသင့်ပြည်သူတွေကို အချိုးကျပြန်လည်ဝေမျှပေးနေတာ ဖြစ်ပါတယ်ခင်ဗျာ။ လက်ရှိ အချိန်ထိ လူဦးရေတစ်ထောင်နီးပါး ရေဘေး ဒုက္ခခံစားနေရပြီး အစားအသောက် ၊ သောက်ရေနဲ့ ဆေးဝါးများအရေးပေါ် လိုအပ်နေပါသေးတယ်”ဟု ကိုအီဗယ်က ပြောသည်။

ဒေသတွင်း ရေဘေးကယ်ဆယ်ရေးနှင့် ပြည်သူများအား ထောက်ပံ့မှုကို PDF တပ်ရင်းတပ်ဖွဲ့များအတူ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုလည်း ရှင်းပြသည်။

“ဒီဘက်ဒေသမှာ အခြားသော တပ်ရင်းတပ်ဖွဲ့များဖြစ်တဲ့ ကီးကူစစ်ကြောင်း၊ နေပြည်တော် အလယ်ပိုင်းတိုင်းတပ်ရင်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေကြတာ။ ရေက အနည်းငယ် ပြန်ကျပေမယ့် ရေပြင်ကျယ်ကြီးအဖြစ်နဲ့ ရှိနေဆဲပါ။ နေပြည်တော် တပ်ရင်းကရဲဘော်တစ်ဦး ရေဘေးကယ်ဆယ်မှု ပြုလုပ်ရင်းနဲ့ ကျဆုံးရှိခဲ့ပါတယ်”ဟု ကိုအီဗယ်က ပြောသည်။

ရေတာရှည်မြို့နယ်အရှေ့ပိုင်း၌ ရေဘေးဆိုးရွားစွာ ကြုံခဲ့ရသည့် ကဲလင်းဆိပ်၊ ပိန္နဲပင်၊ ကျောက်ပုံ၊သစ်ချဆိပ်ကျေးရွာများသို့ ပြည်သူများက ရေဘေးအတွက် ထောက်ပံ့ထားသည့် အလှူငွေများဖြင့် ဆန်၊ စားသောက်စရာများ လှူဒါန်းပေးခဲ့ကြောင်း အသိပေးသည်။

အဆိုပါ ကျေးရွာများအနက် သစ်ချဆိပ်ရွာမှ မိသားစု သုံးဦးသည် ရေဘေးရှောင်ရင်း ရေစီးဖြင့်မျောပါ ပျောက်ဆုံးခဲ့ရကြောင်း ရေတာရှည်ဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် ကဲလင်းဆိပ်ကျေးရွာသည် စစ်ကောင်စီတပ်စစ်ကြောင်းက ယခု စက်တင်ဘာလဆန်းတွင် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့၍ ပြည်သူလူထု သေဆုံးထိခိုက်မှုရှိခဲ့သည့် ရွာဖြစ်သည်။ ပြည်သူများသည် စစ်ဘေးအပြင် ရေဘေးဒဏ် ရင်ဆိုင်နေကြရခြင်းဖြစ်သည်။

PDF ထိန်းချုပ်စိုးမိုးထားသည့် အဆိုပါဒေသသို့ ပြင်ပမှ ကူညီကယ်ဆယ်ရေးများ လာရောက်ခြင်းမရှိ၍ PDF ရဲဘော်များက ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေး လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

“စကစရဲ့ အဖက်ဖက်က ပိတ်ဆို့ထားတဲ့ အခြေနေတွေကြောင့် ဘာကယ်ဆယ်ရေးမှ မရောက် လာနိုင်တဲ့ အခြေနေမှာ အစစအရာရာ အရမ်းခက်ခဲနေတဲ့အတွက် ပြည်သူမျအနေနဲ့လည်း ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းဒေသကို အာရုံစိုက်ပေးကြဖို့ တောင်းဆိုလိုပါတယ်”ဟု ကိုအီဗယ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

Facebook