Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ ​ရေ​ဘေးကူညီရေးအစီအမံများအပေါ် ရေဘေးသင့်ပြည်သူများမယုံကြည်

စစ်ကောင်စီ၏ ကူညီကယ်ဆယ်ရေးပစ္စည်းများများသည် အမှန်တကယ်လိုအပ်သူများထံ မရောက်ကြောင်းနှင့် မျှမျှတတစီမံခန့်ခွဲမည်ဟု မယုံကြည်ကြောင်း နေပြည်တော်၊ ပဲခူးတိုင်း၊မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မှ ရေဘေးသင့်ပြည်သူများကပြောသည်။

စက်တင်ဘာ ၁၃ ရက်တွင်​ရေ​ဘေးသင့်​​နေရာများသို့သွား​ရောက်​နေသည်ဆို​သော အာဏာသိမ်း​ခေါင်း​ဆောင်နှင့် စစ်​ကောင်စီဝန်ထမ်းများ။ဓါတ်ပုံ-စစ်​ကောင်စီ

ယောနသံ/People’s Spring

စစ်ကောင်စီ၏ ကူညီကယ်ဆယ်ရေးပစ္စည်းများများသည် အမှန်တကယ်လိုအပ်သူများထံ မရောက်ကြောင်းနှင့် မျှမျှတတစီမံခန့်ခွဲမည်ဟု မယုံကြည်ကြောင်း နေပြည်တော်၊ ပဲခူးတိုင်း၊မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မှ ရေဘေးသင့်ပြည်သူများကပြောသည်။

ရေဘေးကြောင့်ထိခိုက်ဆုံးရှုံးမှုများအတွက် နိုင်ငံတကာမှအကူအညီများ ရယူနိုင်ရေးဆောင်ရွက်သွားမည်ဟု အာဏာသိမ်းခေါင်းဆောင်က ပြောထားပြီး ပြည်သူများထံမှလည်းအလှူခံနေသည်။လက်ရှိတွင် ရေဘေးသင့်ဒေသများအား စစ်ကောင်စီနှင့်လူမှုကူညီရေးအသင်းများ၊ အလှူ

Public Service Announcement

Public Service Announcement

ရှင်များက ကယ်ဆယ်ရေးပစ္စည်း ထောက်ပံ့နေကြပြီး စစ်ကောင်စီသည် စီမံခန့်ခွဲမှုအဆိုးဆုံးဖြစ်နေကာ နီးစပ်ရာကို လက်သိပ်ထိုးပေးနေမှုများရှိနေသည်ဟု နေပြည်တော်၊ တပ်ကုန်းမြို့မှ ရေဘေးသင့်သူတစ်ဦးကပြောသည်။

” မြို့နယ်အဆင့်တာဝန်ရှိသူဆိုလား ကားနဲ့လာသွားတယ်။ စစ်ကားတစ်စီးတိုက်စာ ကယ်ဆယ်ရေးပစ္စည်းတွေပါလာတယ်။ သူပြန်သွားတော့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ပစ္စည်းတွေဝေတဲ့အခါ သူတို့အမျိုးအဆွေတွေကို ပေးတာတွေပဲတွေ့ရတယ်။ တကယ်လိုအပ်နေသူတွေက မရခဲ့ကြဘူး” ဟု၎င်းက စက်တင်ဘာလ ၁၇ရက်​နေ့က ဖြစ်စဉ်ကို ပြန်ပြောသည်။

နေပြည်တော်တွင် တပ်ကုန်း၊ ပျဉ်းမနား၊ပုဗ္ဗသီရိ၊ ဇေယျာသီရိမြို့နယ်တို့တွင် ဆိုးရွားသည့်ရေဘေးကြုတွေ့ခဲ့ပြီး ရေဘေးကယ်ဆယ်ရေးအရေးပေါ်အခြေအနေတွင် စစ်ကောင်စီကလာရောက်ခြင်းမရှိခဲ့ဟု ဒေသခံများကပြောသည်။

ထိုအပြင် ​တပ်ကုန်းသို့ ​ရေ​ဘေးသင့်အကူအညီသွား​ရောက် လှူဒါန်း​သောပြည်သူအချို့ကိုစစ်​ကောင်စီတပ်က အလှူပစ္စည်းများကို​တောင်းယူပြီးတိုက်ရိုက်သွားမကူရန်တားမြစ်ခြင်း ၊စစ်​ကောင်စီ​လက်​အောက်ခံ အုပ်ချုပ်​ရေးမှူးနှင့်​နောက်လိုက်များက ၎င်းတို့အား​ပေးခဲ့ရန်​တောင်းခြင်း၊အလှူပစ္စည်းများမှ ကြိုက်ရာပစ္စည်းများ​ရွေးယူခြင်းစသဖြင့် တားဆီး၊ ပိတ်ပင် ၊အလွဲသုံးစားမှုများရှိ​နေ​ကြောင်း ​ရေ​ဘေးသင့်ပြည်သူများထံ ကိုယ်တိုင်သွား​ရောက်ခဲ့သူအချို့က​လည်းပြောသည်။

လက်ရှိရေကြီးနစ်မြုပ်နေဆဲ ပဲခူးတိုင်း၊တောင်ငူမြို့တွင်လည်း စစ်ကောင်စီစီခန့်အပ်ထားသည့် ရပ်ကျေးအုပ်ချုပ်ရေးမှုများသည် ရေ​ဘေးသင့်ပြည်သူများအား ခွဲခြားဆက်ဆံမှုများရှိနေကြောင်း ဒေသခံများကပြောသည်။

“ရေဘေးအတွက်လာပြီးကူညီတယ်ဆိုရင် ကျွန်တော်တို့လက်ထဲကို တိုက်ရိုက်ကူစေချင်တယ်။စကစအုပ်ကြီးတွေက ကောင်း ပေ့ဆိုတာတွေရွေးယူပြီးကာမှ ပိုတာကိုပြန်ဝေနေတယ်”ဟုတောင်ငူမြို့မှရေ ဘေးသင့်ပြည်သူတစ်ဦးကပြောသည်။

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းကလောမြို့တို့တွင်လည်း ရေဘေးကူညီကယ်ဆယ်ရေးအဖွဲ့များကို စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုများက တားမြစ်ခြင်း၊ ကယ်ဆယ်ရေးပစ္စည်းများအား ၎င်းတို့ထံအပ်နှံခဲ့ရန် တောင်းဆိုခြင်းများရှိနေကြောင်း သတင်းရရှိသည်။

စစ်ကောင်စီသည် ရေဘေးကြောင့် လူသေဆုံးမှုနှင့် ထိခိုက်ဆုံးရှုံးမှုစာရင်းများကိုလည်း သတင်းထိန်ချန်ဖုံးအုပ်နေ၍ နိုင်ငံတကာနှင့်အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် စောင့်ကြည့်ပေးရန် ရေဘေးသင့်ဒေသမှပြည်သူများကပြောသည်။

” စစ်တောင်းမြစ်အရှေ့ဘက်က ပြည်သူတွေကို မလှူဖို့ စစ်တပ်ကတားတယ်။ ဒီလိုစစ်တပ်ကို ဘယ်လိုနေရာမှာယုံရမှာလဲ”ဟု တောင်ငူမြို့ နယ်မှဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီသည် ပဲခူးတိုင်း နှင့် ကရင်နီပြည်နယ်မှ ၎င်းတို့ထိန်းချုပ်နိုင်ခြင်းမရှိသည့်မြို့နယ်များကို ရေဘေးကူညီကယ်ဆယ်ရေးမပြုလုပ်နိုင်ရန် တားမြစ်နေကြောင်း သတင်းရရှိသည်။

ရေဘေး‌ကြောင့်အရေးပေါ်အကူအညီလိုအပ်နေသော မြန်မာပြည်သူများအတွက် နိုင်ငံတကာအနေဖြင့် လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရာတွင် ပွင့်လင်းမြင်သာမှုရှိရန်၊ နိုင်ငံရေးနှင့် စစ်ရေးတို့အတွက် အမြတ်ထုတ်ခြင်းမခံရအောင် အထူးသတိပြုဆောင်ရွက်ပေးရန် NUGအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဝန်ကြီးဌာန (MOHADM)၊ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့က ကုလသမဂ္ဂ၊အီးယူ၊အာဆီယံနှင့်ပြည်တွင်းပြည်ပအဖွဲ့အစည်းများသို့ စက်တင်ဘာ ၁၇ ရက်တွင် ပူးတွဲတောင်းဆိုထုတ်ပြန်ခဲ့သည်။

ရေ ဘေးကြောင့် မန္တလေးတိုင်း ၊ ရှမ်းပြည်နယ် ၊ ကရင်နီပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင် ဒေသခံထောင်နှင့်ချီ၍ သေဆုံးပျောက်ဆုံးနေပြီး လူဦးရေ ၇၀၀,၀၀၀ထိခိုက်မည်ဟု NUG နှင့် တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့က ထုတ်ပြန်ထားသည်။ ရေဘေးသင့်ဒေသများတွင် အစားအစာ၊ သောက်သုံးရေ ၊ လူသုံးကုန်ပစ္စည်းများနှင့် အမိုးအကာများ ၊ ကျန်းမာရေးစောင့် ရှောက်မှု ၊ ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ၊ စိုက်ပျိုးမွေးမြူရေးများအပါအဝင် ပြန်လည်ထူထောင်ရေးနှင့် ပျက်စီးသွားသော နေအိမ်နှင့် အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ရေးအကူအညီများစွာလိုအပ်နေသည်ဟု ထုတ်ပြန်ချက်တွင်အသိပေးထားသည်။

ရေဘေးကြောင့် လူဦးရေခြောက်သိန်းကျော် အကူအညီလိုအပ်နေကြောင်း ကုလသမဂ္ဂကအထုတ်ဖော်ပြောကြားထားပြီး လူဦးရေငါးသိန်းခန့်အတွက် ဆန်၊ အားဖြည့်ဘီစကစ်များနှင့် အာဟာရများ ပါဝင်သည့် တစ်လစာ စားနပ်ရိက္ခာများကို ဘေးသင့်ပြည်သူများထံတိုက်ရိုက်ထောက်ပံ့ပေးသွားမည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က ယနေ့ (စက်တင်ဘာလ ၁၈ ရက်) တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မိုးရာသီရောက်တိုင်းရေဘေးနဲ့မြေပြိုမှုဘေးရင်ဆိုင်နေရတဲ့ကချင်ပြည် နယ်၊ဖားကန့်မြို့နယ်မှာသုံးရက်ခန့်မိုးကြီးပြီးတဲ့နောက်ဒီကနေ့(ဇွန်လ ၁၄ရက်)မနက်ပိုင်းကစပြီး ရပ်ကွက်နဲ့ကျေးရွာအချို့ရေဘေးကြုံတွေ့နေရပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာ ရေကြီးနစ်မြုပ်မှုဆက်တိုက်ရင်ဆိုင်နေရပြီး ယမန်နေ့(‌ဇွန်လ ၆ရက်)ကလည်း ရွှေညောင်မြို့မှာ တောင်ကျရေကြောင့် မြေနိမ့်ပိုင်းနေရာတွေ ရေကြီးမှုဖြစ်ခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ဘင်္ဂလားပင်လယ်အော်မှာမေလနှောင်းပိုင်းအတွင်းလေဖိအားနည်းရပ်ဝန်း ထပ်မံဖြစ်ပေါ်နိုင်ပြီး ရန်ကုန်တိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ မိုးကြီးနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MOSLHA )ကထုတ်ပြန်ပါတယ်။